ဂျူဗင်တပ်စ်နှင့်ပွဲတွင် အလက်ဆစ်ဆန်းချက်ဇ် ပါဝင်ကစားမည်မဟုတ်ဟု မော်ရင်ဟို အတည်ပြု

ဂျူဗင်တပ်စ်နှင့်ပွဲတွင် အလက်ဆစ်ဆန်းချက်ဇ် ပါဝင်ကစားမည်မဟုတ်ဟု မော်ရင်ဟို အတည်ပြု
Published 23 October 2018

မန်ယူအသင်းနည်းပြ မော်ရင်ဟိုက ယနေ့တွင် ဂျူဗင်တပ်စ်အသင်းနှင့်ကစားမည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် အသင်းကစားသမား အလက်ဆစ်ဆန်းချက်ဇ်မှာ ကြံ့ခိုင်မှုမပြည့်ဝခြင်းကြောင့် ပါဝင်ကစားမည်မဟုတ်ဟု အတည်ပြုပြောကြားခဲ့သည်။

ဆန်းချက်ဇ်သည် ယခုရာသီတွင်လည်း ခြေစွမ်းပြကစားနိုင်ခြင်းမရှိဘဲ ရုန်းကန်နေရ ပြီး ပြိုင်ပွဲစုံ ရှစ်ပွဲကစား တစ်ဂိုးသာသွင်းယူ ကာ ဂိုးဖန်တီးမှု တစ်ကြိမ်ပြုလုပ်ထားသည်။

ထို့ပြင် ၎င်းသည် ချယ်လ်ဆီးအသင်းနှင့်ပွဲ အပါအဝင် မန်ယူအသင်း၏ နောက်ဆုံးခုနစ် ပွဲတွင် ပွဲထွက်ကစားသမားအဖြစ် နှစ်ပွဲသာ ကစားခွင့်ရထားသဖြင့် မပျော်မရွှင်ဖြစ်နေ ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ပရီးမီး ယားလိဂ် စံချိန်တင်လစာ တစ်ပတ်လျှင် ပေါင် ငါးသိန်းဖြင့် အာဆင်နယ်အသင်းမှ ပြောင်း ရွှေ့လာသူ ဆန်းချက်ဇ် (၂၉ နှစ်) သည် ယခု အချိန်အထိ ပြိုင်ပွဲစုံ ၂၆ ပွဲကစား လေးဂိုး သာ သွင်းယူထားနိုင်သည်။

ထို့ပြင် ပုံမှန်ပွဲ ထွက်ခွင့်ပါပျောက်ဆုံးနေသောကြောင့် တစ် နှစ်အကြာမှာပင် ပြန်လည်ထွက်ခွာရန် စီစဉ် နေကြောင်း သတင်းများထွက်ပေါ်နေသည်။

အာက်တိုဘာ ၂၂ ရက် လေ့ကျင့်မှုအစီအစဉ်တွင် ဒဏ်ရာ ပြဿနာရှိနေသည့် လင်ဂတ်၊ ဖယ်လေနီ၊ ဖီးလ်ဂျုံးစ်၊ ဒါလော့၊ တွမ်မီနေးတို့လည်း ပါဝင် ခြင်းမရှိဘဲ ချယ်လ်ဆီးနှင့်ပွဲကို လွဲချော်ခဲ့သည့် အသင်းခေါင်းဆောင် ဗလင်စီယာမှာမူ ပြန် လည်လေ့ကျင့်နေပြီဖြစ်သည်။

Most Read

Most Recent