ဘေးလ်တွင် ရီးယဲလ်၌ ကစားနိုင်သည့် ခြေစွမ်းမရှိဟု ရီးယဲလ်ဂိုးသမားဟောင်း ဂါစီယာရေမွန် ဝေဖန်

ဘေးလ်တွင် ရီးယဲလ်၌ ကစားနိုင်သည့် ခြေစွမ်းမရှိဟု ရီးယဲလ်ဂိုးသမားဟောင်း ဂါစီယာရေမွန် ဝေဖန်
Photo : Getty Images
Photo : Getty Images
Published 15 May 2019

ရီးယဲလ်မက်ဒရစ်အသင်းဂိုးသမားဟောင်း ဂါစီယာရေမွန်က အသင်းတွင်ကစားနိုင်သည့်ခြေစွမ်းမရှိသောကစားသမားများစွာရှိကြောင်းနှင့် ယင်းထဲတွင် ဘေးလ်လည်း ပါဝင်ကြောင်း ဝေဖန်ခဲ့သည်။ 

ထို့ပြင် ဘေးလ်မှာ စီရော်နယ်လ်ဒိုထွက်ခွာပြီးနောက်ပိုင်း အဓိကကြယ်ပွင့်ဖြစ်လာနိုင်သည့် အခွင့်အရေးကိုဆုပ်ကိုင်နိုင်ခဲ့ခြင်းမရှိကြောင်း ရေမွန်က ဆိုခဲ့သည်။

" ရီးယဲလ်အသင်းရဲ့ အဓိကပြဿနာ က တစ်သင်းလုံးကိုအပြောင်းအလဲလုပ်ရမယ့်ပုံစံမျိုးဖြစ် နေတာပါ။ ရီးယဲလ်ကစားသမားတချို့ရဲ့ခြေစွမ်းဟာ ဒီရာသီမှာ အရမ်းကိုဆိုးရွားလွန်းခဲ့ပြီး သူတို့ဟာ အသင်းမှာကစားဖို့ မထိုက်တန်သူတွေပါ။ အဲဒီကစားသမားတွေထဲမှာ ဘေးလ်လည်း ပါပါတယ်။ ဒီရာသီမှာ သူ ဘာမှမလုပ်နိုင်ခဲ့ပါဘူး" ဟု ရေမွန်က ပြောကြားခဲ့သည်။

Most Read

Most Recent