စတာလင်သည် ကမ္ဘာ့အကောင်းဆုံး (၅)ဦးစာရင်းတွင် ပါဝင်နေပြီဖြစ်ကြောင်း ရီယိုဖာဒီနန် ချီးကျူး

စတာလင်သည် ကမ္ဘာ့အကောင်းဆုံး (၅)ဦးစာရင်းတွင် ပါဝင်နေပြီဖြစ်ကြောင်း ရီယိုဖာဒီနန် ချီးကျူး
Photos: Getty Images & Sky Sports
Photos: Getty Images & Sky Sports
Published 25 October 2019

မန်ယူအသင်း၏ ဂန္ထဝင်ကစားသမားဟောင်းနှင့် လက်ရှိအချိန်တွင် ရုပ်သံသုံးသပ်သူအဖြစ် ဆောင်ရွက်နေသည့် ရီယိုဖာဒီနန်က မြို့ခံပြိုင်ဘက်မန်စီးတီးအသင်း၏ တောင်ပံတိုက်စစ်ကစားသမား စတာလင်သည် လက်ရှိပရီးမီးယားလိဂ်တွင်အကောင်းဆုံးကစားသမားဖြစ်ကြောင်းနှင့် ကမ္ဘာ့အကောင်းဆုံးကစားသမား (၅)ဦးစာရင်းတွင်ပါဝင်နေပြီဟု ပြောကြားခဲ့သည်။

အတ္တလန်တာအသင်းနှင့် ပွဲစဉ်တွင် ဟက်ထရစ်သွင်းယူခဲ့သည့် စတာလင်အား ရီယိုဖာဒီနန်က "စတာလင်က ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးကစားသမားဖြစ်ပြီး၊ လက်ရှိကမ္ဘာ့အကောင်းဆုံးကစားသမား (၅)ဦးစာရင်းဝင်နေပါပြီ"ဟု ပြောကြားခဲ့သည်။ 

ထို့ပြင် ဖာဒီနန်က စတာလင်သည် ဂွါဒီယိုလာ၏ လက်အောက်တွင် တစ်ဟုန်ထိုးတိုးတက်လာခဲ့ပြီဖြစ်ပြီး ယခုအချိန်တွင် ဟာဇက်နှင့် ကော်တင်ဟိုတို့ထက်ပိုမိုကောင်းမွန်သည့် ကစားသမားဖြစ်နေပြီဟုလည်း ချီးကျူးပြောကြားခဲ့သည်။

စတာလင်သည် အတ္တလန်တာနှင့် ပွဲတွင် ဟက်ထရစ်သွင်းယူခဲ့သည့်အပြင် အဂွဲရိုးသွင်းယူခဲ့သည့် ဂိုးနှစ်ဂိုးကိုလည်း ဖန်တီးပေးခဲ့သူဖြစ်ပြီး ယင်းပွဲသည် သူ၏ ကစားသမားဘဝတွင် အကောင်းဆုံးပွဲတစ်ပွဲဖြစ်သည်ဟု မီဒီယာများကလည်း ချီးကျူးနေသည်။ 

ဖာဒီနန်က စတာလင်မှာ အသက် (၂၄) နှစ်သာရှိသေးသဖြင့် ပိုမိုတိုးတက်လာဦးမည်ဟုလည်း ဆိုခဲ့သည်။ စတာလင်သည် ယခုရာသီတွင် မန်စီးတီးအသင်းအတွက် (၁၃)ပွဲတွင် (၁၂)ဂိုး သွင်းယူပေးထားသည်။

Most Read

Most Recent