လာဇီယို အသင်းနောက်ခံလူ အဆာဘီ၏ အကျႌကိုင်ဆောင်၍ အောင်ပွဲခံခဲ့သော ကက်ဆီးနှင့် ဘာကာယိုကိုအား အီတလီအစိုးရရှေ့နေ စွဲချက်တင်ရန် စီစဉ်

လာဇီယို အသင်းနောက်ခံလူ အဆာဘီ၏ အကျႌကိုင်ဆောင်၍ အောင်ပွဲခံခဲ့သော ကက်ဆီးနှင့် ဘာကာယိုကိုအား အီတလီအစိုးရရှေ့နေ စွဲချက်တင်ရန် စီစဉ်
Photos: AFP
Photos: AFP
Published 17 April 2019

 

ပြီးခဲ့သည့်လာဇီယိုအသင်းနှင့် စီးရီးအေ အိမ်ကွင်းပွဲစဉ်ပြီးဆုံးချိန်၌  ပြိုင်ဘက်လာဇီယို အသင်းနောက်ခံလူ အဆာဘီ၏ အကျႌကိုင်ဆောင်၍ အောင်ပွဲခံခဲ့သော အေစီမီလန်ကွင်းလယ်လူ ကက်ဆီးနှင့် ဘာကာယိုကိုတို့ကို စွဲချက်တင်ရန် အီတလီအစိုးရရှေ့နေတစ်ဦးဖြစ်သူ ပီကိုရာရို စီစဉ်နေကြောင်းသိရသည်။

အေစီမီလန်နှင့် လာဇီယိုအသင်းတို့ပွဲစဉ်မတိုင်မီတွင် အေစီမီလန်နောက်ခံလူ အဆာဘီက " အေစီမီလန်အသင်းနဲ့ ကျွန်တော်တို့အသင်းကို မနှိုင်းယှဉ်ပါနဲ့၊ ကျွန်တော်တို့က ပိုကောင်းပါတယ်" ဟု အင်တာဗျူး အစီအစဉ်၌ပြောကြားခဲ့သည်။ ယင်းပြောကြားမှုကို မကျေနပ်ဘဲ အေစီမီလန်ကွင်းလယ်လူ ဘာကာယိုကိုက "အိုကေ၊ အဆာဘီ၊ စနေနေ့ပွဲကျရင်တွေ့တာပေါ့" ဟုတုံ့ပြန်ခဲ့သည်။ ပွဲအပြီးတွင် အေစီမီလန်က လာဇီယိုကို ကက်ဆီး၏တစ်လုံးတည်းသောအနိုင်ဂိုးဖြင့် (၁-၀)ဂိုးရလဒ်နှင့်အနိုင်ရခဲ့ပြီး အဆာဘီက ဘာကာယိုကိုနှင့်အကျႌချင်းလဲ၍ပြေလည်မှု ရယူခဲ့သည်။

ဘာကာယိုကိုက အနိုင်ဂိုးသွင်းယူခဲ့သည့် ကက်ဆီးနှင့်အတူ ပွဲအပြီးတွင် အဆာဘီ၏ အင်္ကျီကိုင်ဆောင်၍ အရွဲ့တိုက်အောင်ပွဲခံခဲ့ခြင်းဖြစ်သည်။ ယင်းဖြစ်ရပ်အပေါ် အဆာဘီက " အမုန်းတရားအခြေခံတာ အားကစားနည်း မဟုတ်ပါဘူး။ အားနည်းသူတွေရဲ့ သင်္ကေတ ပါ" ဟုဝေဖန်ခဲ့သလို၊ လာဇီယိုတိုက်စစ်မှူး အီမိုဘီလီကလည်း ကလေးဆန်သောလုပ်ရပ်ဟု ပြစ်တင်ခဲ့သည်။ အီတလီဘောလုံးအဖွဲ့ချုပ်က ပြန်လည်စစ်ဆေးမည်မဟုတ်ကြောင်း ကြေညာခဲ့သော်လည်း ယခုအခါ အီတလီအစိုးရ ရှေ့နေပီကိုရာရိုက ပြန်လည်စစ်ဆေး၍စွဲချက်တင်ရန်စီစဉ်နေခြင်းဖြစ်သည်။

ကက်ဆေးနှင့် ဘာကာယိုကိုတို့သည် ၎င်းတို့၏လုပ်ရပ်ကို ပြန်လည်တောင်းပန်ခဲ့သည်။ အေစီမီလန်နှင့် လာဇီယိုအသင်းတို့ပွဲအပြီးတွင် အချင်းများခဲ့ကြသည့် အေစီမီလန်မှ ဘာတိုလက်ခီ၊ မူဆာခီယို၊ လာဇီယိုမှ ဖိလစ်ပီနှင့် ပက်ထရစ်တို့ ဒဏ်ငွေတစ်သောင်းစီချမှတ်ခံရသည်။   

 

Most Read

Most Recent