စိတ်လှုပ်ရှားဖွယ် အခိုက်အတန့်၊ အပြန်အလှန်သွင်းဂိုးများနဲ့ ဖျော်ဖြေမှုပေးနိုင်ခဲ့ပြီး အဝေးဂိုးနဲ့နောက်တစ်ဆင့်တက်ခဲ့တဲ့ စပါး

စိတ်လှုပ်ရှားဖွယ် အခိုက်အတန့်၊ အပြန်အလှန်သွင်းဂိုးများနဲ့ ဖျော်ဖြေမှုပေးနိုင်ခဲ့ပြီး အဝေးဂိုးနဲ့နောက်တစ်ဆင့်တက်ခဲ့တဲ့ စပါး
Photos : AFP
Photos : AFP
Published 18 April 2019

ဧပြီလ(၁၇)ရက်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်(ဒုတိယအကျော့) ပွဲစဉ်(၂)ပွဲအပြီးမှာ စပါး၊ လီဗာပူးလ်အသင်းတွေကတော့ ဆီမီးဖိုင်နယ်တက်ရောက်နိုင်ခဲ့ပါတယ်။

စပါးအသင်းဟာ အဝေးကွင်းမှာ မန်စီးတီးကို အရေးနိမ့်ခဲ့ပေမယ့် အဝေးဂိုးစည်းမျဉ်းနဲ့ နောက်တစ်ဆင့်ကို တက်ရောက်ခဲ့ပါတယ်။

ပွဲအစ(၁၁)မိနစ်အတွင်းမှာပဲ (၂)သင်းစလုံး အပြန်အလှန်ဂိုးတွေသွင်းခဲ့ပြီး (၂)ဂိုးစီသရေကျခဲ့တဲ့အထိ ဖြစ်ခဲ့ပါတယ်။

စပါးအဖို့ကတော့ VAR ဆုံးဖြတ်ချက်တွေကြောင့် ကံကောင်းခဲ့တယ်လို့ ဆိုရမှာဖြစ်ပြီး လော်ရန်တေး သွင်းယူတဲ့ တတိယဂိုးနဲ့ နာကျင်အချိန်ပိုမှာ မန်စီးတီးဘက်ကို (၅)ဂိုးမြောက်ပေးခဲ့ရပေမယ့် VAR ကြည့်ပြီး ဆုံးဖြတ်ချက်ချခဲ့လို့ ကံကောင်းလွန်းခဲ့ပါတယ်။

မန်စီးတီးရဲ့ဂိုးတွေကို စတာလင်(၂ ဂိုး)၊ ဘာနာဒိုဆေးလ်ဗား၊ အဂွဲရိုးတို့က သွင်းယူခဲ့ပြီး စပါးအတွက် ဆွန်ဟောင်မင်(၂ ဂိုး)၊ လော်ရန်တေးတို့က ပြန်သွင်းခဲ့ပါတယ်။

စပါးအသင်းအဖို့ ချန်ပီယံလိဂ်ခေတ်မှာ ဆီမီးဖိုင်နယ်ကိုတက်ရောက်နိုင်တဲ့ (၇)သင်းမြောက် အင်္ဂလန်ကလပ်အဖြစ် မှတ်တမ်းဝင်စေခဲ့ပါတယ်။

မန်စီးတီးအသင်းနဲ့ နည်းပြ ဂွါဒီယိုလာတို့ကတော့ အင်္ဂလန်ဘောလုံးသမိုင်းမှာ သမိုင်းစံချိန်တင်နိုင်မယ့် အခွင့်အရေးနဲ့လွဲချော်ခဲ့ရပါတယ်။

ပေါ်တို-လီဗာပူးလ်ပွဲမှာတော့ လီဗာပူးလ်အသင်းက ဂိုးပြတ်ထပ်အနိုင်ယူခဲ့ပါတယ်။

အစောပိုင်းမှာ ပေါ်တိုအသင်း ကစားပုံပိုကောင်းပေမယ့် ပထမဂိုးပေးလိုက်ရပြီးနောက်ပိုင်း စိတ်ဓာတ်ပိုင်းပါ ကျသွားခဲ့ရတယ်။

လီဗာပူးလ်အသင်းအတွက် ဂိုးတွေကို မာနေ၊ ဆာလာ၊ ဖေမီနိုနဲ့ ဗန်ဒိုက်တို့က သွင်းယူခဲ့ပြီး ပေါ်တိုရဲ့ချေပဂိုးတစ်ဂိုးကို ရီးယဲလ်ကိုပြောင်းတော့မယ့် မီလီတိုက သွင်းပေးခဲ့ပါတယ်။

■ ချန်ပီယံလိဂ်ရလဒ်များ

မန်စီးတီး ၄-၃ စပါး

(နှစ်ကျော့ပေါင်း ၄-၄ အဝေးဂိုးဖြင့် စပါးနိုင်)

ပေါ်တို ၁-၄ လီဗာပူးလ်

(နှစ်ကျော့ပေါင်း ၆-၁ ဂိုးဖြင့် လီဗာပူးလ်နိုင်)

■ စီးရီးအေပွဲကျန်ရလဒ်

လာဇီယို ၂-၀ အူဒီးနီးစ်

■ လီဂူးပွဲကျန်ရလဒ်

နန့်စ် ၃-၂ PSG

 

Most Read

Most Recent