ပရီးမီးယားလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 7 October 2018

 

ဖူလ်ဟမ် နှင့် အာဆင်နယ် (တနင်္ဂနွေညနေ ၅း၃၀ နာရီ)

ဖူလ်ဟမ်က နောက်ဆုံးကစားခဲ့တဲ့ပွဲတွေထဲမှာ အဲဗာတန်ကို (၃)ဂိုး၊ မန်စီးတီးကို (၃)ဂိုးပေးရပြီး၊ ဘန်လေနဲ့ ဘရိုက်တန်ကို (၂)ဂိုးစီပေးရတယ်။ ဖူလ်ဟမ်ခံစစ်က ဂိုးတွေ ခွင့်ပြုပေးဖို့အဆင်သင့်ပါပဲ။ တိုက်စစ်ကြောင့် ရလဒ်တွေအရမ်းမဆိုးပေမယ့် အာဆင်နယ်ကိုတော့ ထိုးဖောက်ဖို့ရော၊ ထိန်းချုပ်ဖို့ပါ မလွယ်ပါဘူး။ အာဆင်နယ်ရဲ့ နိုင်ပွဲတွေအပေါ် ယုံကြည်ချက်က အမြင့်ဆုံးရောက်နေတယ်။ ဒီပွဲလည်း နိုင်ပွဲဆက်ပါဦးမယ်။

ဆောက်သမ်တန် နှင့် ချယ်လ်ဆီး (တနင်္ဂနွေည ရး၄၅ နာရီ)

ဆောက်သမ်တန်က ပိုချက်တီနို၊ ရော်နယ်လ်ကိုးမင်းတို့လက်ထက်က အသင်းမျိုးမဟုတ်တော့တာအမှန်ပဲ။ လက်ရှိအသင်းရဲ့ Quality ပိုင်းရော၊ Personality ပိုင်းမှာပါ အားနည်းမှုတွေရှိလာတယ်။ ဆောက်သမ်တန်ရဲ့ လက်ရှိကစားပုံက ခံစစ် အရမ်းအားနည်းသလို၊ တိုက်စစ်ကလည်း အခွင့်အရေးတွေကို Converting လုပ်တဲ့အပိုင်းမှာ အားနည်းတာကို တွေ့ရတယ်။ ဒီအချက်က ချယ်လ်ဆီးကို ဖိအားလျော့စေလိမ့်မယ်။ ဒီပွဲမှာ အဝေးကွင်းဖြစ်နေတယ်ဆိုရင်တောင် ချယ်လ်ဆီးအနေနဲ့ ဆောက်သမ်တန်ကို စိုးရိမ်စိတ်နဲ့ ကစားစရာမလိုပါဘူး။ ပွဲကို စိုးမိုးထားပြီး Tempo ကို သူတို့လိုသလို ထိန်းချုပ်ထားလိမ့်မယ်။ ဒီလို ထိန်းချုပ်ဖို့အတွက်လည်း ကိုဗာချစ်နဲ့ ဂျော်ဂျင်ဟိုတို့က အများကြီးအထောက်အကူဖြစ်စေလိမ့်မယ်။ ချယ်လ်ဆီးရဲ့ ခံစစ်မှာ Confrontation Line က မြင့်လာပြီး ဂိုးသမားနဲ့ ခံစစ်ကစားသမားတွေကြားမှာ Space အကျယ်ကြီးတွေရှိတယ်။ ဒါပေမဲ့ ကွင်းလယ်က ကောင်းကောင်းထိန်းချုပ်ထားတဲ့အတွက် ခံစစ်ကစားသမားတွေ အလွယ်တကူဘောလုံးရှင်းထုတ်နိုင်တာ တွေ့ရပြီး ဒီအနေအထားက ဆောက်သမ်တန်တိုက်စစ်ကို ထိန်းချုပ်နိုင်ဖို့အတွက်လည်း ကောင်းကောင်းလုံလောက်ပါတယ်။ လီဗာပူးလ်နဲ့ မန်စီးတီး ထိပ်တိုက်တွေ့တဲ့အချိန်မှာ ချယ်လ်ဆီးနိုင်ပွဲပြန်ယူထားလိမ့်မယ်။

လီဗာပူးလ် နှင့် မန်စီးတီး (တနင်္ဂနွေည ၁ဝးဝ၀ နာရီ)

မန်စီးတီးအသင်းက အကောင်းဆုံးပုံစံတွေနဲ့အမှတ်ပေးဇယားထိပ်ဆုံးကိုပြန်ရောက်လာခဲ့တယ်။ နည်းပြနှစ်ဦးစလုံးက Control Game ကို နှစ်သက်တဲ့သူတွေဖြစ်ပြီး၊ နှစ်ဦးစလုံးက ဘောလုံးဆုံးချိန်မှာ High Press ကစားရတာကို ကြိုက်တဲ့သူတွေ လည်းဖြစ်တယ်။ ခံစစ်ထက် တိုုက်စစ်ကစားဖို့အတွက်ကို Favour ဖြစ်တဲ့သူတွေဖြစ်ပြီး ဒီနှစ်သင်းတွေ့ဆုံတဲ့ပွဲတွေမှာ High Scoring Tie တွေဖြစ်ခဲ့တာကိုတွေ့ရတယ်။ ဘွန်ဒစ်လီဂါမှာကတည်းက ရင်ဆိုင်ခဲ့တဲ့ ကလော့ပ်နဲ့ ဂွါဒီယိုလာတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေမှာ အရင်ကတော့ ကလော့ပ်က ဖလားပွဲတွေမှာ ပိုကောင်းပြီး၊ ဂွါဒီယိုလာက လိဂ်ပွဲတွေမှာ အသာစီးယူလေ့ရှိခဲ့တယ်။ ဒါပေမဲ့ အင်္ဂလန်မြေကို ရောက်လာတဲ့အချိန်ကစပြီး ကလော့ပ်က လိဂ်ပွဲစဉ်တွေမှာပါ အသာစီးယူလာတာကိုတွေ့ရတယ်။ မနှစ်က မန်စီးတီးကွင်းမှာ ဂွါဒီယိုလာက (၅)ဂိုးပြတ်နိုင်ခဲ့ပေမယ့် လီဗာပူးလ်ကွင်းမှာ လီဗာပူးလ်က နိုင်ခဲ့သလို၊ ချန်ပီယံလိဂ်မှာလည်း လီဗာပူးလ်က နှစ်ကျော့စလုံး အနိုင်ကစားခဲ့တယ်။ လက်ရှိအချိန်မှာ မန်စီးတီးက ပိုကောင်းလာသလိုဖြစ်နေတယ်။ ဒါပေမဲ့ လီဗာပူးလ်တိုက်စစ်ကစားသမားတွေဟာ ပွဲကြီးတွေမှာ ဂိုးသွင်းယူနိုင်ပြီး၊ လီဗာပူးလ်ကွင်းလယ်နဲ့ ခံစစ်ကလည်း မန်စီးတီးကို ထိန်းချုပ်နိုင်မှာပါ။ လီဗာပူးလ်ကိုပဲ ကြိုက်တယ်။

Most Read

Most Recent