ခြေဖနောင့်ဒဏ်ရာကြောင့် လော့ဖ်တပ်ချိခ် တစ်နှစ်ခန့်အနားယူရဖွယ်ရှိနေ

ခြေဖနောင့်ဒဏ်ရာကြောင့် လော့ဖ်တပ်ချိခ် တစ်နှစ်ခန့်အနားယူရဖွယ်ရှိနေ
Photos: AP & Getty Images
Photos: AP & Getty Images
Published 17 May 2019

ချယ်လ်ဆီးကွင်းလယ်လူ လော့ဖ်တပ်ချိခ်သည် ခြေဖနောင့်ဒဏ်ရာကြောင့် တစ်နှစ်ခန့်အနားယူရဖွယ်ရှိနေသည်ဟု ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။

ချယ်လ်ဆီးကွင်းလယ်လူ လော့ဖ်တပ်ချိခ်သည် ခြေဖနောင့်ဒဏ်ရာကြောင့် တစ်နှစ်ခန့်အနားယူရဖွယ်ရှိနေသည်ဟု ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။

အသက် (၂၃) နှစ်အရွယ်ရှိ အင်္ဂလန်ကွင်းလယ်လူ လော့ဖ်တပ်ချိခ်သည် မေလ (၁၆) ရက်က အမေရိကန်နိုင်ငံတွင် ခြေစမ်းပွဲအဖြစ်ကစားခဲ့သည့် နယူးအင်္ဂလန် (၀-၃) ချယ်လ်ဆီးပွဲတွင် ခြေဖနောင့်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

လော့ဖ်တပ်ချိခ်သည် အဆိုပါပွဲစဉ်တွင် ဒုတိယပိုင်းမှသာ လူစားဝင်ကစားခဲ့ခြင်းဖြစ်ပြီး ပွဲချိန် (၆၉) မိနစ်၌ ပြိုင်ဘက်ကစားသမားနှင့် ထိခိုက်မိကာ ဒဏ်ရာရရှိခဲ့သဖြင့် လူစားပြန်လဲခဲ့ရသည်။

ယင်းဒဏ်ရာကြောင့် လော့ဖ်တပ်ချိခ်သည် မေလ (၂၉) ရက်တွင် အာဆင်နယ်အသင်းနှင့် ကစားမည့် ယူရိုပါလိဂ်ဗိုလ်လုပွဲအပြင် ဇွန်လတွင် ကစားမည့် အင်္ဂလန်အသင်း၏ Nations League ပွဲစဉ်များကိုလည်း လွဲချော်မည်ဖြစ်သည်။ 

လက်ရှိတွင် လော့ဖ်တပ်ချိခ်၏ ဒဏ်ရာအနေအထားကို စစ်ဆေးနေဆဲဖြစ်ပြီး ဒဏ်ရာပြင်းထန်ပါက တစ်နှစ်ခန့်အထိ အနားယူရနိုင်ကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။

ချယ်လ်ဆီးလူငယ်တောင်ပံကစားသမား ဟတ်ဆန်အိုဒွိုင်းမှာလည်း ပြီးခဲ့သည့်ဧပြီလက လော့ဖ်တပ်ချိခ်ကဲ့သို့ပင် ခြေဖနောင့်ဒဏ်ရာ ရရှိခဲ့ပြီး လာမည့်ရာသီကြိုကာလတွင် ပြန်လည်ကစားနိုင်ရန် ပစ်မှတ်ထားနေကြောင်း သိရသည်။

လော့ဖ်တပ်ချိခ်သည် ယခုရာသီတွင် ချယ်လ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ ပွဲ(၄၀) ကစားရာ၌ (၁၀) ဂိုးသွင်းယူနိုင်ခဲ့သည်။

Most Read

Most Recent