ဘရာဇီးလ်အသင်းသည် နိုဝင်ဘာ ၁၅ ရက်တွင် ဆော်ဒီအာရေဗျနိုင်ငံ၌ ဒေသတွင်း အစဉ်အလာကြီးမားသည့်ပြိုင်ဘက် အာဂျင်တီးနားနှင့်လည်းကောင်း၊ နိုဝင်ဘာ ၁၉ ရက် တွင် ယူအေအီးနိုင်ငံ၌ တောင်ကိုရီးယားနှင့် လည်းကောင်း ခြေစမ်းကစားမည်ဖြစ်သည်။
ရီးယဲလ်အသင်း၏ လူငယ်ကြယ်ပွင့် ကစားသမား ရိုဒရီဂိုသည် နိုဝင်ဘာလအတွင်း ခြေစမ်းပွဲကစားမည့် ဘရာဇီးလ်အသင်း လူစာရင်းတွင် ပထမဆုံးအကြိမ် ရွေးချယ်ခံရကြာင်း သိရသည်။
ဘရာဇီးလ်အသင်းသည် နိုဝင်ဘာ ၁၅ ရက်တွင် ဆော်ဒီအာရေဗျနိုင်ငံ၌ ဒေသတွင်း အစဉ်အလာကြီးမားသည့်ပြိုင်ဘက် အာဂျင်တီးနားနှင့်လည်းကောင်း၊ နိုဝင်ဘာ ၁၉ ရက် တွင် ယူအေအီးနိုင်ငံ၌ တောင်ကိုရီးယားနှင့် လည်းကောင်း ခြေစမ်းကစားမည်ဖြစ်သည်။
ယင်းခြေစမ်းပွဲနှစ်ပွဲအတွက် ကစားသမား ၂၃ ဦးစာရင်းတွင် ရိုဒရီဂို ပထမဆုံးအကြိမ် ရွေးချယ်ခံရခြင်းဖြစ်ပြီး ၎င်း၏ရီးယဲလ်အသင်းဖော် ဗင်နီစီယပ်စ်မှာမူ ချန်လှပ်ခံခဲ့ရသည်။ ထို့ပြင် အောက်တိုဘာခြေစမ်းပွဲတွင် ဒဏ်ရာ ရရှိခဲ့သည့် နေမာလည်း ယခုစာရင်းတွင်ပါဝင်ခြင်းမရှိကြောင်း သိရသည်။