ထိုင်းအစိုးရ၏ အရေးပေါ်အခြေအနေ တုံ့ပြန်မှု နှေးကွေးမှုနှင့် ပတ်သက်ပြီး ဒေါသကြီးထွားနေစဉ် နိုင်ငံအရှေ့မြောက်ပိုင်းတွင် ရေကြီးမှုများကြောင့် နေအိမ်များ၊ လမ်းများနှင့် တံတားများ ရေလွှမ်းခဲ့ပြီး လူ ၂၃,၀၀၀ ကျော်သည် အိုးအိမ်စွန့်ခွာခဲ့ရကာ ကယ်ဆယ်ရေး စခန်းများတွင် နေထိုင်ခဲ့ရသည်။
ပြီးခဲ့သည့်သီတင်းနှစ်ပတ်တွင် ထိုင်းနိုင်ငံ၌ မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် နိုင်ငံအတွင်းရှိ ပြည်နယ်ထက်ဝက်နီးပါးတွင် ရေကြီးမှုများ၊ မြေပြိုမှုများ ဖြစ်ပေါ်ခဲ့ပြီး မိသားစုများစွာကို လှေများ(သို့မဟုတ်) ယာယီသုံး ဖောင်များဖြင့် ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။
သြဂုတ် ၂၉ ရက်မှစပြီး ရေကြီးမှုများ ကြောင့် လူ ၃၂ ဦး သေဆုံးခဲ့သည်ဟု ဘေး အန္တရာယ်စီမံခန့်ခွဲရေးဌာနက စက်တင်ဘာ ၁၄ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သော် လည်း အရေးပေါ်ကယ်ဆယ်ရေးစခန်းများတွင် ရောက်ရှိနေသူ အတိအကျကို ထုတ်ပြန် ခဲ့ခြင်းမရှိပေ။
Podul မုန်တိုင်းနှင့် တောင်တရုတ်ပင် လယ်တွင် ဖြစ်ပေါ်နေသည့် ကာဂျီကိဟုခေါ် ဆိုသည့် အပူပိုင်းဒေသ လေဖိအားနည်းရပ် ဝန်းတို့ကြောင့် ရေကြီးမှုများဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာ နက ထုတ်ပြန်ခဲ့သည်။
Ubon Ratchathani ပြည်နယ်သည် ရေကြီးမှုဒဏ်ကို အဆိုးရွားဆုံးကြုံတွေ့နေ ရသည်။ လာအို၊ ကမ္ဘောဒီးယားတို့နှင့်နယ် နိမိတ်ထိစပ်နေသည့် ယင်းပြည်နယ်တွင် Moon နှင့် Chi မြစ်များ၏ မြစ်ရေမြင့်တက် လာမှုများကြောင့် ပိုမိုဆိုးရွားလာခဲ့သည်။
“ရေမြုပ်နေတဲ့ အိမ်ခြေ ၉၀ ရာခိုင်နှုန်း က ရေတွေ ဖောက်ထုတ်ဖို့ သီတင်းသုံးပတ် လောက် ကြာလိမ့်မယ်။ ဒီနေ့မှာ ရေက လေး စင်တီမီတာလောက် ကျလာတယ်။ ရေ ဆက်ပြီး ကျလာလိမ့်မယ်လို့ ကျွန်တော်ထင် တယ်” ဟု ပြည်နယ်အုပ်ချုပ်ရေးမှူး Sarit Witon က ပြောကြားခဲ့သည်။
သို့သော် တစ်ထပ်အိမ်များတွင် နေထိုင်သည့် မိသားစုဝင်များသည် နေအိမ်တွင် ပြန်လည်နေထိုင်နိုင်ဦးမည်မဟုတ်ဟု အတိုက်အခံပါတီ Future Forward ၏ ဒေသဆိုင်ရာ ဒါရိုက်တာ Pongsak Saiwan က ပြောကြားခဲ့သည်။
ရေကြီးမှုများကြောင့် လတ်တလော တွင် ခရိုင်တစ်ခုလုံး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေကြောင်း၊ အဓိက တံတား သုံးစင်းသည်လည်း ဖြတ်သန်းသွားလာ၍ မရဖြစ်နေကြောင်း ၎င်းက ပြောကြားခဲ့သည်။
“ စက်တင်ဘာမှာ ရေကြီးမှုတွေ စတင် ခဲ့ပြီးတဲ့နောက်မှာ အစိုးရက ရေကြီးမှုအခြေ အနေကို တုံ့ပြန်ဖို့ အရမ်းနှေးကွေးခဲ့တယ်” ဟု Pongsak က ပြောကြားခဲ့သည်။
Ubon Ratchathani ၏ ရေကြီးမှုအ ကျပ်အတည်းသည် ယခုသီတင်းပတ်တွင် Twitter ၌ ကြီးစိုးခဲ့ပြီး ရေကြီးနေသည့် မြေပြန့်လွင်ပြင်များနှင့် မြစ်များကိုဝေဟင်မှ ရိုက်ကူးထားသည့် ပုံများကို #Save Ubon ဟု ရေးသားပြီး ဝေမျှခဲ့သည်။
ပြီးခဲ့သည့်နှစ်တွင် နိုင်ငံတကာ၏ စိတ်ဝင်စားမှုရရှိခဲ့သည့် ထိုင်းလူငယ်ဘောလုံး သမား ၁၂ ဦးနှင့် နည်းပြကို ရေလွှမ်းနေသည့် ဂူထဲမှ ကယ်တင်ရန် ထိုင်းအစိုးရက မြန်မြန် ဆန်ဆန်ဆော်သြစည်းရုံးနိုင်မှုနှင့် ယခု ရေ ကြီးမှုအား တုံ့ပြန်ဖြေရှင်းခဲ့ပုံကို Twitter အသုံးပြုသူတစ်ဦးက နှိုင်းယှဉ်ဖော်ပြခဲ့ သည်။
စစ်အစိုးရခေါင်းဆောင်မှ ဝန်ကြီးချုပ် ဖြစ်လာခဲ့သည့် ပရာယွတ်ချန်အိုချာက ရေ ကြီးမှုဖြစ်နေသည့်ဒေသများသို့ အကူအညီ မြန်မြန်ဆန်ဆန် ပေးပို့ရန် ညွှန်ကြားထားသည်ဟု စက်တင်ဘာ ၁၄ ရက်တွင်ပြောကြား ခဲ့သည်။














