ချန်ပီယံလိဂ်ဆုဖလားကို ဂျူဗင်တပ်စ်အသင်း မျှော်လင့်ခွင့်မရှိသေးကြောင်း အယ်လီဂရီ ဝန်ခံ

ချန်ပီယံလိဂ်ဆုဖလားကို ဂျူဗင်တပ်စ်အသင်း မျှော်လင့်ခွင့်မရှိသေးကြောင်း အယ်လီဂရီ ဝန်ခံ
Published 24 October 2018

 

ဂျူဗင်တပ်စ်အသင်းနည်းပြ အယ်လီဂရီက လက်ရှိဘောလုံးရာသီတွင် ၎င်းတို့အသင်း ချန်ပီယံလိဂ်ဖလားကို ရယူနိုင်စွမ်းရှိနေသည်ဆိုသော ထင်မြင်ယူဆချက်များအား ငြင်းဆန်ခဲ့သည်။

မန်ချက်စတာယူနိုက်တက်အသင်းကို အဝေးကွင်းတွင် (၁-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့သောပွဲအပြီး သတင်းထောက်များက အယ်လီဂရီအား " ချန်ပီယံလိဂ်ဖလားကို မျှော်လင့်နေပြီလား" ဟု မေးမြန်းခဲ့ရာ အယ်လီဂရီက " လက်ရှိအချိန်မှာ ကျွန်တော့်အသင်းက တိုးတက်ဆဲကာလဖြစ်နေပါတယ်။ ပွဲတိုင်းကို အကောင်းဆုံးချဉ်းကပ်သွားမှာဖြစ်ပြီး အနာဂတ်အတွက် ကြိုမပြောချင်ပါဘူး။ ဂျီနိုအာအသင်းနဲ့ပွဲမှာ ကျွန်တော်တို့အသင်း နိုင်ပွဲရပ်တန့်ခဲ့ပေမယ့်  မန်ချက်စတာယူနိုက်တက်ကို အနိုင်ယူပြီး လမ်းကြောင်းမှန်အပေါ် ပြန်လည်တက်လှမ်းနိုင်ခဲ့လို့ ကျေနပ်ရပါတယ်" ဟု ပြောကြားခဲ့သည်။

မန်ချက်စတာယူ နိုက်တက်အသင်းကို အနိုင်ရရှိခဲ့သဖြင့် ဂျူဗင်တပ်စ်အသင်းသည် ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် အဝေးကွင်း (၅)ပွဲဆက် အနိုင်ရရှိခဲ့သောမှတ်တမ်းကိုပိုင်ဆိုင်ခဲ့သည်။