ထိပ်တန်းခြေစွမ်းဖြင့် နှစ်ပေါင်းများစွာကစားနိုင်စွမ်းရှိနေသေးသည်ဟု ဖယ်လ်ကာအို ကြုံးဝါး

ထိပ်တန်းခြေစွမ်းဖြင့် နှစ်ပေါင်းများစွာကစားနိုင်စွမ်းရှိနေသေးသည်ဟု ဖယ်လ်ကာအို ကြုံးဝါး
Photo: Getty Images
Photo: Getty Images
Published 21 April 2019

အသက် (၃၃)နှစ်အရွယ်ရှိပြီဖြစ်သည့် ဖယ်လ်ကာအိုသည် မိုနာကိုအသင်းနှင့် ၂၀၂၁ ခုနှစ်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး လက်ရှိတွင် ၄င်းအနေဖြင့် အသင်း၏ပွဲစဉ်များ၌ ခြေစွမ်းပြနိုင်ရေးအတွက် အပြည့်အဝအာရုံစိုက်ထားကြောင်း ပြောကြားခဲ့သည်။

မိုနာကိုအသင်း၏ ကိုလံဘီယာဝါရင့်တိုက်စစ်မှူး ဖယ်လ်ကာအိုက  ထိပ်တန်းခြေစွမ်းဖြင့် နှစ်ပေါင်းများစွာကစားနိုင်စွမ်းရှိနေသေးသည်ဟု ကြုံးဝါးပြောကြားသွားခဲ့သည်။

အသက် (၃၃)နှစ်အရွယ်ရှိပြီဖြစ်သည့် ဖယ်လ်ကာအိုသည် မိုနာကိုအသင်းနှင့် ၂၀၂၁ ခုနှစ်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး လက်ရှိတွင် ၄င်းအနေဖြင့် အသင်း၏ပွဲစဉ်များ၌ ခြေစွမ်းပြနိုင်ရေးအတွက် အပြည့်အဝအာရုံစိုက်ထားကြောင်း ပြောကြားခဲ့သည်။

ဖယ်လ်ကာအိုက ''မိုနာကိုအသင်းနဲ့ ကျွန်တော့်ရဲ့စာချုပ်က တစ်နှစ်ကျန်ပါသေးတယ်။ နှစ်စဉ်နှစ်တိုင်းလိုလိုပဲ မင်းအနေနဲ့ထိပ်တန်းခြေစွမ်းကို ထိန်းသိမ်းနိုင်ဦးမှာလားဆိုတဲ့ မေးခွန်းတွေနဲ့ကျွန်တော်အမြဲတမ်းရင်ဆိုင်နေရပါတယ်။ လောလောဆယ်မှာတော့ ကျွန်တော့်အနေနဲ့ ရာသီလက်ကျန်ပွဲစဉ်တွေအတွက် အာရုံစိုက်ထားပါတယ်။ ကျွန်တော့်ရဲ့ရည်မှန်းချက်ကတော့ ထိပ်တန်းခြေစွမ်းနဲ့ ကစားနိုင်ရေးပါပဲ။ အဲဒီလိုလုပ်နိုင်မယ်လို့လည်း ကျွန်တော်ယုံကြည်ပါတယ်။ ကျွန်တော့အနေနဲ့ လက်ရှိအချိန်မှာ ကြံ့ခိုင်မှုအကောင်းဆုံးအနေအထားမှာ ရှိနေပါတယ်။ ဒါကြောင့် လီဂူးမှာပဲဖြစ်စေ၊ ဒါမှမဟုတ် တခြားလိဂ်မှာဖြစ်စေ ကျွန်တော့်အနေနဲ့ ထိပ်တန်းခြေစွမ်းကိုပြသနိုင်ဦးမယ်လို့ယုံကြည်ပါတယ်။ ဒါပေမဲ့ မိုနာကိုအသင်းမှာ ကျွန်တော်အစစအရာရာအဆင်ပြေနေပါတယ်။ ပြီးတော့ အသင်းနဲ့လည်း စာချုပ်သက်တမ်းက တစ်နှစ်ကျန်ရှိနေပါသေးတယ်" ဟုပြောကြားခဲ့သည်။

ဖယ်လ်ကာအိုသည် မိုနာကိုအသင်းအတွက် ယခုရာသီပြိုင်ပွဲစုံ (၃၁)ပွဲတွင် (၁၃)ဂိုးသွင်းယူပေးထားသည်။

မိုနာကိုအသင်းသည် လက်ရှိရာသီတွင် လီဂူးပွဲစဉ် (၃၂)အပြီး၌ ရမှတ် (၃၂)မှတ်ဖြင့် အမှတ်ပေးဇယား၏ အဆင့် (၁၆)နေရာတွင်ရပ်တည်နေပြီး တန်းဆင်းဇုန်ဖြစ်သည့် အဆင့် (၁၈)နေရာမှ ဒီယွန်းအသင်းနှင့် (၄)မှတ်သာကွာဟနေသည့်အတွက် လက်ကျန်ပွဲစဉ်များတွင် အနိုင်ရလဒ်ရရှိရေးအတွက် ကြိုးစားရမည်ဖြစ်သည်။

Most Read

Most Recent