မျက်ရည်ကျစရာပင် မရှိတော့တဲ့ အခြေခံလူတန်းစားများ၏ နေ့စဉ်ဘဝ

မျက်ရည်ကျစရာပင် မရှိတော့တဲ့ အခြေခံလူတန်းစားများ၏ နေ့စဉ်ဘဝ
ရန်ကုန်မြို့ ကားလမ်းဆုံတစ်ခုတွင် ရေသန့်ဘူးရောင်းနေသော ကလေးတစ်ဦးကို တွေ့ရစဉ် (ဓာတ်ပုံ-နေဝန်းထက်)
ရန်ကုန်မြို့ ကားလမ်းဆုံတစ်ခုတွင် ရေသန့်ဘူးရောင်းနေသော ကလေးတစ်ဦးကို တွေ့ရစဉ် (ဓာတ်ပုံ-နေဝန်းထက်)
Published 15 September 2019
နေဝန်းထက်

ပြီးခဲ့သည့် ရက်သတ္တပတ်တွေတုန်းက မြန်မာနိုင်ငံရဲ့ နာမည်ကြီး သန်းကြွယ်သူဌေး တစ်ယောက် ပြောခဲ့တဲ့ ညည်းညူပြောဆိုမှု တစ်ခုဟာ လူတွေကြားမှာ ပြောစမှတ် ပြုစရာတစ်ခုအဖြစ် ရေပန်းစား သတင်းတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။လက်ရှိ အချိန်အထိ တစ်ရက်ဝင်ငွေ သန်းနဲ့ချီပြီး ရှိနေဆဲဖြစ်တဲ့ အဲဒီ သန်းကြွယ်သူဌေးက မျက်ရည်တောက်တောက် ကျရတဲ့အထိ စီးပွားရေး မပြေလည်မှုတွေ ရှိနေတယ်ဆိုတဲ့ စကားကို ပြောထွက်လာခဲ့တဲ့အခါ သန်းနဲ့ချီပြီး ရှိနေတဲ့ နိုင်ငံရဲ့ အခြေခံ လူတန်း စားကျောမွဲတွေအဖို့ မည်မျှ ခက်ခဲနေပြီလဲဆိုတာကို စဉ်းစားနိုင်ပါတယ်။

ယခုရက်ပိုင်းအတွင်းမှာ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ဘဏ်တွေနဲ့ ပတ်သက်တဲ့ ကောလာ ဟလသတင်းတွေ ဆက်တိုက်ဆိုသလိုဖြစ်ပေါ်ခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဖြေရှင်းပြောဆို မှုတွေလည်း ရှိနေတာဖြစ်ပါတယ်။ ဒါတွေအပြင် ရွှေစျေးမြင့်တက်မှု၊ ဒေါ်လာစျေးမြင့်တက်မှုစတဲ့ သ တင်းတွေကလည်း ရေပန်းစားသတင်းတွေဖြစ်နေခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီသတင်းတွေထဲက အကြောင်း တွေရဲ့ သက်ရောက်မှုနဲ့ သက်ဆိုင်သော်လည်း အဲဒီသတင်းတွေထဲက အကြောင်းအရာတွေကို အရေးတ ယူမပြုနိုင်လောက်အောင် အလုပ်များသူတွေလည်း ရှိနေပါတယ်။

ဒီလိုမျိုး စီးပွားရေးမပြေလည်မှုတွေကြောင့် သန်းကြွယ်သူဌေးကြီး လည်း ညည်းညူနေရ၊ ဘဏ်တွေ ပြိုလဲသွားနိုင်မလားဆိုတဲ့ ပူပန်နေရသူတွေလည်း ရှိနေတဲ့အချိန်မှာ  ဒီအကြောင်းအရာတွေကို တရေး တယူပြုဖို့ မစဉ်းစားနိုင်လောက်အောင် အလုပ်များနေတဲ့သူတွေဟာ ဘယ်သူတွေများဖြစ်နေပါသလဲ။

ကမ္ဘာကြီးပေါ်က အခြားသော နိုင်ငံတွေလိုပါပဲ မြန်မာနိုင်ငံမှာလည်း သန်းကြွယ်သူဌေးတွေ ရှိနေသလို လက်လုပ်လက်စား အခြေခံလူတန်းစားတွေလည်း ရှိနေပါတယ်။ တစ်ရက်တာအတွက် ကြိုးစားပြီး ရှာဖွေသမျှတွေဟာ နောက်တစ်နေ့ နိုးထလာတဲ့ အချိန်မှာ အစားအသောက် ရှာဖွေရန် အလျင်မီ လုံ လောက်ပါ့မလား တွေးပူနေရသူတွေ။ ဒီလိုမှမဟုတ်လည်း နေ့စဉ်နှင့် အမျှ တစ်ရက်ကို ၁၅ နာရီလောက် အလုပ်အတွက်အချိန်ပေးခဲ့သော်လည်း ကုန်စျေးနှုန်းကြီးမြင့်မှုတွေကို အမီမလိုက်နိုင်တဲ့ မိမိတို့ရဲ့ လစာ ဝင်ငွေကြောင့် စိတ်ပူပန်နေရသူတွေ။ ဒီလိုမျိုး အခြေခံလူတန်းစားတွေဟာ နိုင်ငံနဲ့အဝန်းမှာ အများအ ပြားရှိနေပါတယ်။ လက်ရှိမှာလည်း ရှိနေဆဲပါပဲ။ နောက်နှစ်ပေါင်းတော် တော်ကြာကြာမှာလည်း ရှိနေဦးမယ့် အခြေအနေပါ။

အနှေးယာဉ်မောင်းတဲ့ အလုပ်ကို လုပ်ကိုင်တဲ့သူတွေကို ရန်ကုန်မြို့ အပါအဝင် နိုင်ငံရဲ့ မြို့အတော်တော် များများမှာ တွေ့မြင်နိုင်ပါတယ်။ အထူးသဖြင့် ရန်ကုန်မြို့ရဲ့ မြို့နယ် တိုင်းနီးပါးမှာ အနှေးယာဉ် လုပ်သား တွေကို တွေ့နိုင်ပါတယ်။ ဒါကခေတ်တွေ စနစ်တွေ ပြောင်းသွားပေမဲ့ မပြောင်းလဲဘဲ ရှိနေခဲ့တဲ့ အရာတစ်ခု လည်း ဖြစ်ပါတယ်။ အတော်အသင့် အလှမ်းဝေးတဲ့ ဘတ်စ်ကားမှတ်တိုင် တစ်ခုစာ အကွာအဝေးအတွက် သင့်တော်တဲ့ စျေးနှုန်းတစ်ခုပေးပြီး မြန်မြန်ဆန်ဆန် သွားလာနိုင်တာကြောင့် အနှေးယာဉ်တွေဟာ ဟိုဟို ဒီဒီ သွားလာဖို့အတွက် အားထား စရာအနေအထားတစ်ခုအဖြစ် နှစ်ပေါင်းများစွာ ရှိနေခဲ့ပါတယ်။

တရားဝင်အနှေးယာဉ် လိုင်စင်ပြုလုပ်ထားခြင်း မရှိခဲ့ရင်တောင် အနှေးယာဉ် ဆိုက်ကားတစ်စီးနင်း တဲ့ အလုပ်အကိုင် လုပ်ကိုင်ဖို့အတွက် ရန်ကုန်မြို့မှာတော့ ခက်ခဲခြင်း မရှိပါဘူး။ လွန်ခဲ့တဲ့ နှစ် ၂၀  ဝန်းကျင် လောက်က ဝတ္ထုစာအုပ်တွေ၊ မြန်မာ ဗီဒီယို ရုပ်ရှင်ကားတွေထဲမှာ အနှေး ယာဉ်လုပ်သားဆိုတာ အခြေခံလက် လုပ်လက်စားလူတန်းစား တစ်ရပ် ကို ဖော်ပြတဲ့ ပြယုဂ်တစ်ခုအဖြစ် များစွာ အသုံးပြုခဲ့တာကို တွေ့မြင် ဖတ်ရှုခဲ့ကြရမှာပါ။

လက်တွေ့ပြင်ပလောကမှာလည်း အနှေးယာဉ်လုပ်သားတွေ ဟာ အခြေခံ လူတန်းစား စစ်စစ်တွေ အဖြစ် သတ်မှတ်လို့ရတဲ့ အခြေအနေပါပဲ။ ဒီလိုမျိုး အခြေခံ လူတန်း စားစစ်စစ်တွေရဲ့ ဘဝနေရေးထိုင် ရေး စားရေးသောက်ရေး အခက်အခဲတွေက လွန်ခဲ့တဲ့ နှစ်တွေကထက် ပိုမိုခက်ခဲလာတယ်လို့ သိရပါတယ်။

၂၀၀၀ ပြည့်နှစ်မတိုင်မီနဲ့ ဝန်းကျင်ကာလက နှစ်တွေတုန်းက အနှေးယာဉ်တစ်စီးကို ငှားစီးရန်အတွက် အနှေးယာဉ်ခရီးတို တစ်ခုစာကို ကျပ် ငါးဆယ်လောက်နဲ့ သွားလာနိုင်ပြီး ခရီးရှည်လမ်းကြောင်းတစ်ခု အတွက်တော့ ကျပ် တစ်ရာလောက် ပေးစီးရမှာ ဖြစ်ပါတယ်။

ယခုခေတ် စီးကရက်တစ်လိပ် ကို တစ်ရာကျပ်ပေးဝယ်နေခဲ့ရပေ မဲ့ အဲဒီ ကာလတွေတုန်းက ဘဲဥ၊ ကြက်ဥ သုံးလုံးကို နှစ်ရာကျပ်လောက်နဲ့ ဝယ်ယူရရှိနိုင်တာ ဖြစ်ပြီး သိပ်အဆိုးကြီး အမျိုးအစားထဲက မဟုတ်တဲ့ ဆန်တစ်ပြည်အတွက် ကျသင့်ငွေက ကျပ် တစ်ရာကျော်လောက်ပဲ ရှိခဲ့ပါတယ်။ ဒီအတွက် အနှေးယာဉ် လုပ်သားတစ်ဦးအ တွက် တစ်ရက်ကို စီးနင်းသူ ငါးဦးခန့် ရရှိရင်တောင် သူ့ရဲ့ စားဝတ်နေရေး အတွက် ပူပန်စရာ မလိုတဲ့ အခြေအနေမျိုးလို့ ယေဘုယျ သတ်မှတ်လို့ ရနိုင်ခဲ့ပါတယ်။    

 

အိမ်ငှားခက ရှစ်သောင်း၊ ရေဖိုးမီးဖိုးနဲ့ အခြား စားသောက်စရိတ် ဘာညာနဲ့ဆိုတော့ ဒီလစာလေးနဲ့ ဘယ်လောက်ပါမလဲ။

“ဒီတော့ အတိုးနဲ့ချေးလိုက် လကုန်ရင် အတိုးလေးပေးလိုက်၊ ထပ်ချေးလိုက်နဲ့ပေါ့။ ဒီလိုနဲ့ပဲ လည်ပတ်နေရတော့တာပဲ”ဟု တောင်ဥက္ကလာပမြို့နယ်ရှိ မိုဘိုင်းဖုန်းအရောင်းဆိုင်တစ်ခုမှ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ ဒီလိုမျိုး ဖြစ်ရပ်တွေက

ရန်ကုန်မြို့တစ်မြို့တည်းမှာတင် သိန်းနဲ့ချီတဲ့ လူဦးရေ အရေအတွက်မှာ ရှိနေနိုင်ပါတယ်။ နှစ်လခန့် အချိန်ယူ စောင့်ကြည့် မေးမြန်းထားမှုတွေအရလည်း အခြေခံလူတန်းစား . . .

 

အနှေးယာဉ်ဂိတ်တွေမှာ တန်ဆောင်တိုင်ကာလတွေလို အခါကြီး ရက်ကြီးတွေဆိုရင် စုပေါင်းပြုလုပ် တတ်တဲ့ အလှူအတန်းပွဲတွေကို ခမ်းနားစွာတွေ့မြင်နိုင်တဲ့ ကာလ တွေဖြစ်ခဲ့ပါတယ်။ မရှိလို့မလှူ မလှူ လို့မရှိ ဆိုတာ ဂန္ထဝင်ရုပ်ရှင် ဒါရိုက်တာကြီး ဦးသုခရဲ့ ရဟန်းစားရသော ဆွမ်းတစ်နပ် ဇာတ်ကားထဲက သူ ဆင်းရဲရဲ့ ကြွေးကြော်သံ တစ်ခုဖြစ် ပြီး အဲဒီကြွေးကြော်သံရဲ့ အဆက်ဖြစ်တဲ့ မရှိတဲ့ကြားထဲက လှူတာ ငါလိုလူ ဇမ္ဗူမှာ ရှိသေးလား ဆိုတာကတော့ အဲဒီခေတ်က အနှေးယာဉ် လုပ်သားတွေပြုလုပ်နေကျ အလှူ အတန်းတွေကို ဖော်ပြနေသလား ထင်မှတ်ရတဲ့ အခြေအနေပါ။

လက်ရှိအချိန်ကာလမှာတော့ အဲဒီလို အခြေအနေတွေမျိုး ရှိနေ သေးလားဆိုတာကို လက်ရှိကုန်စျေး နှုန်းတွေနဲ့ အနှေးယာဉ်လုပ်သား တွေရဲ့ ဝင်ငွေတွေကို တိုက်ဆိုင်ပြီး တွက်ကြည့်လို့ရမယ်လို့ မျှော်လင့်ရ ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ နီးပါးကာလ လောက်ကနဲ့ မတူတာကတော့ လက်ရှိအချိန်မှာက အနှေး ယာဉ်ခရီးတိုတစ်ခုအတွက် ငါးရာကျပ်ခန့်၊ ခရီးရှည်အတွက် ခုနစ်ရာ ကျပ်ခန့် နှုန်းထားကို ရောက်ရှိသွားပြီ ဖြစ်ပါတယ်။ ဒါက ရန်ကုန်မြို့က မြို့နယ်တွေက အနှေးယာဉ်စီးနင်းခ ယေဘုယျ သတ်မှတ်ချက် စျေးနှုန်း တွေဖြစ်ပြီး မြို့နယ်တစ်ခုနဲ့ တစ်ခု အနည်းငယ်လောက်ပဲ ကွာခြားမှုရှိနေမှာ ဖြစ်ပါတယ်။

နှစ်ပေါင်း ၂၀ လောက်အတွင်းမှာ အနှေးယာဉ်စီးနင်းခတွေက ၁၀ လောက်ကို မြင့်တက်သွားခဲ့တာ ဖြစ် ပါတယ်။ ဒီအတွက် အနှေးယာဉ်လုပ် သားတွေ အတွက်ရော သူတို့ရဲ့ ဘဝ တွေဟာ ၁၀ ဆလောက် မြင့်တက် သွားခဲ့လားဆိုတာကို နှိုင်းယှဉ်ကြည့် ရအောင်ပါ။

လက်ရှိ အနှေးယာဉ်စီးနင်းခ တွေအရ ခရီးစဉ်တစ်ခုအတွက် အနှေးယာဉ် လုပ်သား တစ်ဦးက ကျပ် ငါးရာ အနည်းဆုံးရရှိနေမှာ ဖြစ်ပါ တယ်။ ဒီစျေးနှုန်းထက် နည်းပါးတဲ့ နှုန်းထားနဲ့တော့ အနှေးယာဉ် ပြေး ဆွဲတာကို ရန်ကုန်မြို့ရဲ့ မည်သည့် နေရာမှမျှ ရှာတွေ့နိုင်မှာ မဟုတ်ပါ ဘူး။ အဲဒီအတွက် အနှေးယာဉ် လုပ် သားတစ်ဦးအတွက် ခရီးစဉ်ငါးခုလောက် သွားလာတဲ့အခါ ကျပ်နှစ်ထောင်ခန့် ရရှိသွားပြီ ဖြစ်ပါတယ်။

ကျပ်နှစ်ထောင်ဟာ မိသားစု တစ်စုအတွက် တစ်နေ့တာ စားဝတ် နေရေးကို ဖြေရှင်းနိုင်ဖို့ အတွက် လက်ရှိအချိန်မှာ လုံလောက်ခြင်း ရှိ မရှိကို အခြေခံစားသောက်ကုန်တွေ ရဲ့ ကုန်စျေးနှုန်းနဲ့ တွက်ကြည့်နိုင်ပါ တယ်။ ဆန်တစ်ပြည် အနည်းဆုံး ကျပ်တစ်ထောင်ကျော်ရှိနေပြီး ကြက်ဥတစ်လုံးအတွက် ကျပ်နှစ်ရာ ခန့် ကျသင့်နေတဲ့ အချိန်မှာ မိသားစု တစ်စုအတွက် စားဝတ်နေရေးနဲ့ အထွေထွေကို ဖြေရှင်းဖို့အတွက် ကျပ် ၂ဝဝဝနဲ့ ဖြေရှင်းနိုင်ဖို့အတွက် ကတော့ ဖြစ်နိုင်ခြေအတော်နည်း ပါတယ်။

အနှေးယာဉ်လုပ်သားတွေထံ က သိရသမျှတွေကို ပြန်လည်မျှဝေ ရရင် သူတို့တွေဟာလည်း အခြား သော နိုင်ငံသားတွေလိုပါပဲ။ သူတို့ နေထိုင်မှုအတွက် စရိတ်၊ စားသောက် မှု စရိတ်တွေရှိသလို လူသားတွေ ဖြစ်တဲ့အတွက် မိသားစုတွေလည်း ရှိပါတယ်။ မိသားစုရှိတဲ့အတွက် ကျန်းမာရေးစရိတ်စက တွေရှိလာ မှာဖြစ်ပြီး သားသမီးတွေ အတွက် ပညာရေးစရိတ်တွေလည်း ရှိလာပြီ ဖြစ်ပါတယ်။ ဒီလိုမျိုး အထွေထွေ စရိတ်တွေအတွက် ကျပ်နှစ်ထောင် ဆိုတာ မလုံလောက်နိုင်တော့တာ အမှန်ပါပဲ။ ဒါပေမဲ့လည်း အနှေး ယာဉ် လုပ်သားတစ်ဦးအတွက် တစ်ရက်ကို ခရီးစဉ်ငါးခုထက်ပိုပြီး ရရှိ နိုင်ဖို့အတွက် မလွယ်ဘူးလို့လည်း သိရပါတယ်။

အနှေးယာဉ် လုပ်သားဟောင်းတစ်ဦးကတော့ “ဆိုက်ကား မနင်းတော့ဘူး။ နင်းလည်း ဘာမှမထူးဘူး။ ခရီးသည်စောင့်နေရတာနဲ့ပဲ ခရီးသည်က မရတော့ဘူး။ ဒီတော့ကျပန်း လုပ်ပြီး အရက်ပဲသောက်နေတာပဲ ကောင်းပါတယ်” လို့ သူရဲ့ နေ့စဉ် ဘဝ အခက်အခဲတွေရဲ့ တစ်စိတ် တစ်ပိုင်းကို ပြောပါတယ်။

လက်လုပ်လက်စား အခြေခံ လူတန်းစားတစ်ရပ်ရဲ့ အခြေအနေ တွေနဲ့ အလားတူ အခြေအနေမျိုး တွေကို ကြုံတွေ့နေရသူတွေလည်း ရှိပါတယ်။ သူတို့ကတော့ လစာ နည်း လခစားဝန်ထမ်းတွေပဲ ဖြစ်ပါ တယ်။ တယ်လီဖုန်း အရောင်းဆိုင် တစ်ခုမှာ အလုပ်လုပ်ကိုင်နေသူ တစ်ဦးရဲ့ လစာ ကျပ် တစ်သိန်းရှစ် သောင်းဝန်းကျင်လောက်သာ ရှိနိုင်ပါတယ်။ လစာငွေ တစ်သိန်းရှစ် သောင်းဟာ ဒီ အရောင်းဝန်ထမ်း အတွက် လုံလောက်ခြင်း ရှိမရှိ ထပ်မံတွက်ကြည့်နိုင်ပါတယ်။

သူ့ရဲ့ တစ်လတာဝင်ငွေဟာ တစ်သိန်းရှစ်သောင်းကျပ် ဖြစ်တဲ့အတွက် တစ်ရက်တာ ဝင်ငွေဟာ ကျပ်ငွေ ၆၀၀၀ ဝန်းကျင်ဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ ကိုယ်ပိုင်အိမ်ရှိသူ တစ်ဦးအတွက် ကျပ် ၆၀၀၀ ဟာ တစ်နေ့တာအတွက် လုံလောက်ရုံမျှ သာ အခြေအနေရှိနေမှာ ဖြစ်ပေ မယ့် ကိုယ်ပိုင်နေအိမ် မရှိသူတွေ အတွက်တော့ ခက်ခဲတဲ့ အခြေအနေ တစ်ရပ် ဖြစ်နေမှာ အမှန်ပါပဲ။

ရန်ကုန်မြို့ ဆင်ခြေဖုံးမြို့နယ် တစ်ခုရဲ့ အိမ်ငှားခစရိတ်က တစ်လ တာအတွက် တစ်သိန်းဝန်းကျင် အ ခြေအနေ ရှိနေမှာဖြစ်ပြီး တစ်လတာ အတွက် ရေခွန်၊ မီးခွန်က ချွေတာ သုံးစွဲခဲ့ရင်တောင် နှစ်သောင်းကျပ် ဝန်းကျင်ကျသင့်နေတယ်လို့ သိရပါ တယ်။ ဒီအတွက် ကျပ်တစ်သိန်း ရှစ်သောင်း လစာဝင်ငွေရရှိနေတဲ့ အရောင်းဝန်ထမ်းလေးဟာ သူ့ရဲ့ မိသားစုကို အဓိက ထောက်ပံ့နေရ သူဖြစ်တဲ့အတွက် သူ့ရဲ့ ဝင်ငွေဟာ လောက်ငှခြင်း မရှိနိုင်ဘူးလို့လည်း သိရပါတယ်။

အဲဒီလို အခြေအနေတွေ ဖြစ် နေတာကြောင့် ဒီအရောင်းဝန်ထမ်းဟာ လစဉ် ချေးယူထားတဲ့ အကြွေး များကို လစာထုတ်တဲ့အချိန်တွေမှာ ပြန်ဆပ်နေရတဲ့ အခြေအနေကို ဖြစ် ပေါ်လာစေပါတယ်။ ကြီးမြင့်လာ တဲ့ စရိတ်စကတွေက ဒီအရောင်းဝန်ထမ်းကို အကြွေးနွံထဲသို့ တဖြည်းဖြည်း ဆွဲချနေသလို ဖြစ်နေတယ်လို့ သိရပါတယ်။

“အိမ်ငှားခက ရှစ်သောင်း၊ ရေဖိုးမီးဖိုးနဲ့ အခြား စားသောက် စရိတ် ဘာညာနဲ့ဆိုတော့ ဒီလစာ လေးနဲ့ ဘယ်လောက်ပါမလဲ။ ဒီတော့ အတိုးနဲ့ချေးလိုက် လကုန်ရင် အတိုး လေးပေးလိုက်၊ ထပ်ချေးလိုက် နဲ့ပေါ့။ ဒီလိုနဲ့ပဲ လည်ပတ်နေရတော့ တာပဲ” ဟု တောင်ဥက္ကလာပမြို့နယ်ရှိ မိုဘိုင်းဖုန်းအရောင်းဆိုင်တစ်ခုမှ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။

ဒီလိုမျိုး ဖြစ်ရပ်တွေက ရန်ကုန် မြို့တစ်မြို့တည်းမှာတင် သိန်းနဲ့ချီတဲ့ လူဦးရေ အရေအတွက်မှာ ရှိနေနိုင် ပါတယ်။ နှစ်လခန့် အချိန်ယူ စောင့် ကြည့်မေးမြန်းထားမှုတွေ အရလည်း အခြေခံလူတန်းစားတွေဟာ သူတို့ ရရှိနေတဲ့ လုပ်ခလစာတွေနဲ့ ပြင်ပ ကုန်စျေးနှုန်းကြီးမြင့်မှုတွေကြားမှာ အလူးအလဲ ခံနေရတယ်လို့ သိရပါ တယ်။

အငှားယာဉ်မောင်းတွေက လည်း လက်ရှိ ရန်ကုန်မြို့မှာ တိုးပွား လာတဲ့ အငှားယာဉ် အရေအတွက် တွေနဲ့အတူ တစ်ရက်လျှင် အုံနာခပင် ရရှိရန်အတွက် ကြိုးစားမောင်းနှင် နေရတယ်လို့ ပြောကြပါတယ်။ လှည်းတစ်စီးဖြင့် မြို့နယ်များအတွင်း အသုတ်စုံလိုက်လံရောင်းချတဲ့ အမျိုးသားတစ်ဦးကလည်း ကုန်စျေး နှုန်းကြီးမြင့်မှုအကြောင်း ထင်ဟပ်နေတဲ့ အကြောင်းအရာ တစ်ခုကို ပြောပြဖူးပါတယ်။

“ရှောက်သီးသုတ် မရောင်း ဖြစ်သေးဘူး။ ရှောက်သီးစျေးတွေက ကြီးတော့ ရောင်းရတာ မကိုက်ဘူး။တစ်ပွဲငါးရာနဲ့ကျ မကိုက်ဘူးလေ။ ခုနစ်ရာဆိုလည်း မဝယ်ကြတော့ဘူး။ အဲဒီတော့ ရှောက်သီးသုပ် တော့ မရောင်းသေးဘူး” ဟူ၍ ဖြစ်ပါတယ်။

ဒီလိုမျိုး အနှေးယာဉ် လုပ်သားတွေ၊ အငှားယာဉ်မောင်းတွေ၊ အရောင်းဝန်ထမ်းလေးတွေ၊ လက် လုပ်လက်စားအခြေခံ လူတန်းစားတွေဟာ သူတို့ရဲ့ တစ်နေ့တာ မိသားစု စားဝတ်နေရေးကို အလျင်မီ လုံလောက်အောင် ဖြေရှင်းနေရတဲ့ သူတွေလည်း ဖြစ်ပါတယ်။ သူတို့ ဟာ သန်းကြွယ်သူဌေးကြီး မျက်ရည် ကျတဲ့ အကြောင်းကိုလည်း သေသေချာချာ မသိကြပါဘူး။ ဘဏ်တွေ ပိတ်မယ်ဆိုလည်း သူတို့အတွက် အထူးတလည် စိတ်မဝင်စားကြပါဘူး။ သူတို့အတွက် ဒီနေ့စားရေး သောက်ရေး ပြေလည်နေမယ်ဆိုရင် နောက်တစ်ရက်မှာ အဆင်ပြေပါ့မလား တွေးပူရင်း သက်ပြင်းချ ရင် မောနေရသူတွေပါ။

သူတို့ဟာ ဘဏ်တွေကို မရောက်ဖြစ်တဲ့သူတွေပါပဲ။

Most Read

Most Recent