ဘုန်းမောက်နှင့်ပွဲတွင် မက်ဂွိုင်းရား၊ ရပ်ရှ်ဖို့ဒ်နှင့် လင်ဒီလော့ဖ်တို့ ပါဝင်ရန် မသေချာ

ဘုန်းမောက်နှင့်ပွဲတွင် မက်ဂွိုင်းရား၊ ရပ်ရှ်ဖို့ဒ်နှင့် လင်ဒီလော့ဖ်တို့ ပါဝင်ရန် မသေချာ
Photos: Getty Images
Photos: Getty Images
Published 1 November 2019

မန်ယူအသင်း၏ အားထားရသည့် ကစားသမားများဖြစ်သော မက်ဂွိုင်းရား၊ ရပ်ရှ်ဖို့ဒ်နှင့် လင်ဒီလော့ဖ်တို့အနေဖြင့် နိုဝင်ဘာ (၂)ရက်(စနေနေ့)တွင် ကစားမည့် ဘုန်းမောက်အသင်းနှင့်ပွဲ၌ ပါဝင်နိုင်ရန် မသေချာသေးကြောင်း နည်းပြ ဆိုးလ်ရှားက ဝန်ခံပြောကြားသည်။

၎င်းတို့(၃)ဦးသည် ချယ်လ်ဆီးအသင်းကို အဝေးကွင်း၌ အနိုင်ရသည့် လိဂ်ဖလား စတုတ္ထအဆင့်ပွဲတွင် ပါဝင်ကစားခဲ့ကြပြီး မက်ဂွိုင်းရား တစ်ဦးတည်းသာ မိနစ် (၉၀ ) အပြည့်ကစားနိုင်ခဲ့သော်လည်း လင်ဒီလော့ဖ်မှာ (၆၆)မိနစ်နှင့် ရပ်ရှ်ဖို့ဒ်မှာ မိနစ် (၈၀) တွင် လူစားလဲခဲ့ရသည်။ 

နိုဝင်ဘာ (၁) ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းတို့၏ ကြံ့ခိုင်မှုအခြေအနေကို သတင်းထောက်များက မေးမြန်းရာ ဆိုးလ်ရှားက "ပြောဖို့စောပါ သေးတယ်။ မနက်ဖြန်ကျရင် သူတို့ကို ကွင်းထဲမှာတွေ့ရဖို့ မျှော်လင့်ပါတယ်။ မနေ့က သူတို့ကို ကုသမှုတချို့ပြုလုပ်ပေးခဲ့ရပြီး ဒီနေ့လည်း အပေါ့စားလေ့ကျင့်မှု နည်းနည်းတော့ ထပ်လုပ်ရပါဦးမယ်။ ဘုန်းမောက်နဲ့ပွဲအတွက် သူတို့ အားလုံး အဆင်သင့်ဖြစ်နေဖို့တော့ မျှော်လင့်ပါတယ်။ အခုလောလောဆယ်မှာတော့ အတိ အကျ မပြောနိုင်သေးပါဘူး" ဟု ဖြေကြားခဲ့သည်။

မန်ယူအသင်း၏ ဒဏ်ရာနှင့် ကြံ့ခိုင်မှုအခြေအနေစောင့်ကြည့်ရမည့်စာရင်းတွင် ကစားသမား (၁၀) ဦးအထိ ပါဝင်နေပြီး မက်ဂွိုင်းရား၊ ရပ်ရှ်ဖို့ဒ်နှင့် လင်ဒီလော့ဖ်တို့အပြင် ပေါ့ဘာ (ခြေချင်းဝတ်)၊ ဘာယီ (ဒူး)၊ တွမ်ဇီဘီ (ပေါင်ခြံ)၊ မာတစ် (မသိရ)၊ လုခ်ရှော (ပေါင်)၊ ဖိုဆူမန်ဆာ (ဒူး) နှင့် ဒါလော့ (ပေါင်ခြံ) တို့မှာလည်း ဒဏ်ရာပြဿနာများကြောင့်အနားယူနေရကြောင်း သိရသည်။

Most Read

Most Recent