အီဘရာဟီမိုဗစ်ကို ခေါ်ယူလိုသည်ဟု နာပိုလီအသင်းဥက္ကဋ္ဌ ဒီလော်ရန်းတစ် ဝန်ခံ

အီဘရာဟီမိုဗစ်ကို ခေါ်ယူလိုသည်ဟု နာပိုလီအသင်းဥက္ကဋ္ဌ ဒီလော်ရန်းတစ် ဝန်ခံ
Photos: Getty Images
Photos: Getty Images
Published 25 October 2019

နာပိုလီအသင်း၏ဥက္ကဋ္ဌဖြစ်သူ ဒီလော်ရန်းတစ်က သူသည် LA ဂလက်ဆီအသင်း၏ ဝါရင့်တိုက်စစ်မှူး အီဘရာဟီမိုဗစ်အား အသင်းအတွက် ခေါ်ယူလိုသည်ဟု ဝန်ခံပြောကြားခဲ့သည်။ 

နာပိုလီအသင်း၏ဥက္ကဋ္ဌဖြစ်သူ ဒီလော်ရန်းတစ်က သူသည် LA ဂလက်ဆီအသင်း၏ ဝါရင့်တိုက်စစ်မှူး အီဘရာဟီမိုဗစ်အား အသင်းအတွက် ခေါ်ယူလိုသည်ဟု ဝန်ခံပြောကြားခဲ့သည်။ 

အီဘရာဟီမိုဗစ်သည် LA ဂလက်ဆီအသင်းထံသို့ ရောက်ရှိပြီးကတည်းက (၅၈)ပွဲကစားခဲ့ရာတွင် (၅၃)ဂိုးအထိ သွင်းယူနိုင်ခဲ့သူဖြစ်သည်။ 

အီဘရာဟီမိုဗစ်က မကြာသေးမီ က စီးရီအေတွင်ပြန်ကစားလိုသည်ဟုဝန်ခံခဲ့ရာ ဆရာဟောင်းဖြစ်သူ နာပိုလီအသင်းနည်းပြအန်ဆယ်လော့တီက ပြန်လည်ခေါ်ယူလိုနေသလို၊ ဥက္ကဋ္ဌ ဒီလော်ရန်းတစ်ကလည်း ယခုကဲ့သို့ ဝန်ခံပြောကြားခဲ့ခြင်းဖြစ်သည်။

ဒီလော်ရန်းတစ်က "အီဘရာဟီမိုဗစ်ဟာ အရမ်းတော်တဲ့ ကစားသမားပါ။ သူ့အနေနဲ့ ကွင်းအတွင်းမှာ လုပ်ပြနိုင်တာတွေ အများကြီး ရှိပါသေးတယ်။ သူက နာပိုလီအသင်းကို ချန်ပီယံဆုတွေအတွက် စိတ်ခွန်အားပေးသူဖြစ်လာနိုင်ပါတယ်။ အီဘရာဟီမိုဗစ်လို ကစားသမားမျိုးကို နည်းပြတိုင်းက လိုချင်ကြမှာပါ"ဟု ပြောကြားခဲ့သည်။

အသက် (၃၈)နှစ်အရွယ်ရှိ ဆွီဒင်ဝါရင့်တိုက်စစ်မှူး အီဘရာဟီမိုဗစ်သည် LA ဂလက်ဆီအသင်းနှင့်အတူ စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီဖြစ်ပြီး ၎င်းကိုခေါ်ယူရန် ဥရောပအသင်းများက စိတ်ဝင်စားနေကြကြောင်း သိရသည်။ 

အီဘရာဟီမိုဗစ်က မိမိအနေဖြင့် ချန်ပီယံဆုများကို စိန်ခေါ်နိုင်သည့်အသင်းများသို့ ပြောင်းရွှေ့လိုကြောင်းနှင့် စီးရီးအေပြိုင်ပွဲတွင် တစ်ရာသီ ဂိုး (၂၀)ခန့် သွင်းယူနိုင်စွမ်းရှိသေးသည်ဟု ပြောကြားခဲ့သည်။

 

Most Read

Most Recent