စပိန်လာလီဂါပွဲစဉ် (၁၂) ပွဲကြိုသုံးသပ်ချက်

စပိန်လာလီဂါပွဲစဉ် (၁၂) ပွဲကြိုသုံးသပ်ချက်
Photo  Reuters
Photo Reuters
Published 2 November 2019

 

အက်စ်ပန်ညို - ဗလင်စီယာ (စနေညနေ ၆း၃၀ နာရီ)

နည်းပြ ပါရင်လက်ထဲမှာ အက်စ်ပန်ညို တက်ရိပ်တော့ပြ လာတယ်။ အထူးသဖြင့် ခံစစ်ပိုင်းကို ကျစ်လျစ်အောင်ဦးစားပေး ပြင်ဆင်နေတာမျိုးလည်း တွေ့နေရတယ်။ ဗလင်စီယာကလည်း အဝေးကွင်းမှာ ထိန်းကစားနိုင်ဖို့ပဲ ဦးစားပေးနေပြီး တိုက်စစ်က ဂိုးသွင်းနှုန်း အားနည်းနေတာတွေ့ရတယ်။ အခုနောက်ပိုင်း ဆိုရင် ထိန်းကစားနေတဲ့ကြားက ဂိုးတွေလည်းပေးနေရတာတွေ့ ရလို့ ကစားပုံတည်ငြိမ်စပြုလာနေတဲ့ အက်စ်ပန်ညိုကို အဝေး ကွင်းမှာ မနည်းထိန်းကစားရဦးမယ်ထင်တယ်။ လက်ရှိခြေစွမ်း အရတော့ ဂိုးနည်းသရေပွဲလို့ပဲထင်တယ်။

လီဗန်တေး - ဘာစီလိုနာ (စနေည ၉း၃၀ နာရီ)

လီဗန်တေးဟာ အိမ်ကွင်းမှာ  ဘာစီလိုနာကိုအခက်တွေ့ အောင်လုပ်ပြနိုင်လေ့ရှိ်တဲ့ အသင်းတွေထဲမှာပါတယ်။ အိမ် ကွင်းမှာ ဘာစီလိုနာကိုရင်ဆိုင်ခဲ့တဲ့ နောက်ဆုံး (၂)ကြိမ်စလုံး လည်း အနိုင်ရထားတယ်။ ဘာစီလိုနာကလည်း အဝေးကွင်းပွဲ တွေမှာ သတိကြီးကြီးထားကစားနေရတဲ့ အဆင့်မှာပဲရှိသေး တယ်။ အဝေးကွင်းနိုင်ပွဲတွေ ပြန်ယူနိုင်နေပေမယ့် ကစားပုံ အကောင်းကြီးမဟုတ်ဘဲ တိုက်စစ်က အခွင့်အရေးတွေအသုံး ချနိုင်လို့သာ နိုင်ပွဲတွေရထားတာဖြစ်တယ်။ ဒါပေမဲ့ နောက်ပိုင်း ကစားနေတဲ့ အဝေးကွင်းပွဲတွေမှာ ဘာစီလိုနာဟာ ခံစစ်ကို ပို သတိထားကစားလာနေတာတွေ့ရပြီး လာလီဂါအဝေးကွင်း နောက်ဆုံး (၂)ပွဲဆက် ဂိုးမပေးခဲ့ရဘူး။ လီဗန်တေးကလည်း ဒီရာသီ အိမ်ကွင်း (၁)ပွဲသာရှုံးပွဲရှိသေးပေမယ့် တိုက်စစ်ပိုင်း ကလည်း အိမ်ကွင်းမှာ သိပ်အားရစရာမရှိလှဘူး။ ဒီတော့ ဒီပွဲ မှာ အဓိကစောင့်ကြည့်ရမှာက ဘာစီလိုနာခံစစ် အလုပ်ဖြစ် မဖြစ် ဆိုတာပါပဲ။ ဘာစီလိုနာ ဂိုးပြတ်နိုင်ဖို့တော့မရှိနိုင်လို့ လီ ဗန်တေးနဲ့ ဂိုးအနည်းပဲ ကောင်းမယ်ထင်တယ်။ 

ဆီဗီလာ - အက်သလက်တီကို (စနေည ၁၂းဝ၀ နာရီ)

အိမ်ကွင်းကစားပုံအားကောင်းလာနေတဲ့ ဆီဗီလာကစား ပုံကြောင့် အက်သလက်တီကို အခက်တွေ့နိုင်တဲ့ပွဲပါပဲ။ အက် သလက်တီကိုခံစစ်မှာ ဒဏ်ရာပြဿနာတချို့ရှိနေပြီး တိုက်စစ် က ဂိုးသွင်းအားကိုလည်း သိပ်ပြီးမျှော်လင့်ထားလို့မရသေး ချိန်မှ ဆီဗီလာကို အဝေးကွင်းမှာ လာရင်ဆိုင်ရမှာကလည်း အက်သလက်တီကိုအတွက် စိန်ခေါ်မှုတစ်ခုပါပဲ။ ဆီဗီလာက တော့ ဒဏ်ရာရထားသူတွေလည်း ပြန်ကောင်းလာနေပြီး အိမ် ကွင်းကစားပုံလည်း သိသိသာသာတိုးတက်လာနေတယ်။ အောက်တိုဘာလအတွင်း ကစားထားတဲ့ ပြိုင်ပွဲစုံအိမ်ကွင်း (၄) ပွဲစလုံးအနိုင်ရထားတဲ့အပြင် အဲဒီ (၄)ပွဲစလုံး ပေးဂိုးမရှိ အောင် ကစားပြထားနိုင်တာက ဆီဗီလာရဲ့အိမ်ကွင်းတိုးတက်မှု ကို မြင်သာနေစေတယ်။ အက်သလက်တီကိုကတော့ ဒီပွဲမှာ အရင်အဝေးကွင်းကစားနေကျပုံစံအတိုင်း ဂိုးမပေးရရေးကိုပဲ ဦးစားပေးကစားသွားမယ့်ပုံပါပဲ။ ဒီအတွက် ဆီဗီလာအနေနဲ့ လည်း အက်သလက်တီကိုရဲ့ခံစစ်ကစားပုံကို ကျော်ဖြတ်နိုင် မလားလည်း တွေးရမယ်။ ဂိုးနည်းသရေပွဲလို့ပဲ မှန်းချင်တယ်။

ရီးယဲလ်မက်ဒရစ် - ဘက်တစ် (တနင်္ဂနွေနံနက် ၂း၃၀ နာရီ)

ဘာနေဗျူးမှာ နောက်ဆုံးတွေ့ခဲ့တဲ့ (၂)ကြိမ်စလုံး ဘက် တစ်ကို ရီးယဲလ် အရှုံးပေးထားရတယ်။ ဒါပေမဲ့ လက်ရှိဘက်တစ် ရဲ့ခြေစွမ်းက အရင်အသင်းတွေလို မဟုတ်တော့ပါဘူး။ လာလီ ဂါအသင်း (၂၀)ထဲ ပေးဂိုးအများဆုံးအသင်းအဖြစ် ရပ်တည်နေ ရတဲ့အထိ ဘက်တစ်ခံစစ်ကစားပုံက ဆိုးရွားနေပြီး အဝေးကွင်း နောက်ဆုံး (၃)ပွဲမှာ (၈)ဂိုးတောင် ပေးထားရတယ်။ ရီးယဲလ်က တော့ အခုထိ နည်းပြဇီဒန်း စိတ်ကြိုက်လူထုတ်ပုံ၊ ကစားကွက် မျိုးမရသေးဘူး။ အထူးသဖြင့် ဒဏ်ရာပြဿနာတွေကြောင့် အ သင်းအတွက် စိတ်ကြိုက်အထိုင်မရသေးဘဲ နေရာစုံမှာ အား နည်းချက်တွေရှိနေတုန်းပဲ။ ဒါပေမဲ့ အိမ်ကွင်းပွဲတွေကိုတော့ မရှုံးအောင်ကစားထားနိုင်ပုံတွေအရတော့ ဒီရာသီ ခြေစွမ်း ပျောက်ဆုံးနေတဲ့ ဘက်တစ်ကို ဖိအားပေးကစားနိုင်မှာ သေချာ ပါတယ်။ အထူးသဖြင့် ဘက်တစ်ခံစစ် အားနည်းလွန်းမှုက ရီး ယဲလ်တိုက်စစ်အတွက် မျှော်လင့်လို့ပိုကောင်းနေလို့ ရီးယဲလ်နဲ့ ဂိုးအများကိုပဲ ရွေးထားလိုက်တယ်။

 

Most Read

Most Recent