အမေရိကန်နှင့်မြောက်ကိုရီးယားနျူကလီးယားဆွေးနွေးပွဲများ လာမည့်စနေနေ့တွင် ပြန်စမည်
ဖေဖော်ဝါရီလက ဗီယက်နမ်မှာပြုလုပ်တဲ့ကင်ဂျုံအန်နဲ့ဒေါ်နယ်ထရန့်တို့ရဲ့ ဒုတိယအကြိမ်ထိပ်သီးအစည်းအဝေး ဘာသဘောတူညီချက်မှမရဘဲပြီးသွားပြီးကတည်းက မြောက်ကိုရီးယားနဲ့ အမေရိကန်ကြား နျူကလီးယားလက်နက်ဖျက်သိမ်းရေးဆွေးနွေးပွဲတွေ ရပ်တန့်နေခဲ့တာဖြစ်ပါတယ်။











