ဒယ်လစ်၊ အစ္စကို အပါအဝင် ကစားသမားသစ်များခေါ်ယူပေးရန် စီရော်နယ်လ်ဒို တောင်းဆို

ဒယ်လစ်၊ အစ္စကို အပါအဝင် ကစားသမားသစ်များခေါ်ယူပေးရန် စီရော်နယ်လ်ဒို တောင်းဆို
Photos: AFP, Getty Images
Photos: AFP, Getty Images
Published 24 April 2019

 

ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် လာမည့်နွေရာသီတွင် ဒယ်လစ်၊ အစ္စကို အပါအဝင် ကစားသမားသစ်များ ခေါ်ယူပေးရန် ဂျူဗင်တပ်စ်အသင်းထံတောင်း ဆိုခဲ့ကြောင်း သိရသည်။ လက်ရှိရာသီတွင် ချန်ပီယံလိဂ်အောင်မြင်မှုမရရှိခဲ့ခြင်းအတွက် စီရော်နယ်လ်ဒိုမှာ စိတ်ပျက်နေပြီး လာမည့်ရာသီ၌ ချန်ပီယံလိဂ်အောင်မြင်မှုရရှိရန်အတွက် ဂျူဗင်တပ်စ်အသင်းလူစာရင်းကို ထပ်မံအားဖြည့်ရန်လိုအပ်နေကြောင်း စီရော်နယ်လ်ဒိုက ယူဆနေသည်။

စီရော်နယ်လ်ဒိုက ခံစစ်၊ ကွင်းလယ်နှင့် တိုက်စစ်နေရာအားလုံးတွင် ကစားသမားသစ်များအားဖြည့်ရန်လိုအပ်ကြောင်း ယူဆနေသည်။ စီရော်နယ်လ်ဒိုက ခံစစ်ပိုင်းအတွက် အေဂျက်စ်အသင်းမှ ဒယ်လစ်၊ အသင်းဟောင်း ရီးယဲလ်မှ ဗာရန်းနှင့် ရူဘင်ဒီယက်စ်၊ ရိုးမား အသင်းမှ မာနိုလက်စ်၊ ကွင်းလယ်ပိုင်းအတွက် လိုင်ယွန်အသင်းမှ ဒွန်ဘယ်လီ၊ ရီးယဲလ်အသင်းမှ အစ္စကိုတို့ကို ခေါ်ယူပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

ထို့ပြင် စီရော်နယ်လ်ဒိုက တိုက်စစ်ပိုင်းအတွင်း ဘင်ဖီကာအသင်းမှ  ပေါ်တူဂီလူငယ်ကြယ်ပွင့် ယာအိုဖီးလစ်ကို ခေါ်ယူပေးရန် တောင်းဆိုခဲ့သည်။ ဂျူဗင်တပ်စ်အသင်းသည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလ များတွင် စံချိန်တင်ခေါ်ယူမှုများ ပြုလုပ်ခဲ့သလို လာမည့်နွေရာသီ၌လည်း တန်ဖိုးကြီးခေါ်ယူမှုများ ပြုလုပ်သွားဖွယ်ရှိနေကြောင်း အီတလီမီဒီယာများက သုံးသပ်နေသည်။

ဂျူဗင်တပ်စ်အသင်းသည် ၂၀၁၆ နွေရာသီအပြောင်းအရွှေ့ကာလတွင် ဟီဂွါအင်ကို စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို သန်း (၉၀)ဖြင့်လည်းကောင်း၊ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် နွေရာသီအပြောင်းအရွှေ့ကာလ တွင် စီရော်နယ်လ်ဒိုကို ယူရိုသန်း (၁၀၀)ဖြင့် လည်းကောင်းအသီးသီး ခေါ်ယူခဲ့သည်။

Most Read

Most Recent