စာချုပ်သစ်ချုပ်ဆိုရန် ဆွေးနွေးမည်ဟု နာပိုလီတိုက်စစ်မှူး မီလစ်ခ် အတည်ပြု

စာချုပ်သစ်ချုပ်ဆိုရန် ဆွေးနွေးမည်ဟု နာပိုလီတိုက်စစ်မှူး မီလစ်ခ် အတည်ပြု
Photos: Getty Images
Photos: Getty Images
Published 23 October 2019

မီလစ်ခ်သည် နာပိုလီအသင်းနည်းပြ အန်ဆယ်လော့တီ၏ ဦးစားပေး တိုက်စစ်မှူးတစ်ဦးမဟုတ်ဘဲ ဗီရိုနာအသင်းနှင့်ပွဲတွင်မှ လက်ရှိရာသီ၏ ပထမဆုံးဂိုးသွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ 

 

ပြီးခဲ့သည့်ဗီရိုနာအသင်းနှင့် စီးရီးအေပွဲစဉ်တွင် နာပိုလီအသင်းအတွက် (၂)ဂိုးသွင်းယူနိုင်ခဲ့သော တိုက်စစ်မှူး မီလစ်ခ်က စာချုပ်သစ်ချုပ်ဆိုရန် ဆွေးနွေးမှုများ ပြုလုပ် သွားမည်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။ 

မီလစ်ခ်သည် နာပိုလီအသင်းနည်းပြ အန်ဆယ်လော့တီ၏ ဦးစားပေး တိုက်စစ်မှူးတစ်ဦးမဟုတ်ဘဲ ဗီရိုနာအသင်းနှင့်ပွဲတွင်မှ လက်ရှိရာသီ၏ ပထမဆုံးဂိုးသွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ 

မီလစ်ခ်က " ဒီရာသီရဲ့ ပထမဆုံးဂိုးသွင်းယူနိုင်ခဲ့လို့ ကျွန်တော်ပျော်ရွှင်ရတယ်။ ပြီးတော့ နာပိုလီအသင်းလည်း နိုင်ခဲ့လို့ပိုပြီးပျော်ရွှင်ရပါတယ်။ ကျွန်တော်ပွဲတွေ ပိုကစားပြီး ဂိုးတွေပိုသွင်းချင်ပါတယ်။ နာပိုလီအသင်းမှာ ကျွန်တော် နေသားကျနေပြီး စာချုပ်သစ်ချုပ်ဆိုဖို့ မကြာခင် ဆွေးနွေးသွားပါမယ်" ဟု ပြောကြားခဲ့သည်။

 

Most Read

Most Recent