ချယ်လ်ဆီးမန်နေဂျာဖြစ်ခွင့်ရရေးမှာ အိပ်မက်ဖြစ်ကြောင်း လမ်းပတ် ဝန်ခံ

ချယ်လ်ဆီးမန်နေဂျာဖြစ်ခွင့်ရရေးမှာ အိပ်မက်ဖြစ်ကြောင်း လမ်းပတ် ဝန်ခံ
Photos: Getty Images
Photos: Getty Images
Published 26 May 2019

ချယ်လ်ဆီးအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် တတိယရရှိသဖြင့် ချန်ပီယံလိဂ်ဝင်ခွင့်ရထားသလို လိဂ်ဖလားပြိုင်ပွဲနှင့် ယူရိုပါလိဂ်ပြိုင်ပွဲတွင် ဗိုလ်လုပွဲ တက်ရောက်နိုင်သော်လည်း ချန်ပီယံဖလား မရယူနိုင်ပါက နည်းပြ ဆာရီနှင့် လမ်းခွဲဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။

 

ချယ်လ်ဆီးအသင်း နည်းပြသစ်ရာထူးအတွက် ရေပန်းစားနေသည့် ဒါဘီအသင်းနည်းပြ လမ်းပတ်က အသင်းဟောင်းအား ပြန်လည်ကိုင်တွယ်ခွင့်ရရေးမှာ အိပ်မက်တစ်ခုဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့သည်။

ချယ်လ်ဆီးအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် တတိယရရှိသဖြင့် ချန်ပီယံလိဂ်ဝင်ခွင့်ရထားသလို လိဂ်ဖလားပြိုင်ပွဲနှင့် ယူရိုပါလိဂ်ပြိုင်ပွဲတွင် ဗိုလ်လုပွဲ တက်ရောက်နိုင်သော်လည်း ချန်ပီယံဖလား မရယူနိုင်ပါက နည်းပြ ဆာရီနှင့် လမ်းခွဲဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။

ချယ်လ်ဆီးအသင်းသည် ဆာရီနှင့် လမ်းခွဲဖြစ်ပါက ကွင်းလယ်လူဟောင်း လမ်းပတ်ကိုခန့်အပ်ရန် စိတ်ဝင်စားနေကြောင်း မီဒီယာများက ဖော်ပြလျက်ရှိရာ ၎င်းက " ဒီကိစ္စက ပြောဖို့ခက်ပါတယ်။ သူတို့အသင်းမှာ မန်နေဂျာ ဆာရီရှိနေပြီး ဗိုလ်လုပွဲလည်းကစားရဦးမှာပါ။ ကျွန်တော်တို့အသင်းကလည်း ဗိုလ်လုပွဲကစားရဖို့ ရှိနေပါတယ်။ ကျွန်တော့် အသင်းက ဒီနှစ်မှာ ရလဒ်ကောင်းခဲ့တဲ့အပြင် ကျွန်တော်ကလည်း ချယ်လ်ဆီးမှာ ၁၃ နှစ် ကစားလာတာဖြစ်လို့ ဒီသတင်းတွေထွက်နေတာ နားလည်ပါတယ်။ ဒါပေမဲ့ တနင်္လာနေ့ ကစားရမယ့် ဗိုလ်လုပွဲအကြောင်းပဲ အာရုံစိုက်ထားချင်ပါတယ်။ နည်းပြလောကထဲဝင်လာကတည်းက ချယ်လ်ဆီး မန်နေဂျာဖြစ်ခွင့်ရရေး က ကျွန်တော့်အိပ်မက်ပါပဲ" ဟု ဆိုခဲ့သည်။