လူကာကူနှင့် လော်တာရိုမာတီနက်ဇ်တို့မှာ ပိုမိုတိုးတက်လာဦးမည်ဟု အင်တာမီလန်အသင်းနည်းပြ ကွန်တီ ချီးကျူး

လူကာကူနှင့် လော်တာရိုမာတီနက်ဇ်တို့မှာ ပိုမိုတိုးတက်လာဦးမည်ဟု အင်တာမီလန်အသင်းနည်းပြ ကွန်တီ ချီးကျူး
Photos: Getty Images
Photos: Getty Images
Published 23 October 2019

ကွန်တီသည် အင်တာမီလန်အသင်းတွင် ၃-၅-၂ ကစားကွက်တွင် တိုက်စစ်၌ လူကာကူနှင့် မာတီနက်ဇ်တို့ကို တွဲဖက်အသုံးပြုလျက်ရှိသည်။ ကွန်တီက လူကာကူမှာ အသင်းလိုက်ကစားတတ်သူဖြစ်ပြီး ယင်းအချက်က တွဲဖက်တိုက်စစ်မှူးဖြစ်သူ လော်တာရိုမာတီနက်ဇ်ကို ထိပ်တန်းအဆင့်သို့ ရောက်အောင် ကူညီပေးနိုင်လိမ့်မည်ဟု ဆိုခဲ့သည်။

အင်တာမီလန်အသင်းနည်းပြ ကွန်တီက ယခုရာသီတွင် ခြေစွမ်းပြနေကြသည့် အသင်းတိုက်စစ်တွဲဖြစ်သော လူကာကူနှင့် လော်တာရိုမာတီနက်ဇ်တို့ကို ချီးကျူးခဲ့ပြီး ၎င်းတို့မှာ ပိုမိုတိုးတက်လာဦးမည်ဟု ပြောကြားခဲ့သည်။

ကွန်တီသည် အင်တာမီလန်အသင်းတွင် ၃-၅-၂ ကစားကွက်တွင် တိုက်စစ်၌ လူကာကူနှင့် မာတီနက်ဇ်တို့ကို တွဲဖက်အသုံးပြုလျက်ရှိသည်။ ကွန်တီက လူကာကူမှာ အသင်းလိုက်ကစားတတ်သူဖြစ်ပြီး ယင်းအချက်က တွဲဖက်တိုက်စစ်မှူးဖြစ်သူ လော်တာရိုမာတီနက်ဇ်ကို ထိပ်တန်းအဆင့်သို့ ရောက်အောင် ကူညီပေးနိုင်လိမ့်မည်ဟု ဆိုခဲ့သည်။

.

ကွန်တီက "လူကာကူဟာ အသင်းနဲ့လိုက်လျောညီထွေရှိတဲ့ကစားသမားဆိုတာ သေချာပါတယ်။ ဂိုးတွေသွင်းပြီးရင် လူကာကူဟာ ကွင်းအတွင်းက အသင်းဖော်တွေ၊ အရန်ခုံက အသင်းဖော်တွေနဲ့အတူ အောင်ပွဲခံလေ့ရှိပါတယ်။ မီဒီယာတွေက လူကာကူနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ချီးကျူးမှုတွေကို လွယ်လွယ်နဲ့ ပြုလုပ်နေကြပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ အသင်းမှာ လူကာကူ ရှိနေတာကို ကျေနပ်ပါတယ်။ လော်တာရိုမာတီနက်ဇ်ကတော့ ကြိုးစားဖို့ လိုနေပါသေးတယ်။ ဂိုးတွေသွင်းနိုင်တာကောင်းပေမယ့် တခြားအရာတွေကိုလည်း သိထားဖို့လိုပါတယ်။ သူ့အနေနဲ့ ထိပ်တန်းအဆင့်ကို တက်လှမ်းဖို့ စွမ်းရည်တွေရှိပါတယ်။ လူကာကူက မာတီနက်ဇ်ကို တိုးတက်အောင် ကူညီနိုင်ပြီး သူတို့တိုက်စစ်ပွဲက ပိုတိုးတက်ပြီး ပိုကောင်းလာဦးမှာပါ" ဟု ဆိုခဲ့သည်။

လူကာကူနှင့် မာတီနက်ဇ်တို့သည် ယခုရာသီတွင် စီးရီးအေပြိုင်ပွဲ၌ နှစ်ဦးပေါင်း (၉)ဂိုးသွင်းယူထားသည်။

Most Read

Most Recent