စင်ကာပူကို အနိုင်ရခဲ့သဖြင့် အဓိကပြိုင်ပွဲများအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေကြောင်း မြန်မာအသင်းနည်းပြချုပ် ရာဒူလိုဗစ် ပြောကြား

စင်ကာပူကို အနိုင်ရခဲ့သဖြင့် အဓိကပြိုင်ပွဲများအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေကြောင်း မြန်မာအသင်းနည်းပြချုပ် ရာဒူလိုဗစ် ပြောကြား
Photos: MFF
Photos: MFF
Published 11 June 2019

မြန်မာအသင်းနည်းပြချုပ် ရာဒူလိုဗစ်က စင်ကာပူအသင်းကို အနိုင်ရရှိခဲ့သည့်အတွက် အဓိကပြိုင်ပွဲများအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေကြောင်း ပြောကြားခဲ့သည်။

မြန်မာအသင်းနည်းပြချုပ် ရာဒူလိုဗစ်က စင်ကာပူအသင်းကို အနိုင်ရရှိခဲ့သည့်အတွက် အဓိကပြိုင်ပွဲများအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေကြောင်း ပြောကြားခဲ့သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် နိုင်ငံတကာခြေစမ်းပွဲအဖြစ် စင်ကာပူအသင်းနှင့် ဇွန်လ (၁၁)ရက်က စင်ကာပူအမျိုးသားအားကစားကွင်းတွင် ယှဉ်ပြိုင်ခဲ့ပြီး မြန်မာအသင်းက (၂-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ 

မြန်မာလက်ရွေးစင်အသင်းအနေဖြင့် ယခုကဲ့သို့ စင်ကာပူလက်ရွေးစင်အသင်းကို စင်ကာပူမြေတွင် အနိုင်ရခဲ့ခြင်းမှာ  ၁၉၉၃ ခုနှစ်နောက်ပိုင်း (၂၆) နှစ်အကြာမှ အနိုင်ရခဲ့ခြင်းဖြစ်သည်။ ၁၉၉၃ ဆီးဂိမ်းစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် ပယ်နယ်တီ အဆုံးအဖြတ်တွင် အနိုင်ရပြီးနောက်ပိုင်း ယခုခြေစမ်းပွဲမှသာ ပြန်လည်အနိုင်ရခဲ့ခြင်းဖြစ်သည်။

" ဒီနေ့ပွဲက ကျွန်တော့်အတွက် မြန်မာအသင်းကို အနိုင်ရလဒ်နဲ့ စတင်ပေးနိုင်ခဲ့ပါတယ်။ ဒီပွဲကြောင့် ပရိသတ်တွေ ပျော်ရွှင်ကြမှာပါ။ စင်ကာပူကိုအနိုင်ရခဲ့တဲ့ အတွက် လာမယ့် အဓိကပြိုင်ပွဲတွေဖြစ်တဲ့ ဆူဇူကီးဖလား အပါအဝင် ကမ္ဘာ့ဖလားခြေစစ်ပွဲတွေ ကြိုတင်ပြင်ဆင်ဖို့ စိတ်ဓာတ်ခွန်အားဖြစ်ရပါတယ်။ အထူးသဖြင့် ဒီနေ့ ကစားသွားတဲ့ ကစားသမားအားလုံးကို ကျေးဇူးတင်ပြီး သူတို့စွမ်းဆောင်မှုကိုလည်း ကျေနပ်မိပါတယ်။ ဒီစုဖွဲ့မှုကို ရေရှည်လက်တွဲ သွားနိုင်ဖို့ ကြိုးစားမှာပါ" ဟု မြန်မာအသင်း နည်းပြချုပ် ရာဒူလိုဗစ်က ပွဲပြီးသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ကို MFF Facebook တွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။