ဂိုးပြတ်နိုင်ပွဲနဲ့ အမှတ်ပေးဇယားထိပ်ဆုံးကိုရောက်လာတဲ့ လီဗာပူးလ်

ဂိုးပြတ်နိုင်ပွဲနဲ့ အမှတ်ပေးဇယားထိပ်ဆုံးကိုရောက်လာတဲ့ လီဗာပူးလ်
Published 28 October 2018

■ လီဗာပူးလ် ၄-၁ ကာဒစ်ဖ်

ပရီးမီးယားလိဂ်ပွဲစဉ် (၁၀) စနေညရဲ့ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ လီဗာပူးလ် – ကာဒစ်ဖ်ပွဲစဉ်မှာတော့ လီဗာပူးလ်အသင်းက (၄-၁) ဂိုးနဲ့ အနိုင်ရပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နိုင်ခဲ့ပါတယ်။

လီဗာပူးလ်ရဲ့ ပွဲထွက်စာရင်းမှာ ဒဏ်ရာရနေတဲ့ ဟန်ဒါဆန်နဲ့ ကီတာကလွဲပြီး လူစုံပါဝင်ခဲ့ပြီး တိုက်စစ်မှာတော့ ဆာလာ၊ ဖေမီနိုနဲ့ မာနေတို့ ကစားခဲ့ကြပါတယ်။

ကာဒစ်ဖ်ကတော့ (၄-၄-၁-၁) ပုံစံနဲ့ ပွဲထွက်ခဲ့ပြီး တိုက်စစ်မှာ ပတ်တာဆန်ကိုအထောင်ထားကာ အဓိကကစားသမားအစုံအလင်နဲ့ ယှဉ်ပြိုင်ခဲ့တာပါ။

လီဗာပူးလ်ဟာ ပွဲစကတည်းက ကာဒစ်ဖ်အသင်းကို တစ်ဖက်သက်နီးပါး ဖိကစားခဲ့ပြီး ပွဲချိန် (၁၀) မိနစ်မှာပဲ ဦးဆောင်ဂိုးရရှိခဲ့ပါတယ်။ ဒီဂိုးကို နောက်ပိုင်းပွဲစဉ်တွေမှာ ဂိုးပေါက်ပြန်တွေ့နေတဲ့ ဆာလာက မာနေ၊ ဝိုင်နယ်လ်ဒမ်းတို့ရဲ့

ကန်ချက်တွေကနေ ပြန်ကန်ထွက်လာတဲ့ဘောလုံးကို ဂိုးပေါက်နဲ့အနီးကပ်အနေအထားကနေ အပြင်းကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

အဲဒီနောက်ပိုင်းမှာ လီဗာပူးလ်တို့ပဲ တောက်လျှောက်ဖိကစားခဲ့ပြီး ဂိုးသွင်းခွင့်တွေလည်းရရှိခဲ့ပါတယ်။ ဒါပေမဲ့ တိုက်စစ်ကစားသမားတွေ ဂိုးသွင်းမသေချာတာကြောင့် ဂိုးထပ်မရခဲ့ဘဲ ပထမပိုင်းမှာ (၁-၀) ဂိုးနဲ့ပဲဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း လီဗာပူးလ်ကပဲ ဆက်လက်ဖိအားပေးကစားသွားခဲ့ပြီး ဂိုးသွင်းခွင့်တွေတောက်လျှောက်ရရှိခဲ့ပါတယ်။ ဒါကြောင့် ပွဲချိန် (၆၆) မိနစ်မှာ မာနေက လီဗာပူးလ်အတွက် ဒုတိယဦးဆောင်ဂိုးကိုသွင်းယူပေးနိုင်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ လီဗာပူးလ်မထင်မှတ်ဘဲ ချေပဂိုးပြန်ပေးလိုက်ရပါတယ်။ ကာဒစ်ဖ်အသင်းအတွက်တစ်လုံးတည်းသောချေပဂိုးကို အထောင်တိုက်စစ်မှူး ပတ်တာဆန်က ဂိုးသမားနဲ့ အနီးကပ်အနေအထားကနေ ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒီဂိုးကြောင့် အန်ဖီးလ်ကွင်းမှာ ဖေဖော်ဝါရီလနောက်ပိုင်း ဂိုးလုံးဝမပေးရတဲ့ လီဗာပူးလ်အသင်းရဲ့ (၉၁၈) မိနစ်ကြာစံချိန် ကျိုးပျက်ခဲ့ရပါတယ်။

မထင်မှတ်ဘဲချေပဂိုးတစ်ဂိုးပေးလိုက်ရပြီးနောက်မှာ လီဗာပူးလ်ဟာ စိုးရိမ်သွားပုံရပြီး ဂိုးတွေထပ်ရဖို့တိုက်စစ်မြှင့်ကစားခဲ့ပါတယ်။ အထူးသဖြင့် ဒီနေ့ပွဲစဉ်မှာ ဆာလာဟာ ခြေပေါ်ခဲ့ပြီး ကိုယ်တိုင် (၁) ဂိုးသွင်းနိုင်ခဲ့သလို၊ ဂိုးဖန်တီးမှု (၂) ကြိမ်ပြုလုပ်နိုင်ခဲ့တာလည်းတွေ့ရပါတယ်။

လီဗာပူးလ်အတွက် နောက်ထပ်အနိုင်ဂိုးတွေကိုတော့ ပွဲချိန် (၈၄) မိနစ်နဲ့ (၈၇) မိနစ်တွေမှာ ဆာလာရဲ့ဖန်တီးမှုတွေကနေ ရှာကီရီနဲ့ မာနေတို့က သွင်းယူခဲ့ကြတာဖြစ်ပါတယ်။

ဒီပွဲမှာ အနိုင်ရရှိခဲ့တာကြောင့် လီဗာပူးလ်အသင်းဟာ စပါး – မန်စီးတီးပွဲစဉ်မတိုင်မီ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာကို တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

 

■ ယနေ့ကစားသည့်ပွဲစဉ်များ ရလဒ်

ဘရိုက်တန် ၁-၀ ဝုလ်ဗ်

ဖူလ်ဟမ် ၀-၃ ဘုန်းမောက်

လီဗာပူးလ် ၄-၁ ကာဒစ်ဖ်

ဆောက်သမ်တန် ၀-၀ နယူးကာဆယ်

ဝက်ဖို့ဒ် ၃-၀ ဟတ်ဒါဖီးလ်

 

လာလီဂါ

ဟီရိုနာ ၂-၁ ဗယ်လက်ကာနို

ဘီလ်ဘာအို ၀-၀ ဗလင်စီယာ

 

စီးရီးအေ

အတ္တလန်တာ ၃-၀ ပါးမား

 

ဘွန်ဒစ်လီဂါ

ဒေါ့မွန် ၂-၂ ဟာသာဘာလင်

ဟန်နိုဗာ ၁-၂ အော့စ်ဘတ်

မိန့်ဇ် ၁-၂ ဘိုင်ယန်မြူးနစ်

ဒစ်ဆယ်ဒေါ့ဖ် ၀-၃ ဝုလ်ဖ်ဘတ်

 

လိဂ်ချန်ပီယံလိဂ်ရှစ်

မစ်ဒယ်ဘရော့ ၁-၁ ဒါဘီ

ဘာမင်ဂမ် ၃-၁ ရှက်ဖီးဝင်းစ်ဒေး

ဘော်လ်တန် ၀-၁ ဟားလ်စီးတီး

ဘရစ္စတိုးလ်စီးတီး ၀-၁ စတုတ်စီးတီး

မီဝေါလ် ၃-၀ အစ်ဝစ်ချ်

နောဝစ်ချ် ၁-၀ ဘရန့်ဖို့ဒ်

ပရက်စတန် ၁-၁ ရော့သာဟမ်

ရှက်ဖီးယူနိုက်တက် ၄-၂ ဝီဂန်

ဆွမ်ဆီး ၂-၀ ရက်ဒင်း

ဝက်စ်ဘရွန်း ၁-၁ ဘလက်ဘန်း

Most Read

Most Recent