ဒီလစ်အား ခေါ်ယူရန် မန်စီးတီးအသင်းကို ဟာမန်း တိုက်တွန်း

ဒီလစ်အား ခေါ်ယူရန် မန်စီးတီးအသင်းကို ဟာမန်း တိုက်တွန်း
Photo: Getty Images
Photo: Getty Images
Published 26 May 2019

မန်စီးတီးနှင့် ဂျာမနီအသင်းကွင်းလယ်လူဟောင်း ဟာမန်းက ဒီလစ်အား ခေါ်ယူရန် မန်စီးတီးအသင်းကို တိုက်တွန်းသွားခဲ့သည်။

မန်စီးတီးနှင့် ဂျာမနီအသင်းကွင်းလယ်လူဟောင်း ဟာမန်းက ဒီလစ်အား ခေါ်ယူရန် မန်စီးတီးအသင်းကို တိုက်တွန်းသွားခဲ့သည်။

ယခုရာသီတွင် အေဂျက်စ်အသင်းနှင့်အတူ ထွန်းတောက်လာခဲ့သည့် နယ်သာလန်နောက်ခံလူ ဒီလစ်အား ခေါ်ယူရန် ဥရောပထိပ်တန်းအသင်းများစွာက စိတ်ဝင်စားနေကြပြီး ၎င်းအနေဖြင့် ယခုနွေရာသီအပြောင်းအရွှေ့တွင် အသင်းပြောင်းရွှေ့ကစားရန် စီစဉ်လျက်ရှိသည်။

ဟာမန်းက အသင်းခေါင်းဆောင် ကွန်ပနီကို ဆုံးရှုံးလိုက်ရသည့် မန်စီးတီးအသင်းအနေဖြင့် ဒီလစ်ကို အစားထိုးခေါ်ယူရန် တိုက်တွန်းခဲ့ခြင်းလည်း ဖြစ်သည်။

ဟာမန်းက "မန်စီးတီးအသင်းအနေနဲ့ အော်တာမန်ဒီ၊ စတုန်းစ်၊ လာပေါ့တ်တို့ကို ပေါင်သန်း (၁၅၀) ကျော်အထိ အသုံးပြုပြီး ခေါ်ယူခဲ့တာ မယုံနိုင်စရာပါပဲ။ ဒါပေမဲ့ အဲဒီကစားသမား (၃) ဦးစလုံးက ပေါင် (၈) သန်းနဲ့ ခေါ်ယူခဲ့တဲ့ ကွန်ပနီအဆင့်မျိုး မရှိပါဘူး။ မန်စီးတီးအနေနဲ့ ကွန်ပနီကို ဆုံးရှုံးလိုက်ရတာ နစ်နာမှုတစ်ရပ်ဖြစ်ပြီး သူ့နေရာမှာ အစားထိုးနိုင်တာကတော့ ဒီလစ်ပဲ ရှိတယ်လို့ ကျွန်တော် မြင်ပါတယ်။ တချို့လူတွေကတော့ ဒီလစ်က ငယ်လွန်းသေးတယ်လို့ ပြောကြပါလိမ့်မယ်။ ဒါပေမဲ့ အသက် (၁၉) နှစ်သာ ရှိသေးတဲ့ ဒီလစ်က အသက် (၂၅) နှစ်အရွယ်၊ အသက် (၃၀) အရွယ် နောက်ခံလူတွေလို ကစားနိုင်သူဖြစ်ပါတယ်။ ပြီးတော့ ဒီလစ်က မွေးရာပါခေါင်းဆောင်မျိုးဖြစ်ပြီး ကွန်ပနီနေရာကို အစားထိုးနိုင်တာ သူပဲ ရှိပါတယ်"ဟု ပြောကြားခဲ့သည်။

အသက် (၁၉) နှစ်အရွယ်ရှိ နယ်သာလန်နောက်ခံလူ ဒီလစ်သည် အေဂျက်စ်အကယ်ဒမီထွက်ဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို အေဂျက်စ်အသင်းနှင့်အတူ စတင်ခဲ့သူဖြစ်သည်။

ဒီလစ်သည် အသက် (၁၈) နှစ်တွင် အေဂျက်စ်အသင်း၏ အသင်းခေါင်းဆောင်ဖြစ်လာခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၈-၁၉ ရာသီတွင် အသင်းအတွက် ပြိုင်ပွဲစုံ (၅၅) ပွဲကစား၊ (၇) ဂိုး သွင်းယူနိုင်ခဲ့သည်။ 

ဒီလစ်အား ခေါ်ယူရန် ဥရောပထိပ်တန်းကလပ်များဖြစ်သည့် ဘာစီလိုနာ၊ ဂျူဗင်တပ်စ်အသင်းတို့က စိတ်ဝင်စားနေကြပြီး ဒီလစ်အနေဖြင့် ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ကစားလိမ့်မည်ဟု မီဒီယာများက ဖော်ပြနေကြသည်။