ဆောက်သမ်တန် နှင့် မန်ယူ (စနေည ၆းဝ၀ နာရီ)
မန်ယူရဲ့ ကစားပုံ တိုးတက်လာတယ်။ ဒါပေမဲ့ ပြဿနာက တိုက်စစ်ပိုင်း သိပ်စိတ်မချရသေးဘူး။ ချယ်လ်ဆီးကို ဂိုးတွေသွင်းခဲ့တယ်။ ဒီရာသီ (၃)ပွဲစလုံး ဂိုးရခဲ့တယ်ဆိုရင်တောင် ဂိုးမြူးခဲ့တဲ့ပွဲက သက်သက်၊ ဝုလ်ဗ်၊ ပဲလေ့စ်တို့နဲ့ ပွဲတွေမှာ ဂိုးတွေအတွက် စိတ်မချရတာက သက်သက်ပဲ။ ဆောက်သမ်တန်ရဲ့ အိမ်ကွင်းခြေစွမ်းနဲ့ ကစားအားကို လျှော့မတွက်သင့်ဘူး။ မန်ယူအတွက် အခက်အခဲရှိတဲ့ပွဲပါ။
ချယ်လ်ဆီး နှင့် ရှက်ဖီးယူနိုက်တက် (စနေည ၈း၃၀ နာရီ)
နောဝစ်ချ်ကို အဝေးကွင်းမှာ နိုင်ခဲ့တဲ့ပွဲကို အခြေခံပြီး ဒီပွဲအတွက် ချယ်လ်ဆီးပြင်ဆင်လာလိမ့်မယ်။ အခုအချိန်အထိ စိတ်မချရသေးတဲ့ ခံစစ်ကြောင့် ဘယ်ပွဲကိုမှ ယုံကြည်လို့မရသေးပေမယ့် ရှက်ဖီးယူနိုက်တက်တိုက်စစ်လောက်နဲ့ဆိုရင် ချယ်လ်ဆီး ပြဿနာ မရှိလောက်ဘူး။ ဂိုးတွေလည်း သွင်းနိုင်လိမ့်မယ်လို့ မျှော်လင့်ရတယ်။ အိမ်ကွင်းအဖွင့်ပွဲမှာ လက်စတာကို သရေကျခဲ့ပေမယ့် ဒီပွဲတော့ ချယ်လ်ဆီး (၂-၀)ပဲ။
ခရစ္စတယ်ပဲလေ့စ် နှင့် အက်စတွန်ဗီလာ (စနေည ၈း၃၀ နာရီ)
အိုးလ်ထရက်ဖို့ဒ်မှာ မန်ယူကို အနိုင်ကစားခဲ့တာက ပဲလေ့စ်အတွက်တော့ ထူးခြား မလိုနဲ့ မထူးခြားပြန်ဘူး။ လက်ရှိပရီးမီးယားလိဂ်မှာ မန်ယူအပြင် မန်စီးတီး၊ လီဗာပူးလ်၊ ချယ်လ်ဆီး၊ စပါးစတဲ့အသင်းတွေကို အဝေးကွင်းမှာ နောက်ဆုံးနိုင်ခဲ့တာက ပဲလေ့စ်ဖြစ် ပေမယ့် ဒီအသင်းဟာ စိတ်ချလို့မရတဲ့အသင်းအဖြစ် မြင်နေရတုန်းဆိုတာက ဒီပွဲမှာ ယုံ ကြည်ဖို့မသင့်တာကို ပြတယ်။ (၁-၁)ဖြစ်နိုင်တယ်။
လက်စတာ နှင့် ဘုန်းမောက် (စနေည ၈း၃၀ နာရီ)
ဘုန်းမောက်ရဲ့ကစားပုံက မဆိုးပါဘူး။ ဒါပေမဲ့ ခံစစ်မလုံဘဲ တိုက်စစ်ကို ကစားချင် စိတ်လွန်ကဲနေတာမျိုးကို တွေ့နေရတယ်။ တန်ပြန်တိုက်စစ်လမ်းကြောင်းတွေ ကောင်း တယ်။ တစ်ဦးချင်း ရုန်းကန်နိုင်ကြတယ်။ ဒါပေမဲ့ လက်စတာလို စနစ်ကျမှုမျိုး မရှိဘူး။ အ ဖွင့်နှစ်ပွဲဆက် ပွဲကျပ်ခဲ့ပြီး သရေကျခဲ့တဲ့ လက်စတာ ပြီးခဲ့တဲ့ပွဲမှာတော့ နိုင်ပွဲစရခဲ့တာတွေ့ ရတယ်။ ဒီပွဲလည်း လက်စတာ နိုင်ပွဲဆက်နိုင်ပြီး (၂-၁)လောက်ပဲ ဖြစ်မယ်။
မန်စီးတီး နှင့် ဘရိုက်တန် (စနေည ၈း၃၀ နာရီ)
မန်စီးတီးအတွက် ဘရိုက်တန်က ဘာပြဿနာမှ မပေးနိုင်တဲ့အသင်းမျိုးပါ။ ထုံးစံ အတိုင်း ဂိုးတွေသွင်းနေဦးမှာဖြစ်ပြီး အဂွဲရိုးလား၊ စတာလင်လား ဆိုတာကိုပဲ စောင့်ကြည့် ရမယ့်ပွဲမျိုးလည်းဖြစ်တယ်။ မန်စီးတီးခံစစ် ဂိုးတွေပေးနေရပေမယ့် ဘရိုက်တန်အတွက် မျှော်လင့်ချက်မရှိပါဘူး။ ဘုန်းမောက်နဲ့ပွဲမှာ Set-poece ကနေ ဂိုးပေးလိုက်ရတာမျိုးလည်း အပတ်တိုင်းမဖြစ်နိုင်ဘူး။ မန်စီးတီး (၃-၀၊ ၄-၀)ပါပဲ။
နယူးကာဆယ် နှင့် ဝက်ဖို့ဒ် (စနေည ၈း၃၀ နာရီ)
ဝက်ဖို့ဒ် အရမ်းအထလေးနေတယ်။ ရလဒ်တွေလည်း မကောင်းဘူး။ ကစားတာလည်း မကောင်းဘူး။ ရာသီအဖွင့် ပွဲအချောင်ဆုံးအနေအထားကို ပိုင်ဆိုင်ထားတဲ့ အသင်းတွေထဲက တစ်သင်းဖြစ်ပေမယ့် ပွဲတိုင်းရှုံးခဲ့တာလည်း တော်တော်ဆိုးတယ်။ နယူးကာဆယ်က စိတ်မချရတဲ့အသင်းမျိုးပါပဲ။ ဒါပေမဲ့ တိုက်စစ်မှာ ဂျိုးလင်တန်က အားကိုးရသလို၊ တိုက်စစ်မှာ တစ်ဦးချင်းရုန်းနိုင်သူတွေရှိတယ်။ နယူးကာဆယ်ကိုကြိုက်တယ်။
ဝက်စ်ဟမ်း နှင့် နောဝစ်ချ် (စနေည ၈း၃၀ နာရီ)
ကစားခဲ့ပြီးတဲ့ (၃)ပွဲစလုံး နောဝစ်ချ်ကစားတာ အပြစ်ပြောစရာမရှိဘူး။ ပြိုင်ဘက်နဲ့ ပွဲအခြေအနေအပေါ်မူတည်ပြီး ရလဒ်တွေမငြိမ်ပေမယ့် ရာသီအဖွင့်ကို ဒီနှုန်းလောက်ပြေးနိုင်တာ ချီးကျူးရမယ်။ အင်္ဂလိပ်လူငယ်ကြယ်ပွင့်လေးတွေရှိသလို၊ ပွတ်ကီလိုကစားသမားမျိုးကလည်း ဂိုးသွင်းခြေတွေ့နေတယ်။ ဝက်စ်ဟမ်းကတော့ မန်စီးတီးနဲ့ပွဲကို ထည့်မစဉ်းစားရင် ကျန်(၂)ပွဲက ကျေနပ်စရာပါပဲ။ ဝက်စ်ဟမ်း ကပ်နိုင်မယ်။ (၂-၁) ဖြစ်နိုင်တယ်။
ဘန်လေ နှင့် လီဗာပူးလ် (စနေည ၁၁းဝ၀ နာရီ)
လီဗာပူးလ်က ဒီရာသီ ရာနှုန်းပြည့်နိုင်ပွဲဆက်မှတ်တမ်းကို ဆက်ထိန်းနိုင်ဖို့ ကြိုးစားမှာဖြစ်သလို၊ ဘန်လေအသင်းကလည်း ဒီရာသီမှာ ပြသနေတဲ့ မာကျောတဲ့ပုံစံကို ဆက်ထိန်းပြီး လီဗာပူးလ်ကို ဒုက္ခပေးနိုင်ဖို့ ကြိုးစားမှာပါ။ အာဆင်နယ်နဲ့ ကစားခဲ့တဲ့ ပွဲတုန်းကတော့ လီဗာပူးလ်အသင်းဟာ အကောင်းဆုံးပုံစံကို မပြနိုင်ခဲ့ပေမယ့် (၃-၁)ဂိုးနဲ့ အနိုင်ရခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ဆက်လက်ရပ်တည်နေပါတယ်။ အာဆင်နယ်နဲ့ပွဲမှာ လီဗာပူးလ်ရဲ့ ခံစစ်ပိုင်းက ပြဿနာအနည်းငယ်ရှိခဲ့တာတွေ့ရပြီး၊ တိုက်စစ်ပိုင်းမှာတော့ ဆာလာရဲ့ ပေါက်ကွဲမှုကို မြင်တွေ့ခဲ့ရတယ်။ လီဗာပူးလ်အသင်းရဲ့ Style of Play က တိုက်စစ်ကို အားပြုထားတဲ့အနေအထားဖြစ်လို့ ဘန်လေအသင်းရဲ့ ခံစစ်နဲ့ အားပြိုင်မှုကို မြင်တွေ့ရမှာဖြစ်ပြီး မာနေ-ဖေမီနို-ဆာလာတို့ရဲ့ တိုုက်စစ်ကို ပွဲချိန်ပြည့်ထိန်းချုပ်နိုင်ဖို့က ခက်ပါတယ်။ဘန်လေရဲ့အမြင့်ဘောတွေအတွက်တော့ ဗန်ဒိုက်နဲ့ မာတစ်တို့က ကောင်းကောင်းတားဆီးနိုင်မယ်လို့ ယူဆရပြီး (၀-၂)လောက်ဖြစ်လိမ့်မယ်။