မည်သည့်ပြိုင်ဘက်မဆို ဂရုစိုက်နေမည်မဟုတ်ဟု မက်ဂရီဂေါ် ပြောကြား

မည်သည့်ပြိုင်ဘက်မဆို ဂရုစိုက်နေမည်မဟုတ်ဟု မက်ဂရီဂေါ် ပြောကြား
Photos: Getty Images
Photos: Getty Images
Published 27 October 2019

UFC ပြိုင်ပွဲတွင် တစ်ကျော့ပြန် ယှဉ်ပြိုင်မည့် နာမည်ကြီး အိုင်ယာလန်ကစားသမား မက်ဂရီဂေါ်က မည်သည့်ပြိုင်ဘက်မဆို ဂရုစိုက်နေမည်မဟုတ်ကြောင်း ပြောကြားသည်။

UFC ဖယ်သာဝိတ်တန်းနှင့် လိုက်ဝိတ်တန်းချန်ပီယံဟောင်း မက်ဂရီဂေါ်သည် ပြီးခဲ့သည့်နှစ် အောက်တိုဘာက ကျင်းပသည့် UFC 229 ပြိုင်ပွဲတွင် လိုက်ဝိတ်တန်းချန်ပီယံ ခါဘစ်နာမာဂိုမီဒေါ့ဗ်ကို ရှုံးနိမ့်ပြီးနောက် တစ်နှစ်ကျော်ကြာ ပြိုင်ပွဲများနှင့် ဝေးကွာနေသူဖြစ်သည်။

၎င်းသည် ယခုနှစ်အစောပိုင်းတွင် MMA ကစားသမားဘဝမှ အနားယူတော့မည်ဟု ကြေညာခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၈ ရက်တွင် ပြန်လည်ထိုးသတ်မည်ဖြစ်ကြောင်း ပြီးခဲ့သည့်ရက်ပိုင်းက အတည်ပြုထုတ်ပြန်ခဲ့သည်။

"ရက်ကတော့ သဘောတူညီမှုရထားပါပြီ။ ကျွန်တော့်ရဲ့ပြိုင်ဘက်က ဘယ်သူပဲဖြစ်ဖြစ် ဂရုမစိုက်ပါဘူး။ ကျွန်တော့်မှာ ပြင်ဆင်ချိန် ၆၆ ရက်ရှိပါတယ်။ အခုအချိန်ကစပြီး စောစောအိပ်မယ်၊ စောစောထပါမယ်။ စနစ်တကျတည်ဆောက် ပြီးတော့ ချဉ်းကပ်တာက အောင်မြင်မှုရဲ့ သော့ချက်ပါပဲ။ ပွဲအတွက်ကိုပဲ အာရုံစိုက်ထားမှာပါ။ အရက်လည်း မသောက်တော့ပါဘူး" ဟု ၎င်းက ပြောကြားသည်။