ချန်ပီယံလိဂ်ဘုရင်ဘွဲ့ကို စီရော်နယ်လ်ဒို စွန့်လွှတ်ရတော့မည်လားဟု BBC မေးခွန်းထုတ်

ချန်ပီယံလိဂ်ဘုရင်ဘွဲ့ကို စီရော်နယ်လ်ဒို စွန့်လွှတ်ရတော့မည်လားဟု BBC မေးခွန်းထုတ်
Photos: AFP,BBC
Photos: AFP,BBC
Published 17 April 2019

 

မနေ့ကယှဉ်ပြိုင်ကစားခဲ့သောချန်ပီဝံလိဂ်ပွဲစဉ်ဖြစ်သည့် အေဂျက်စ်အသင်းနှင့်ပွဲအပြီးတွင် BBC က ချန်ပီယံလိဂ်ဘုရင်ဘွဲ့ကို စီရော်နယ်လ်ဒို စွန့်လွှတ်ရတော့မည်လားဟု မေးခွန်းထုတ်ခဲ့သည်။

အေဂျက်စ်အသင်းနှင့် ချန်ပီယံလိဂ်ဒုတိယအကျော့ပွဲစဉ်မှ သွင်းဂိုးသည် စီရော်နယ်လ်ဒို၏ ချန်ပီယံလိဂ်သွင်းဂိုး (၁၂၆)ဂိုးမြောက်ဖြစ်ခဲ့ပြီး ချန်ပီယံလိဂ်ရှုံးထွက်အဆင့် ပွဲစဉ်များတွင်  (၆၅)ဂိုးမြောက်သွင်းဂိုးနှင့် ကွာတားဖိုင်နယ်အဆင့်၌ (၂၅)ဂိုး မြောက်သွင်းဂိုးများအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။

၂၀၁၅-၁၆ ရာသီမှ စတင်ရေတွက်ပါက စီရော်နယ်လ်ဒိုသည် ချန်ပီယံလိဂ် (၄၈)ပွဲကစားခဲ့ရာ (၄၉)ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု (၁၄)ကြိမ်ပြုလုပ်ထားကြောင်း သိရသည်။ သို့သော် BBC ကဖော်ပြသော ၂၀၀၅-၀၆ ရာသီနောက်ပိုင်းစီရော်နယ်လ်ဒိုနှင့် မက်ဆီတို့၏ တစ်ရာသီပျမ်းမျှချန်ပီယံလိဂ်သွင်းဂိုးဂရပ်ဖ်တွင် မက်ဆီက ယခု နှစ်တွင်အသာစီးပြန်လည်ရယူနိုင်ခဲ့ပြီး စီရော်နယ်လ်ဒို၏ ချန်ပီယံလိဂ်သွင်းဂိုး အရေအတွက်ကို လိုက်မီရန် (၁၅)ဂိုးသာလိုအပ်တော့သည်။

ထို့ကြောင့် လာမည့်နှစ်များအတွင်း ဂျူဗင်တပ်စ်အသင်းနှင့် ချန်ပီယံလိဂ်အောင်မြင်မှုများ မရယူနိုင်ပါက မက်ဆီကကျော်ဖြတ်သွားဖွယ်ရှိကြောင်း BBCက ဖော်ပြခဲ့သည်။

 

 

Most Read

Most Recent