ဘွန်ဒစ်လီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ဘွန်ဒစ်လီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 6 October 2018

 

ဒေါ့မွန် နှင့် အော့စ်ဘတ် (စနေည ၈းဝ၀ နာရီ)

ဘွန်ဒစ်လီဂါမှာ အဝေးကွင်းနိုင်ပွဲစရသွားတာက ဒေါ့မွန်အသင်းရဲ့ယုံကြည်မှုကို ပိုမိုမြင့်တက်စေနိုင်တယ်။ အော့စ်ဘတ်ကတော့ ဒီရာသီအဝေးကွင်းပွဲတွေမှာ ရလဒ်မဆိုးဘူး။ ဒါပေမဲ့ လက်ရှိတိုက်စစ်ကစားပုံနဲ့ ဒေါ့မွန် ဂိုးပြတ်နိုင်မှာပါ။

ဟန်နိုဗာ နှင့် စတုဂတ် (စနေည ၈းဝ၀ နာရီ)

စတုဂတ်အသင်းက ပြီးခဲ့တဲ့ပွဲမှာ နိုင်ပွဲစတင်ရယူနိုင်ခဲ့ပါပြီ။ အခုပွဲလည်း အဲဒီအရှိန်နဲ့ စတုဂတ် အဝေးကွင်းမှာ နိုင်ပွဲ ဆက်ယူလိမ့်မယ်။

မိန့်ဇ် နှင့် ဟာသာဘာလင် (စနေည ၈းဝ၀ နာရီ)

ဘိုင်ယန်ကို အနိုင်ကစားထားပေမယ့် ဟာသာဘာလင်ရဲ့ အဝေးကွင်းရလဒ်ပိုင်းက သတိထားစရာပါ။ အိမ်ကွင်းမှာတော့ မိန့်ဇ် အနိုင်နဲ့ သရေပါပဲ။

ဒစ်ဆယ်ဒေါ့ဖ် နှင့် ရှော်လ်ကေး (စနေည ၈းဝ၀ နာရီ)

ဒစ်ဆယ်ဒေါ့ဖ်အသင်းကတော့ တဖြည်းဖြည်း အခြေအနေဆိုးလာနေတယ်။ နိုင်ပွဲစရထားတဲ့ ရှော်လ်ကေး အနိုင်ကစားဖို့များတယ်။

ဘိုင်ယန်မြူးနစ် နှင့် မိုချန်ဂလာဘတ် (စနေည ၁၁းဝ၀ နာရီ)

နီကိုကိုဗက်ကတော့ ဘိုင်ယန်မြူးနစ်နည်းပြဘဝ ပထမဆုံးရှုံးပွဲအရသာကို စတင်မြည်းစမ်းခဲ့ရပြီ။ ဘွန်ဒစ်လီဂါမှာလည်း နိုင်ပွဲပျောက်တာ (၂)ပွဲဆက်ရှိပြီဆိုတော့ အသင်းမှာ ဖိအားအနည်းငယ်ဝင်လာလိမ့်မယ်။ အိမ်ကွင်းပွဲမှာ ဘိုင်ယန် ဘွန်ဒစ်လီဂါနိုင်ပွဲ ပြန်ရဖို့ကြိုးစားမှာ ယုံမှားသံသယရှိစရာမလိုပေမယ့် ကြားထဲမှာ ချန်ပီယံလိဂ်ကစားထားတာရယ်၊ အသင်းက နီကိုကိုဗက် လက်ထဲမှာ အခုချိန်အထိ အပြောင်းအလဲများပြီး တည်ငြိမ်မှုမရှိသေးတာ ထည့်တွက်သင့်ပါတယ်။ မိုချန်ဂလာဘတ်ကတော့ ဥရောပပွဲမရှိသလို၊ အမာခံကစားသမားပိုင်းကလည်း တဖြည်းဖြည်းအထိုင်ကျလာတာတွေ့ရတယ်။ ဘိုင်ယန် နိုင်ပွဲပြန်တွေ့ဖို့ ရှိပေမယ့် လိုအပ်သလောက် ဂိုးပြတ်မယ်မထင်ဘူး။

 

 

 

 

Most Read

Most Recent