ဘင်္ဂါလီ အစွန်းရောက် အကြမ်းဖက်များက မီးရှို့ဖျက်ဆီးခဲ့သည့် မောင်တောမြို့မြောက်ပိုင်း တိုင်းရင်းသားကျေးရွာများရှိ ကျေးရွာအချို့မှ ဒေသခံ တိုင်းရင်းသားများ၏ စကားသံများ

ဘင်္ဂါလီ အစွန်းရောက် အကြမ်းဖက်များက မီးရှို့ဖျက်ဆီးခဲ့သည့် မောင်တောမြို့မြောက်ပိုင်း တိုင်းရင်းသားကျေးရွာများရှိ ကျေးရွာအချို့မှ ဒေသခံ တိုင်းရင်းသားများ၏ စကားသံများ
Published 5 September 2017

သြဂုတ် ၂၅ ရက်မှ စတင်ကာ ဘင်္ဂါလီ အစွန်းရောက် အကြမ်းဖက်အဖွဲ့များက ရဲကင်းစခန်း ၃၀ အား တစ်ပြိုင်နက်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး နောက်ပိုင်းတွင် မောင်တောမြို့နှင့် မောင်တောမြို့ ပတ်ဝန်းကျင်ကျေးရွာများကိုလည်း ဆက်လက် တိုက်ခိုက်ခဲ့သည်။ ထိုသို့ တိုက်ခိုက်မှုကြောင့် အဆိုပါဒေသရှိ ဌာနေ ရခိုင်တိုင်းရင်းသားများမှာ နေရပ်စွန့်ခွာကာ ထွက်ပြေးရလျက် ရှိသည်။ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့ရှိ မီးလောင်မှု အများစုတွင် ဘင်္ဂါလီ အကြမ်းဖက် အစွန်းရောက်များမှာ မိမိနေထိုင်သည့် ကျေးရွာများကို မီးရှို့ကာ ထွက်ပြေးခဲ့ခြင်း ဖြစ်သည်။ ယင်းဖြစ်စဉ်များနှင့် ပတ်သက်ပြီး မီးရှို့ခံရသည့် ကျေးရွာအချို့မှ ဒေသခံ တိုင်းရင်းသားများ၏ စကားသံများကို ဖော်ပြလိုက်ရပါသည်။

ဘင်္ဂါလီ အစွန်းရောက် အကြမ်းဖက်များက မီးရှို့ဖျက်ဆီးခဲ့သည့် မောင်တောမြို့မြောက်ပိုင်းရှိ တိုင်းရင်းသားကျေးရွာ တစ်ရွာကို တွေ့ရစဉ်

■ ကိုင်းကြီးကျေးရွာမှ ကိုဝင်းမောင်

မီးလောင်နေတဲ့ ရွာက ဇော်မတက် ကျေးရွာအုပ်စု ဆိုခီနာမကျေးရွာပါ။ သူတို့ ဘင်္ဂါလီ ကုလားတွေက ကိုယ့်အိမ်ကို ကိုယ်မီးရှို့ပြီးတော့ ထွက်ပြေးသွားပါတယ်။

ဒါကို သူတို့လုပ်ရတဲ့ အကြောင်းရင်းက နိုင်ငံတကာက ကမ္ဘာက အခွင့်အရေးလိုလို့ပါ။ ကမ္ဘာကို ပုံကြီးချဲ့ပြီးတော့ တိုင်ထားပြီးတော့ အခွင့်အရေးလိုချင်လို့ မီးရှို့ပြီးတော့ ထွက်ပြေးသွားတာပါ။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ကျွန်တော်တို့ ရွာသားတွေ အဲဒီရွာကို သွားလို့ မရဘူး။ မသွားနိုင်ပါဘူး။ သူတို့က အိမ်ကို မီးရှို့တယ်။ မိုင်းဗုံးတွေ ထောင်ထားတယ်။ အမျိုးမျိုး လုပ်ထားပါတယ်။ ရွာချင်း ကပ်နေတော့ အများကြီး စိုးရိမ်စရာတွေ ဖြစ်လာပါတယ်။ ကျွန်တော်တို့ရွာမှာ ကျေးရွာသား ယောကျ်ားတွေ ၅၀ လောက်ပဲ ရှိပါတယ်။

မိန်းမတွေ ကလေးတွေ တစ်ယောက်မှ မထားနိုင်ဘူး။ ကယ်ဆယ်ရေးစခန်းတွေမှာ သွားထားရပါတယ်။ အရင် အဲဒီရွာ ကျွန်တော်တို့ ရခိုင်ရွာက သွားလာလို့ ရပါတယ်။ အခုက တစ်ယောက်မျက်နှာ တစ်ယောက် မကြည့်နိုင် ဖြစ်နေကြပါပြီ။ မီးလောင်တဲ့ရွာက အားလုံး အိမ်ခြေ ၂၀၀၀ လောက် ရှိမယ်။ အကုန်လုံးက ဘင်္ဂါလီတွေချည်းပဲ။ ကျွန်တော်တို့ တိုင်းရင်းသားရွာက အိမ်ခြေ ၇၀ လောက်ပဲ ရှိတယ်။ သြဂုတ် ၂၅ ရက်မှာ ဒီရွာကို တိုက်မယ်ဆိုတာ ကြားတော့ သတိဝီရိယနဲ့ နေခဲ့တယ်။ ဒါပေမဲ့ တိုက်တော့ မတိုက်ခဲ့ဘူး။ စကား အော်ကျယ် အော်ကျယ် ပြောထားတွေရှိပါတယ်။ အစ်ကိုတို့ကျေးရွာက လမ်းပန်းဆက်သွယ်ရေး မကောင်းတော့ စားရေးသောက်ရေးတော့ အခက်အခဲ ရှိတာပေါ့။ သွားချင်တဲ့နေရာကို မသွားရဘူး။ ဈေးလေးဘာလေး ဝယ်ချင်လို့ သွားမယ်ဆိုရင် ဒီကနေ မိုင်၂၀ လောက်ဝေးတဲ့ ဘူးသီးတောင်ကို သွားရတယ်။ မောင်တောက ဘယ်သူမှ မသွားရဘူးလေ။ ဆိုင်တွေကလည်း ပိတ်ထားတယ်လေ။ ဒီမှာတော့ မိသားစု မရှိတော့ဘူး။ မိန်းမလည်း မရှိတော့ဘူး။ အသက်ကြီးတဲ့သူတွေ မရှိဘူး။ ယောက်ျားလေး သန်သန်မာမာပဲ ရှိပါတယ်။ ပြီးခဲ့တဲ့ဖြစ်စဉ်မှာ ကိုင်းကြီးအထက်ရွာက မြိုရှစ်ယောက် အသတ်ခံရတယ်။ ခုနစ်လောင်း ပြန်ရတယ်။ တစ်လောင်းကတော့ အခု မတွေ့သေးပါဘူး။

■ ဒေသခံ အမျိုးသမီးတစ်ဦး

အုန်းတောရွာက ကုလားရွာပါ။ ကျွန်မတို့ရွာကို လုံခြုံရေးတွေ လာတုန်းကလည်း အဲဒီရွာကပဲ ဗုံးထောင်တာပါ။ အဲဒီရွာကို မိုင်းရှင်းပြီးတော့ အလယ်သံရွာကို ကယ်ဖု့ိ သွားတယ်။ သူတို့သွားလို့ ဝါးတစ်လံတောင် မရှိဘူး။ မိုင်းတွေ ပြန်ထောင်ပါတယ်။ ဒီရွာရှိနေရင် ကျွန်မတို့ ရွာက မလုံခြုံပါဘူး။ အခုလည်း သူတို့က သူတို့ရွာကို မီးရှို့ပြီးတော့ သွားတာပါ။ ကျွန်မတု့ိရွာမှာ လူသိပ်မကျန်ဘူး။ မိန်းမဆိုလို့ လေးငါးယောက်ပဲ ရှိတယ်။ ကျွန်မတို့ တိရစ္ဆာန်လေးတွေကို စောင့်ရှောက်ဖို့ အသက်စွန့် ကျန်ခဲ့တာပါ။ ကျန်တဲ့ သူတွေကတော့ စစ်တွေကို သွားကြပါပြီ။ အဲဒီရွာမှာတော့ ကုလားတွေတော့ မရှိဘူးထင်တယ်။ ကုလားတွေက ညဘက်ဆိုရင် ကျွန်မတို့ကို ဓာတ်မီးနဲ့ ထိုးပြီးတော့ ခြိမ်းခြောက်တဲ့ပုံစံမျိုး လုပ်ပါတယ်။ မီးရှို့လိုက်တော့ သူတို့ထောင်တဲ့ လက်လုပ်မိုင်းတွေ ပေါက်တာပါ။ သြဂုတ် ၂၅ ရက်က အဲဒီရွာက ကုလားတွေ မိုင်းတွေ ထောင်တယ်။ ဆွဲမိုင်း ထောင်ထားတယ်။ အကုန်လုံး စီတန်းပြီးတော့ တုတ်၊ ဓားတွေနဲ့ အဲဒီထိပ်မှာ စောင့်နေကြတာပါ။ ကျွန်မတို့ ရွာက လူတွေကတော့ ရဲဂိတ်မှာ ရဲတွေရှိပေမယ့် လုံခြုံသလို မခံစားတော့ တပ်ရင်းထဲမှာ ဝင်အိပ်ခဲ့ရပါတယ်။

■ အောင်ဇေယျ ရွာသားတစ်ဦး

အခြေအနေက ကျီးလန့်စာ စားနေရပါတယ်။ လူအုပ်စုလိုက်လည်း နေရပါတယ်။ ရွာက လူတွေလည်း ပြေးတာတွေ ရှိပါတယ်။ ဘယ်ကိုပြောင်းမှာလဲ ဆိုတော့ ကျောက်ကော်၊ မြောက်ဦး၊ စစ်တွေ အမျိုးတွေရှိတဲ့ နေရာကို ပြောင်းကြတာပါ။
ရွာမှာတော့ လူ ၄၀ ကျော်ပဲ ကျန်ပါတော့တယ်။ သူတို့လာဖို့က အခက်အခဲရှိတယ်။ လမ်းမှာ မိုင်းတွေ ရှိတယ်။ တိုက်ပွဲတွေလည်း ရှိတယ်။ အဲဒါကြောင့်ပါ။ ရွာမှာတော့ စားဝတ်နေရေး အခက်အခဲရှိတယ်။ ရိက္ခာလည်း ပြတ်နေပါပြီ။ ကူညီတဲ့ အဖွဲ့တွေလည်း မရောက်သေးပါဘူး။ လမ်းခြေအနေက စိုးရိမ်ရလို့တော့ ပြောတာပါပဲ။ အခုလည်း ဒီကိုလာတာ အရဲစွန့်ပြီး လာရတာပါ။ ဒီကို လာရတာကတော့ ဆေးပြတ်သွားလို့ပါ။ ကျန်းမာရေး မကောင်းတာတွေ ရှိပါတယ် ရွာမှာပါ။ ရွာအတွက်တော့ ဆေးဝါးနဲ့ ရိက္ခာတွေ လိုအပ်ပါတယ်။ ကျန်းမာရေး မကောင်းတဲ့သူတွေ ရှိပါတယ်။ ဆရာဝန်လည်း မရှိဘူး။ အဲဒီလို ပိတ်မိနေတဲ့ ရွာတွေလည်း ရှိတယ်လို့ ပြောသံကြားပါတယ်။ ရွာက လူတွေကတော့ တောတောင်ပေါ်မှာ ပုန်းနေရတယ်လို့ ကြားတယ်။ အောင်ဇေယျရွာက လူတွေကရော ဖြစ်တဲ့နေ့ဆို ကျီးကန်းပြင်ဌာနချုပ်မှာ သွားနေပါတယ်။ ရွာကို ပြန်လာတဲ့သူ ရှိသလို ပြန်မလာတဲ့သူလည်း ရှိပါတယ်။

■ ကိုကျော်စိုးမိုး ကျီးကန်းပြင်အုပ်စု အောင်သာယာ ကျေးရွာ

ရွာအခြေအနေက စိုးရိမ်ကြောင့်ကြမှု များတယ်။ လုံခြုံရေး၊ စားဝတ်နေရေး၊ အသက်အန္တရာယ်ကို စိုးရိမ်နေရပါတယ်။ ရွာက ခြောက်ကပ်နေပါတယ်။ ရွာကလူတွေက အမျိုးသမီးနဲ့ ကလေးတွေက ကျီးကန်းပြင်ကို သွားတိမ်းရှောင်နေပါတယ်။ ရွာမှာတော့ အမျိုးသားတွေ နေပါတယ်။ မောင်တော၊ ဘူးသီးတောင်ကို ဖြတ်သွားလို့ မရဘူး။ လမ်းမှာ မိုင်းထောင်ထားတယ်လို့ သိရတယ်။ ရွာနားမှာတော့ တိုက်ပွဲဖြစ်တာ မရှိပါဘူး။ ကျွန်တော့် ရွာဆိုရင် မောင်တောနဲ့ ၁၂ မိုင် ဝေးပါတယ်။ မောင်တောကို သွားမယ်ဆို ဘင်္ဂါလီရွာတွေ ဖြတ်သွားရပါတယ်။ ရွာသားတွေက မြို့ကို သွားလို့မရပါဘူး။ လတ်တလောမှာတော့ အနီးက ရွာတွေမှာလည်း အခက်အခဲတွေ အများကြီး ရှိပါတယ်။ တာဝန်ရှိတဲ့ လူတွေလည်း တစ်ယောက်မှ မရောက်ပါဘူး။ ကျွန်တော်တို့ မောင်တောကို နှစ်ယောက်တည်း တက်လာပါ။ လမ်းမှာတော့ ဖြတ်သွားဖြတ်လာ ဆိုင်ကယ်တွေတော့ ရှိပါတယ်။ တက်လာတာရတော့ ကျန်းမာရေး အခြေအနေပါ။ နေမကောင်းတဲ့လူတွေ ရွာမှာရှိလို့ ဆေးဝယ်ဖို့ တက်လာပါ။ ဆေးဆိုင်တွေလည်း ပိတ်ထားလို့ ဆေးလည်း မရပါဘူး။

Most Read

Most Recent