လက်စတာအသင်းကို ပရီးမီးယားလိဂ်ချန်ပီယံဆုရယူပေးခဲ့သည့် ရာနီရေရီကို နည်းပြသစ်အဖြစ် ဆမ်ဒိုးရီးယားအသင်း ခန့်အပ်

လက်စတာအသင်းကို ပရီးမီးယားလိဂ်ချန်ပီယံဆုရယူပေးခဲ့သည့် ရာနီရေရီကို နည်းပြသစ်အဖြစ် ဆမ်ဒိုးရီးယားအသင်း ခန့်အပ်
Photos: Getty Images & Twitter
Photos: Getty Images & Twitter
Published 12 October 2019

အီတလီကလပ် ဆမ်ဒိုးရီးယားအသင်းသည် လက်စတာအသင်းကို ပရီးမီးယားလိဂ်ချန်ပီယံဆုရယူပေးခဲ့သည့် အီတလီလူမျိုးနည်းပြ ရာနီရေရီကို အသင်းနည်းပြအဖြစ် ခန့်အပ်ခဲ့ကြောင်း သိရသည်။ 

အီတလီကလပ် ဆမ်ဒိုးရီးယားအသင်းသည် လက်စတာအသင်းကို ပရီးမီးယားလိဂ်ချန်ပီယံဆုရယူပေးခဲ့သည့် အီတလီလူမျိုးနည်းပြ ရာနီရေရီကို အသင်းနည်းပြအဖြစ် ခန့်အပ်ခဲ့ကြောင်း သိရသည်။ 

ဆမ်ဒိုးရီးယားအသင်းသည် အသက် (၆၇)နှစ်အရွယ်ရှိ ၀ါရင့်နည်းပြ ရာနီရေရီကို အောက်တိုဘာ (၁၂)ရက်က အသင်းနည်းပြအဖြစ် ခန့်အပ်ခဲ့ခြင်း စာချုပ်သက်တမ်းမှာ ၂၀၂၁ ခုနှစ်အထိ ဖြစ်သည်။ 

ဆမ်ဒိုရီးယားအသင်းသည် ယခုရာသီ စီးရီးအေပွဲစဉ် (၇)အပြီးတွင် (၁)ပွဲနိုင်၊ (၆)ပွဲရှုံးကာ ရမှတ် (၃)မှတ်ဖြင့် အမှတ်ပေးဇယားအောက်ဆုံး၌ ရပ်တည်နေသည်။ 

ထို့ကြောင့် ဆမ်ဒိုးရီးယားအသင်းသည် နည်းပြ ဒီဖရန်ဆက်စကိုအား ရာထူးမှထုတ်ပယ်ပြီး ယခုအခါ ရာနီရေရီကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ 

ရာနီရေရီသည် ဆမ်ဒိုးရီးယားအသင်းကို အောက်တိုဘာ (၂၀)ရက်နေ့တွင် အိမ်ကွင်း၌ ကစားမည့် ရိုးမားအသင်းနှင့် စီးရီးအေပွဲစဉ်တွင် စတင်ကိုင်တွယ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

အီတလီလူမျိုးနည်းပြ ရာနီရေရီသည် နည်းပြဘဝကို ၁၉၈၆ ခုနှစ်တွင် အီတလီကလပ် လာမီဇီယာအသင်း၌ စတင်ခဲ့ပြီး နာပိုလီ၊ ဗလင်စီယာ၊ အက်သလက်တီကိုမက်ဒရစ်၊ ချယ်လ်ဆီး၊ ဂျူဗင်တပ်စ်၊ အင်တာမီလန်၊ ရိုးမားတို့ကဲ့သို့ ထိပ်တန်းအသင်းများအပါအဝင် ကလပ်အသင်းပေါင်းများစွာ ကိုင်တွယ်ခဲ့ဖူးသည်။ 

ရာနီရေရီ၏ နည်းပြဘဝ အကြီးမားဆုံးအောင်မြင်မှုမှာ လက်စတာအသင်းကို ကိုင်တွယ်စဉ်က ၂၀၁၅-၁၆ ရာသီတွင် ပရီးမီးယာားလိဂ်ပြိုင်ပွဲ၌ ထိပ်သီးအသင်းကြီးများကို ကျော်ဖြတ်ကာ ချန်ပီယံဆုကို ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ရာနီရေရီသည် ဗလင်စီယာအသင်းကို ကိုင်တွယ်စဉ်ကလည်း စပိန်ဘုရင့်ဖလား၊ UEFA အင်တာတိုတိုဖလားနှင့် UEFA စူပါဖလားများကို ရယူနိုင်ခဲ့ကြောင်း သိရသည်။ 

 

Most Read

Most Recent