ယနေ့ယှဉ်ပြိုင်ကစားမည့် ဥရောပထိပ်တန်းလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ယနေ့ယှဉ်ပြိုင်ကစားမည့် ဥရောပထိပ်တန်းလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo : Twitter
Photo : Twitter
Published 22 April 2019

နာပိုလီ နှင့် အတ္တလန်တာ (တနင်္လာည ၁၁း၃၀ နာရီ)

ဂျူဗင်တပ်စ်ပွဲပြီးမှ ကစားရမှာဖြစ်လို့ ဒီပွဲအပေါ်နာပိုလီ ဘယ်လောက်အာရုံစိုက်မလဲဆိုတာ မဖြစ်မနေစဉ်းစားရမယ့် မေးခွန်းပါပဲ။ အတ္တလန်တာက နာပိုလီထက် အမှတ်လိုအပ်ချက် ပိုပြီးမြင့်မားနေတယ်။ နောက်ဆုံး (၇)ပွဲဆက် အတ္တလန်တာ မရှုံးနိမ့်ထားသလို၊ ဒီရာသီစီးရီးအေမှာ အဝေးကွင်းစတုတ္ထအကောင်းဆုံးအသင်းဖြစ်နေလို့ ဆန်ပေါ်လိုမှာ နာပိုလီကို စိုးထိတ်နေမှာ မဟုတ်ပါဘူး။ အတ္တလန်တာ တစ်မှတ်ရသွားနိုင်ပြီး နာပိုလီ အလွန်ဆုံးကပ်နိုင်ရုံပါပဲ။ 

ချယ်လ်ဆီး နှင့် ဘန်လေ (အင်္ဂါနံနက် ၁း၃၀ နာရီ)

နောက်ဆုံးပွဲမှာ လီဗာပူးလ်ကို ရှုံးခဲ့ပေမယ့် ရှေ့(၃)ပွဲဆက်နိုင်ထားတာနဲ့ လီဗာပူးလ်နဲ့ ပွဲက ဒုတိယပိုင်းခြေစွမ်းမျိုးဟာ ချယ်လ်ဆီးရဲ့ အနေအထားကိုပြပါတယ်။ ဘန်လေက မာကျောပြီး ကျစ်လျစ်တဲ့အသင်းပါ။ မနှစ်က ချယ်လ်ဆီးကွင်းမှာလည်း အနိုင်ကစားခဲ့ဖူးပါတယ်။ ဒါပေမဲ့ အခုလို သေရေးရှင်ရေးအမှတ်ရှာနေရချိန်မျိုးမှာ ချယ်လ်ဆီး သရေကျမယ်၊ ရှုံးမယ်လို့ တွေးရတာခက်ပါတယ်။ ဟာဇက်ရဲ့ပုံစံကောင်းကိုမြင်ရမယ်။ ချယ်လ်ဆီးနိုင်မယ်။

ဝုလ်ဖ်ဘတ်     နှင့် ဖရန့်ဖတ် (အင်္ဂါနံနက် ၁းဝဝ နာရီ)

ဝုလ်ဖ်ဘတ်က အိမ်ကွင်းမှာ ရလဒ်ပိုင်းကောင်းပါတယ်။ ဖရန့်ဖတ်အသင်း ပွဲဆက်များနေလို့ ဝုလ်ဖ်ဘတ် ရှုံးဖို့တော့မရှိပါဘူး။

 



 

Most Read

Most Recent