စိတ်ရောလူပါ ပင်ပန်းနေသဖြင့် စီရော်နယ်လ်ဒိုကို အနားပေးခြင်းဖြစ်ဟု ဆာရီ ရှင်းလင်း

စိတ်ရောလူပါ ပင်ပန်းနေသဖြင့် စီရော်နယ်လ်ဒိုကို အနားပေးခြင်းဖြစ်ဟု ဆာရီ ရှင်းလင်း
Published 28 October 2019

ဂျူဗင်တပ်စ်အသင်းနည်းပြ ဆာရီက တန်းတက်လက်ချီအသင်းနှင့်ပွဲတွင် စီရော်နယ်လ်ဒိုကို အနားပေးခဲ့ခြင်းမှာ စိတ်ရောလူပါ ပင်ပန်းနေခြင်းကြောင့်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

စီရော်နယ်လ်ဒိုမပါဝင်သည့် ဂျူဗင်တပ်စ်အသင်းသည် အဝေးကွင်း၌ လက်ချီအသင်းကို တစ်ဖက်သတ်အသာစီးယူ၍ ကစားနိုင်ခဲ့ပြီး ဒီဘားလား၏ (မိနစ် ၅၀၊ ပယ် နယ်တီ) သွင်းဂိုးဖြင့် ဦးဆောင်ခွင့်ရသော်လည်း ခြောက်မိနစ်အကြာမှာပင် ချေပဂိုး ပြန်ပေးရကာ တစ်ဂိုးစီသရေရလဒ်ဖြင့် ကျေ နပ်ခဲ့ရသည်။

သို့ဖြစ်ရာ စီရော်နယ်လ်ဒိုကို လူစာရင်းမှာပင် မထည့်သွင်းခြင်းနှင့်ပတ်သက်၍ ဆာရီက ''ရော်နယ်လ်ဒိုက ရုပ်ပိုင်း  ဆိုင်ရာအပြင် စိတ်ပိုင်းဆိုင်ရာပါ ပင်ပန်းနေ ပါတယ်။ ကစားသမားတစ်ယောက် ပင်ပန်း နွမ်းနယ်နေတဲ့အချိန်မှာ အကောင်းဆုံးက တော့ သူ့ကိုအနားပေးတာပါပဲ''ဟု ပြောကြားသည်။

ဂျူဗင်တပ်စ်အသင်းသည် အောက်တိုဘာ ၃၀ ရက်တွင် ပွဲစဉ် (၁၀) အဖြစ် ဂျီနိုအာအသင်းနှင့် အိမ်ကွင်းပွဲစဉ်ထပ်မံကစားရမည် ဖြစ်သည်။