ဟောင်ကောင်မြို့သူမြို့သားများကို ကာကွယ်စောင့်ရှောက်ပေးရန် ဆန္ဒပြသူများက ဗြိတိန်ကို တောင်းဆို

ဟောင်ကောင်မြို့သူမြို့သားများကို ကာကွယ်စောင့်ရှောက်ပေးရန် ဆန္ဒပြသူများက ဗြိတိန်ကို တောင်းဆို
စက်တင်ဘာ ၁၅ ရက်က ဟောင်ကောင်မြို့ ဗြိတိန်ကောင်စစ်ဝန်ရုံးအပြင်ဘက်တွင် စာတန်းများနှင့် ဗြိတိန်အလံများကို ဆန္ဒပြသူများက ကိုင်ဆောင်ထားစဉ် (Photo: AP)
စက်တင်ဘာ ၁၅ ရက်က ဟောင်ကောင်မြို့ ဗြိတိန်ကောင်စစ်ဝန်ရုံးအပြင်ဘက်တွင် စာတန်းများနှင့် ဗြိတိန်အလံများကို ဆန္ဒပြသူများက ကိုင်ဆောင်ထားစဉ် (Photo: AP)
Published 15 September 2019
Ref: AFP

စက်တင်ဘာ ၁၅ ရက်၌ ဒီမိုကရေစီရေး ဆန္ဒပြသူများသည် ဟောင်ကောင်မြို့သူမြို့သားများကို ကာကွယ်စောင့်ရှောက်ပေးရန်နှင့် လွတ်လပ်ခွင့်များ လျော့ပါးလာစေခြင်း နှင့်ပတ်သက်၍ တရုတ်ကို ဖိအားပေးမှု မြှင့် တင်ရန် ဗြိတိန်ကို တောင်းဆိုလျက် ဟောင်ကောင်ရှိ ဗြိတိန်ကောင်စစ်ဝန်ရုံးအပြင်ဘက် တွင် စုဝေးဆန္ဒပြခဲ့ကြသည်။

ရာနှင့်ချီသော ဆန္ဒပြသူများသည် ဗြိတိန်၏ ယူနီယံဂျက်အလံများနှင့် ဟောင်ကောင်၏ ကိုလိုနီခေတ်အလံများကို ဝှေ့ ယမ်းလျက် “God Save the Queen နှင့် “Rule Britannia” သီချင်းများကို ကောင်စစ်ဝန်ရုံးအပြင်ဘက်၌ သီဆိုခဲ့ကြသည်။

တစ်ချိန်က တည်ငြိမ်အေးချမ်းခဲ့သည့် နိုင်ငံတကာစီးပွားရေး အချက်အချာကျရာ နေရာသည် ကြီးမားသော တစ်ခါတစ်ရံ အကြမ်းဖက်သော စုဝေးမှုများ ဖြစ်ပေါ်လျက် ဒီမိုကရေစီလွတ်လပ်ခွင့်များ ပိုပေးရန်နှင့် ရဲ တပ်ဖွဲ့အနေဖြင့် တာဝန်ခံမှုရှိရန် တောင်းဆို နေသည်မှာ သီတင်းပတ်ပေါင်း အတန်ကြာ ခဲ့ပြီဖြစ်သည်။

ယင်းလှုပ်ရှားမှုများသည် ဟောင်ကောင်ကို ဗြိတိန်က တရုတ်သို့ လွှဲပြောင်း ပေးခဲ့သည့် ၁၉၉၇ ခုနှစ်နောက်ပိုင်း တရုတ် တို့၏ အုပ်စိုးမှုအပေါ် အကြီးမားဆုံး စိန် ခေါ်မှုဖြစ်ပြီး ဒေသခံခေါင်းဆောင်များနှင့် တရုတ်အစိုးရတို့က သဘောထားတင်းမာ လျက်ရှိသောကြောင့် အဆုံးသတ်သွားမည့် လက္ခဏာများ တွေ့ရှိရခြင်း မရှိသေးပေ။

၁၉၉၇ ခုနှစ် ဟောင်ကောင်ကို တရုတ် သို့ လွှဲပြောင်းပေးခြင်းမပြုမီ ဗြိတိန်နှင့် လက် မှတ်ရေးထိုးထားသော သဘောတူညီချက် တစ်ရပ်အရ ဟောင်ကောင်ကို နှစ် ၅၀ အ တွင်း သူ၏ သီးခြားလွတ်လပ်ခွင့်များအား ဆက်လက်ခွင့်ပြုထားပေးရမည်ဖြစ်သည်။

တရုတ်အစိုးရသည် တစ်စိတ်တစ်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေအပေါ် နိုင်ငံ ရေးထိန်းချုပ်မှုများ တင်းကျပ်ခြင်း၊ အထွေထွေမဲပေးပိုင်ခွင့်အတွက် တောင်းဆိုမှုများ ကို ငြင်းပယ်ခြင်းတို့ဖြင့် ယင်းကတိများကို ချိုးဖောက်သည်ဟု ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားသူများက  စွပ်စွဲပြောကြားခဲ့သည်။

ဆန္ဒပြပွဲတွင် ဖော်ထုတ်ပြသခဲ့သော အမှတ်လက္ခဏာများစွာတို့သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တရုတ်မြို့အပေါ် တင်းကျပ်စွာ အုပ်ချုပ်ခြင်းနှင့် ပတ်သက်၍ တရုတ်အစိုး ရကို လုံလောက်စွာ ထိပ်တိုက်ရင်ဆိုင်ခြင်း မရှိဟု ဗြိတိန်ကို စွပ်စွဲထားသည်။

“တရုတ် - ဗြိတိန် ပူးတွဲကြေညာချက်ဟာ တရားမဝင် ဖြစ်သွားပြီ”ဟု စာတန်းတစ် ခုက ဟောင်ကောင်အား လွှဲပြောင်းမှုကို လမ်းခင်းပေးခဲ့သည့် ၁၉၈၄ ခုနှစ် သဘော တူညီချက်ကို ရည်ညွှန်းခဲ့သည်။ ယင်းသည် ဟောင်ကောင်သားများအနေဖြင့် ပြောခဲ့ သည့်အတိုင်း ပေးအပ်ခြင်း မခံခဲ့ရသော သဘောတူညီချက်လည်းဖြစ်သည်။

“ဗြိတိန်က ကျွန်တော်တို့ကို ထောက်ခံ ကူညီဖို့ ဘာမှ မလုပ်ခဲ့တဲ့အချက်ကို အခုထိ ကျွန်တော် စိတ်ပျက်လို့မဆုံးဘူး”ဟု ဆန္ဒပြ သူတစ်ဦးဖြစ်သော မကြာသေးမီကမှ တက္က သိုလ်မှ ဘွဲ့ရရှိထားသူ အဲလက်စ်လျောင်က ပြောကြားခဲ့သည်။

မြို့မှ ထွက်ခွာလိုကြသော ဟောင်ကောင်သားများကို ဗြိတိန် သို့မဟုတ် အခြား ဗြိတိသျှ ဓနသဟာရ နိုင်ငံတစ်နိုင်ငံက နိုင်ငံသားဖြစ်ခွင့် အာမခံရန်လည်း ဆန္ဒပြသူအများအပြားက တောင်းဆိုခဲ့ကြသည်။

ဟောင်ကောင်အား လွှဲပြောင်းပေးခြင်း မပြုမီ ဟောင်ကောင်သားအချို့ကို ဗြိတိသျှ ပြည်ပနိုင်ငံသား (BNO) ပတ်စ်ပို့များ ထုတ်ပေးခဲ့ပြီး ယင်းအထောက်အထားသည် ကိုင်ဆောင်ထားသူအား ဗြိတိန်သို့ အလွယ်တကူ ခရီးသွားခွင့်ရစေသော်လည်း အလုပ်လုပ်ခွင့် သို့မဟုတ် နေထိုင်သူအခွင့်အရေးများ ပေးမထားပေ။ “အနည်းဆုံး အပြည့်အဝ နိုင်ငံသားအဖြစ် ပေးလိုက်ရင် ဟောင်ကောင် ပြည်သူတွေကို တရုတ်အစိုးရဆီကနေ သူတို့ ကာကွယ်စောင့်ရှောက်ပေးနိုင်မှာပါ”ဟု BNO ပတ်စ်ပို့ ကိုင်ဆောင်ထားသည့် ဆန္ဒ ပြသူတစ်ဦး ဖြစ်သော အန်သိုနီချူးက ပြော ကြားခဲ့သည်။                                

 

 

 

Most Read

Most Recent