ပရိသတ်များ၏လှောင်ပြောင်မှုကို အက်သလက်တီကိုနည်းပြ ဆီမြွန်နီ စိတ်မပျက်

ပရိသတ်များ၏လှောင်ပြောင်မှုကို အက်သလက်တီကိုနည်းပြ ဆီမြွန်နီ စိတ်မပျက်
Photos: AFP,Getty Images
Photos: AFP,Getty Images
Published 23 October 2019

မနေ့ က ကစားခဲ့သည့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ် အက်သလက်တီကို (၁-၀) လေဗာကူဆင်ပွဲတွင် အက်သလက်တီကို အသင်းပရိသတ်အချို့သည် အသင်းကို လှောင်ပြောင်အော်ဟစ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

 

အက်သလက်တီကိုမက်ဒရစ် အသင်းနည်းပြ ဆီမြွန်နီက အသင်းပရိသတ်များ၏ လှောင်ပြောင်မှုများကို စိတ်မပျက်ကြောင်းနှင့် လှောင်ပြောင်သံများကို လက်ခုပ်သံများဖြစ်အောင် ကြိုစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မနေ့ က ကစားခဲ့သည့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ် အက်သလက်တီကို (၁-၀) လေဗာကူဆင်ပွဲတွင် အက်သလက်တီကို အသင်းပရိသတ်အချို့သည် အသင်းကို လှောင်ပြောင်အော်ဟစ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

သို့သော် ဆီမြွန်နီက လေဗာကူဆင်နှင့်ပွဲမှ အသင်းကစားသမားများ၏ စွမ်းဆောင်မှုကို ကျေနပ်ကြောင်း ဆိုခဲ့သည်။ ဆီမြွန်နီက "လူတွေကတော့ လက်ရှိရလဒ်ပိုင်းကိုကြည့်ပြီး တုံ့ပြန်နေကြမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ ပရိသတ်တွေရဲ့ လှောင်ပြောင်မှုတွေကို လက်ခုပ်သံဖြစ်အောင် ကြိုးစားနေပါ တယ်။ လေဗာကူဆင်နဲ့ပွဲက ကစားသမားတွေရဲ့အားထုတ်မှုကိုကျေနပ်မှုအပြည့်ရှိပါတယ်" ဟု ပြောကြားခဲ့သည်။

 

Most Read

Most Recent