လီဗာပူးလ်အသင်း၏ ဘရာဇီးလ်တိုက်စစ်မှူး ဖေမီနိုသည် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ဂိုး(၅၀)ပြည့်သည့် ပထမဆုံး ဘရာဇီးလ်ကစားသမားအဖြစ် မှတ်တမ်း ဝင်ခဲ့ကြောင်း သိရှိရသည်။
ဖေမီနိုသည် ဘန်လေအသင်းအား (၃-၀)ဂိုးဖြင့် အနိုင်ရသောပွဲတွင် ပွဲချိန် (၈၀)မိနစ်၌ အသင်းအတွက် တတိယဂိုးကို သွင်းယူပေးခဲ့ခြင်းဖြစ်ပြီး ယင်းဂိုးမှာ ပ ရီးမီးယားလိဂ်ပြိုင်ပွဲတွင် သူ၏(၅၀)မြောက် ဂိုးဖြစ်ခဲ့သည်။
ဖေမီနိုသည် ပရီးမီးယား လိဂ်ပြိုင်ပွဲတွင် ၂၀၁၅-၁၆ ဘောလုံးရာသီ ၌ စတင်ကစားခဲ့ပြီး ပရီးမီးယားလိဂ်ပွဲစဉ် (၁၄၁)ပွဲကစားထားသည်။
၎င်းအနေဖြင့် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ဂိုးစတင်ရရှိရန် အတွက်(၁၃)ပွဲကြာကစားခဲ့ရပြီး ၂၀၁၅ နိုဝင်ဘာလအတွင်း ကစားခဲ့သည့် မန်စီးတီး (၁-၄) လီဗာပူးလ် ပွဲတွင်မှ သူ၏ပထမဦးဆုံးပရီးမီးယားလိဂ်ဂိုးကို သွင်းယူနိုင်ခဲ့သည်။
ဖေမီနို၏နောက်တွင် ပရီးမီးယားလိဂ်ဂိုးအများဆုံးသွင်းသည့် ဘရာဇီးလ် ကစားသမားအဖြစ်ရပ်တည်နေသူမှာ (ယခုအခါ ဘိုင်ယန်မြူးနစ်အသင်းတွင် အငှား သွားရောက်ကစားနေသည့် ဘာစီလိုနာကွင်းလယ်လူ) ကော်တင်ဟိုဖြစ်ပြီး လီဗာပူးလ်အသင်းတွင် ပရီးမီးယားလိဂ်(၁၅၂)ပွဲကစားရာ၌ (၄၁)ဂိုးသွင်းယူခဲ့ခြင်းဖြစ် သည်။
ဖေမီနိုသည် ၂၀၁၅နွေရာသီတွင် ဟော်ဖန်ဟင်မ်အသင်းမှ လီဗာပူးလ်အသင်းသို့ ရောက်ရှိလာသူဖြစ်ပြီး အသင်းအတွက်(၅)ရာသီအတွင်း ပြိုင်ပွဲစုံ(၁၉၈)ပွဲ ကစားကာ (၆၈)ဂိုးသွင်းယူပေးထားသည်။