ဝန်ကြီးချုပ်မိုဒီ မြန်မာနိုင်ငံကို အလည်အပတ်လာဦးမည်လား

ဝန်ကြီးချုပ်မိုဒီ မြန်မာနိုင်ငံကို အလည်အပတ်လာဦးမည်လား
၂၀၁၇ ခုနှစ် စက်တင်ဘာ ၆ ရက်က မိုဒီနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်၌ တွေ့ဆုံစဉ် (Photo : AFP )
၂၀၁၇ ခုနှစ် စက်တင်ဘာ ၆ ရက်က မိုဒီနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်၌ တွေ့ဆုံစဉ် (Photo : AFP )
Published 7 September 2019
ဒေါက်တာရန်မျိုးသိမ်း

နေပြည်တော်သည် ပေကျင်းနှင့် နယူးဒေလီအကြား သံခင်းတမန်ခင်းကို ဗျူဟာ မြောက်ခင်းကျင်း၍ သူလည်း နိုင် ကိုယ်လည်း နိုင်၊ ရှဉ့်လည်း လျှောက်သာ ပျားလည်းစွဲသာ ဖော်ဆောင်နိုင်ရန် အရေးကြီးသထက် ကြီး လာနေသည်။ နယူးဒေလီ၏ အကြီးအကဲများ သည် ပေကျင်း၏အကြီးအကဲများထက် နေ ပြည်တော်သို့ အလည်အပတ် လာရောက် လျက်ရှိပြီး နယူးဒေလီသည် ပြည်သူနှင့် ပြည်သူချင်း ဆက်ဆံရေးတွင် အသာစီးရနေသည်။ အိန္ဒိယဝန်ကြီးချုပ်၏ မြန်မာနိုင်ငံချစ်ကြည် ရေးခရီးစဉ်သည် ပြည်သူချင်း ဆက်ဆံရေးအ တွက်သာမက ဒေသတွင်းနှင့် နိုင်ငံတကာ သံခင်းတမန်ခင်းအတွက် ဗျူဟာမြောက်အရေးပါသည့် ခြေလှမ်းလည်းဖြစ်သည်။

နာရန်ဒရာမိုဒီသည် ၂၀၁၉ ခုနှစ် မေလ ၃၀ ရက်နေ့တွင် အိန္ဒိယသမ္မတနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။ မြန်မာနိုင်ငံ၏ အရေးကြီးအိမ်နီးချင်းနိုင်ငံကြီး ဖြစ်သည့်အလျောက် သမ္မတဦးဝင်းမြင့်သည် ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ခဲ့သည်။ ပေကျင်းအနေဖြင့် BRI တရုတ်-မြန်မာစီးပွားရေးစင်္ကြံလမ်း (CMEC) တို့ကို ဗျူဟာမြောက်ဖော်ဆောင်၍ အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ဆီ ဦးတည်နေချိန်တွင် နေပြည်တော်သည် ပေကျင်းနှင့် သံခင်းတမန်ခင်းကို အလေးထား သကဲ့သို့ နယူးဒေလီနှင့် သံခင်းတမန်ခင်းကိုလည်း အားကောင်းမောင်းသန်ဖြစ်ဖို့ ရှေးရှု နေပုံရသည်။ နယူးဒေလီ-နေပြည်တော် သံ ခင်းတမန်ခင်းသည် ၂၀၁၉ ခုနှစ်တွင် သိသိ သာသာ မြင့်တက်လာနေသည်မှာ လယ်ပြင် မှာ ဆင်သွားသလို ထင်ရှားလျက်ရှိသည်။

အိန္ဒိယသမ္မတနိုင်ငံနှင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတို့အကြား နယ်နမိတ် စည်းသည် ၁၆၄၃ ကီလိုမီတာရှည်လျားပြီး အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းရှိ Mizoram,Manipur, Nagaland နှင့် Arunachal Pradesh ပြည်နယ်တို့သည် မြန်မာနိုင်ငံနှင့် နယ် နိမိတ်ထိစပ်နေသည်။ မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား အဆက်အသွယ်ပြုရာတွင် ဂိတ်တံခါးပင်ဖြစ် သည်။ နယူးဒေလီ၏ အိမ်နီးချင်းပထမမူဝါဒ၊ အရှေ့ဖော်မူဝါဒများ အောင်မြင်အထမြောက် ဖို့ဆိုရာတွင် နေပြည်တော်နှင့် ရွှေလမ်းငွေ လမ်းဖောက်နိုင်ရေးသည် သော့ချက်ပင်ဖြစ် သည်။ နယူးဒေလီနှင့် နေပြည်တော်တို့သည် အပြန်အလှန် အမှီသဟဲပြုလျက်ရှိပြီး သူလည်း နိုင်၊ ကိုယ်လည်း နိုင်ထုံး နှလုံးမူ၍ ဗျူ ဟာမြောက် ပေါင်းစပ်ဆောင်ရွက်နိုင်မည်ဆို လျှင် အင်ဒိုပစိဖိတ်မူဝါဒကို ကျားကန်နိုင်သည်အထိ သံခင်းတမန်ခင်း လက်တံဆွဲဆန့် နိုင်မည်ဖြစ်သည်။

သို့ဖြစ်၍ အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒရာမိုဒီအနေဖြင့် ၂၀၁၉ ခုနှစ် နှောင်းပိုင်း သို့မဟုတ် ၂၀၂၀ ပြည့်နှစ်အစောပိုင်းတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးအလည်အပတ်ခရီး လာရောက်သင့်ပါကြောင်းနှင့် အဆိုပါချစ် ကြည်ရေးခရီးစဉ်မှတစ်ဆင့် နယူးဒေလီ- နေပြည်တော် သံခင်းတမန်ခင်းကို ဗျူဟာမြောက် အားကောင်းမောင်းသန်အောင် တည်ဆောက်နိုင်ရေး ချဉ်းကပ်ဖော်ဆောင် သင့်ပါကြောင်း တိုက်တွန်းဆော်သြလိုပါသည်။ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီသည် ၂၀၁၄ ခုနှစ် မေလ ကျမ်းသစ္စာကျိန်ဆိုပြီး နောက် ပထမအကြိမ် ဝန်ကြီးချုပ်သက်တမ်းတွင် မြန်မာနိုင်ငံသို့ ၂၀၁၄ ခုနှစ် နိုဝင်ဘာလ မှာတစ်ကြိမ်၊ ၂၀၁၇ ခုနှစ် စက်တင်ဘာလမှာ တစ်ကြိမ် နှစ်ကြိမ်တိုင်တိုင် အလည်အပတ် လာရောက်ခဲ့သည်။ ၂၀၁၇ ခုနှစ်ချစ်ကြည် ရေးခရီးစဉ်အလွန်ဝန်ကြီးချုပ်မိုဒီအနေဖြင့် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး ပျောက်ဆုံး နေသည်မှာ နှစ်နှစ်နီးနီးရှိပြီဖြစ်သည်။ ၂၀၁၄ ခုနှစ် နိုဝင်ဘာလကတည်းက ပျောက်ဆုံးနေခဲ့ သောတရုတ်ပြည်သူ့သမ္မတနိုင်ငံဝန်ကြီးချုပ် လီခဲ့ချန်း၏ မြန်မာနိုင်ငံချစ်ကြည်ရေးခရီးစဉ် နှင့်နှိုင်းယှဉ်လျှင် တော်သေးသည်ဟု သုံးသပ် ရမည်ဖြစ်သော်လည်း နယူးဒေလီအဖို့ ဝီရိယ ပိုကောင်းဖို့လိုမည်ဖြစ်သည်။

အိန္ဒိယဝန်ကြီးချုပ်မိုဒီ၏ နိုင်ငံခြားခရီး စဉ်များကို လေ့လာဆန်းစစ်ကြည့်မည်ဆိုလျှင် ၂၀၁၄ ခုနှစ်တွင် ရှစ်နိုင်ငံ၊ ၂၀၁၅ ခုနှစ်တွင် ၂၅ နိုင်ငံ၊ ၂၀၁၆ ခုနှစ်တွင် ၁၇ နိုင်ငံ၊ ၂၀၁၇ ခုနှစ်တွင် ၁၄ နိုင်ငံ၊ ၂၀၁၈ ခုနှစ်တွင် နိုင်ငံ ၂၀၊ ၂၀၁၉ ခုနှစ်တွင် ၁၁ နိုင်ငံသို့ ချစ်ကြည် ရေးအလည်အပတ်ခရီး သွားရောက်ခဲ့သည်။ ၂၀၁၄ ခုနှစ် မေလ ၂၆ ရက်မှ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၆ ရက်အတွင်း ဝန်ကြီးချုပ်မိုဒီ သည် အမေရိကန်ပြည်ထောင်စု၊ ရုရှားဖက် ဒရေးရှင်း၊ ပြင်သစ်နိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့ကို ငါးကြိမ် အလည်အပတ် သွားရောက်ခဲ့ပြီး ဂျာမနီနိုင်ငံ၊ ဂျပန်နိုင်ငံ၊ နီပေါနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့ကို လေးကြိမ် အလည်အပတ်သွားရောက်ခဲ့သည်။ ဝန်ကြီး ချုပ်မိုဒီသည် အာဆီယံနိုင်ငံများသို့ နှစ်စဉ် အလည်အပတ် သွားရောက်လေ့ရှိပြီး ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံသို့လည်းကောင်း၊ ၂၀၁၅ ခုနှစ်တွင် စင်ကာပူနိုင်ငံနှင့် မလေးရှားနိုင်ငံသို့လည်းကောင်း၊ ၂၀၁၆ ခုနှစ်တွင် ဗီယက် နမ်နိုင်ငံနှင့် လာအိုနိုင်ငံသို့လည်းကောင်း၊ ၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံနှင့် ဖိလစ်ပိုင် နိုင်ငံသို့လည်းကောင်း၊ ၂၀၁၈ ခုနှစ်တွင် အင် ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် စင်ကာပူ နိုင်ငံသို့လည်းကောင်း ချစ်ကြည်ရေးအလည် အပတ်ခရီး သွားရောက်ခဲ့သည်။

၂၀၁၉ ခုနှစ် စက်တင်ဘာလဆန်းအထိ ဝန်ကြီးချုပ်မိုဒီသည် အာဆီယံအဖွဲ့ဝင်နိုင်ငံ သို့ ချစ်ကြည်ရေးအလည်အပတ်ခရီး သွား ရောက်ခြင်း မရှိသေးပေ။ နိုဝင်ဘာလတွင် အိန္ဒိယဝန်ကြီးချုပ်သည် အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေး များတက်ရောက်ရန် ထိုင်းနိုင်ငံသို့ လာရောက် မည်ဖြစ်သည်။ မိုဒီအနေဖြင့် အာဆီယံနိုင်ငံ များသို့ နှစ်စဉ်မပျက်မကွက် ချစ်ကြည်ရေးခရီး ထွက်လေ့ရှိသည့် သာဓကအရကြည့်မည်ဆိုလျှင် ၂၀၁၉ ခုနှစ်မကုန်မီ မြန်မာနိုင်ငံသို့ ချစ် ကြည်ရေးအလည်အပတ်ခရီး လာရောက်နိုင်ရန် အခွင့်အလမ်းရှိနေသည်ဟု သုံးသပ်ရမည် ဖြစ်သည်။ နေပြည်တော်သည် နယူးဒေလီ နှင့် ပေကျင်းအကြား ဗျူဟာမြောက်တည်ရှိပြီး သူမနာကိုယ်မနာ ဟန်ချက်ညီညီ ရပ်တည် အလုပ်လုပ်နိုင်မည်ဆိုပါက ဒေသတွင်း အား ပြိုင်မှုတွင် အရေးပါသထက် အရေးပါလာ မည်ဖြစ်သည်။ နယူးဒေလီသည် ပေကျင်းကို အပြန်အလှန် ထိန်းကျောင်းနိုင်ဖို့ ဆန္ဒစော နေပုံရပြီး နေပြည်တော်နှင့် ဆက်ဆံရေးကို အရှိန်မြှင့်၍ အခွင့်အလမ်းကောင်းများကို အမိအရဖမ်းဆုပ်ဖို့ ဗျူဟာမြောက် ပြင်ဆင် လာနေသည့် ခြေလှမ်းများကို တွေ့နေရသည်။

ပေကျင်းနှင့် နယူးဒေလီအကြား အား ပြိုင်မှုမြင့်တက်လာနေလင့်ကစား ဗီတိုအာဏာပိုင်ရှင် ပေကျင်းသည် နယူးဒေလီထက် နှာတစ်ဖျား အသာရနေသည်။ ၂၀၁၆ ခုနှစ် မတ်လကုန် စတင်ဖွဲ့စည်းခဲ့သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ်လီခဲ့ ချန်းသည် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးအလည်အပတ်ခရီး လာရောက်ခြင်းမရှိသေးပေ။ ၂၀၁၉ ခုနှစ် နှစ်ဆန်းမှ ယနေ့အချိန်အထိ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိနှင့် တရုတ် ကွန်မြူနစ်ပါတီ နိုင်ငံတကာဆက်ဆံရေး ဝန်ကြီး ဆုန့်ထောင်းတို့သည်လည်း မြန်မာ နိုင်ငံသို့ လာရောက်ခြင်းမရှိသေးသည်မှာ လည်း ထူးခြားသည်ဟု ထင်မြင်မိသည်။အဆိုပါအခင်းအကျင်းများသည် နယူးဒေလီအတွက် အခွင့်အလမ်းကောင်းဟု ဆိုနိုင်လင့် ကစား ဗီတိုအာဏာအားသာချက်ကို မယှဉ်နိုင်သရွေ့ အခက်တွေ့နေဦးမည်မှာ ဧကန်မုချပင်ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ပေကျင်း၏ ဗီတိုအာဏာအားသာချက်ရှိနေလင့်ကစား နယူးဒေလီအနေဖြင့် ပြည်သူချင်း ဆက်ဆံရေး ကောင်းမွန်ဖို့ အားကောင်းမောင်းသန် ဆောက်တည်ရင်း နှစ်နိုင်ငံခေါင်းဆောင်များ အကြား အလည်အပတ်ခရီးစဉ်များမှတစ်ဆင့် အရှေ့ဖော်မူဝါဒ၊ အိမ်နီးချင်းပထမမူဝါဒ မှသည် အင်ဒိုပစိဖိတ်မူဝါဒအထိ ထိထိရောက်ရောက် ဖော်ဆောင်နိုင်ရေး အမြော်အမြင်ရှိ ရှိ ရှေးရှုသင့်ပါကြောင်းနှင့် အိန္ဒိယသမ္မတ နိုင်ငံဝန်ကြီးချုပ် နာရန်ဒရာမိုဒီအနေဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ မတိုင်မီ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသို့ ချစ်ကြည်ရေးအလည်အပတ်ခရီး ထပ်မံလာ ရောက်ပြီး နယူးဒေလီ-နေပြည်တော် သံခင်း တမန်ခင်းကို ဗျူဟာမြောက်သည်ထက်မြောက်အောင် ပုံဖော်သင့်ပါကြောင်း မီးမောင်းထိုး တိုက်တွန်းဆော်သြလိုက်ရပါသည်။

 

Most Read

Most Recent