တင်းမာမှုများ လျော့ကျစေရန်အတွက် တရုတ်-အာဆီယံ ရေကြောင်းပူးတွဲစစ်ရေးလေ့ကျင့်မည်

တင်းမာမှုများ လျော့ကျစေရန်အတွက် တရုတ်-အာဆီယံ ရေကြောင်းပူးတွဲစစ်ရေးလေ့ကျင့်မည်
အောက်တိုဘာ ၁၉ ရက်တွင် စင်ကာပူ၌ အာဆီယံ-တရုတ်ကာကွယ်ရေးဝန်ကြီးများ အလွတ်သဘောဆွေးနွေးပွဲ ကျင်းပနေစဉ်
အောက်တိုဘာ ၁၉ ရက်တွင် စင်ကာပူ၌ အာဆီယံ-တရုတ်ကာကွယ်ရေးဝန်ကြီးများ အလွတ်သဘောဆွေးနွေးပွဲ ကျင်းပနေစဉ်
Published 19 October 2018

တရုတ်နှင့် အရှေ့တောင်အာရှနိုင်ငံများသည် ၎င်းတို့၏ ပထမဆုံးရေကြောင်းပူးတွဲ စစ်ရေးလေ့ကျင့်မှုကို လာမည့် သီတင်းပတ်တွင် ကျင်းပမည်ဟု သက်ဆိုင်ရာတာဝန်ရှိသူတို့က အောက်တိုဘာ ၁၉ ရက်တွင်ပြောကြားခဲ့သည်။ ယင်းစစ်ရေးလေ့ကျင့်မှုသည် ဒေသတွင်းတင်းမာမှုတို့ကို လျော့ကျစေရန် ရည်ရွယ်ခြင်းဖြစ်သော်လည်း အမေရိကန်ကို တပ်လှန့်လိုက်သကဲ့သို့ ဖြစ်စေနိုင်သည်။

တောင်တရုတ်ပင်လယ်ထဲရှိ ရေပိုင်နက်အများအပြားအား ပိုင်ဆိုင်သည်ဟု တရုတ်၏ ပြောကြားမှုကြောင့် တရုတ်နှင့် အရှေ့တောင်အာရှကြားတွင် ကွဲလွဲမှုများရှိနေကြသည်။ သို့သော်လည်း နှစ်ဘက်စလုံးသည် တင်းမာနေသော လက်ရှိအခြေအနေမှာ အန္တရာယ်ကြီးစွာထိန်းမနိုင်သိမ်းမရ ဖြစ်သွားမည်ကို ဟန့်တားရန်ကြိုးပမ်းလိုနေကြသည်။ ထိုကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် တရုတ်နှင့် အာဆီယံ ၁၀ နိုင်ငံမှ ရေတပ်များသည် ၎င်းတို့၏ ပထမဆုံးပူးတွဲ စစ်ရေးလေ့ကျင်မှုကို တောင်တရုတ်ပင်လယ်ထဲ၌ ပြုလုပ်ရန် စီစဉ်နေခြင်း ဖြစ်သည်။

“အာဆီယံ-တရုတ်ရေကြောင်းလေ့ကျင့်မှုအတွက် အာဆီယံရေတပ်တွေဟာ တရုတ်ရဲ့ ရှန်းကျောင်းဘက်ကို သွားနေကြပါတယ်” ဟု စင်ကာပူကာကွယ်ရေးဝန်ကြီး နိုင်အန်းဟန်က ပြောကြားခဲ့သည်။ အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျင်မာတစ်နှင့် တရုတ်ကာကွယ်ရေးဝန်ကြီးတို့လည်း တက်ရောက်ကြသော စင်ကာပူ၌ကျင်းပသည့် အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးတွင် နိုင်က ယခုကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယင်းစစ်ရေးလေ့ကျင့်မှုများသည် ယုံကြည်မှုတိုးပွားစေရန် ကူညီလိမ့်မည်ဟု ဆိုသည်။ တရုတ်နိုင်ငံတောင်ပိုင်းရှိ ရှန်းကျောင်းမြို့သည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ တောင်ပင်လယ် သင်္ဘောစုအခြေစိုက်ရာနေရာ ဖြစ်သည်။

လာမည့်သီတင်းပတ်၌ စစ်ရေးလေ့ကျင့်မှုများအတွက် ပြင်ဆင်ရန် အာဆီယံနှင့် တရုတ်ကြားမှ tabletop exerciese များကိုမူ သြဂုတ်လက စင်ကာပူတွင် ပြုလုပ်ခဲ့ပြီး ဖြစ်သည်။

အမေရိကန်အစိုးရအရာရှိများမှာမူ အရှေ့တောင်အာရှဒေသထဲမှ ၎င်းတို့၏ ကာလရှည်မဟာမိတ်များ၊ မိတ်ဖက်များသည် တရုတ်နှင့် နီးကပ်သွားဖွယ်ရှိနေသည့် အရေးနှင့်ပတ်သက်၍မူ စိုးရိမ်နေကြဖွယ်ရှိသည်။ တစ်ဖက်တွင်လည်း သမ္မတဒေါ်နယ်ထရန့်၏ လက်ထက်၌ အရှေ့တောင်အာရှနှင့်ပတ်သက်၍ အမေရိကန်၏ အာရုံစိုက်မှုကို သံသယများလည်း ကြီးထွားလျက်ရှိသည်။ သို့သော် ယင်းကဲ့သို့ စိုးရိမ်မှုများဖြစ်လာမည့်အရေးကို ကြိုတင်ကာကွယ်နိုင်ရန် လာမည့်နှစ်တွင် အာဆီယံသည် အမေရိကန်နှင့် ပထမဆုံးအကြိမ် စစ်ရေးလေ့ကျင့် ရန် စီစဉ်နေသည်ဟုနိုင်က ပြောကြားခဲ့သည်။

လာမည့်သီတင်းပတ်ပူးတွဲစစ်ရေး လေ့ကျင့်မှုမှာ တရုတ်နှင့် အာဆီယံတို့က ၎င်းတို့၏ ပြဿနာကို ကောင်းမွန်စွာ ထိန်းချုပ်ကိုင်တွယ်နေသည်ကို ပြသရန်ရည်ရွယ်ခြင်းဖြစ်သည်ဟု စင်ကာပူရှိ ISEAS Yusof Ishak မှ နိုင်ငံရေးလေ့လာသူတစ်ဦးဖြစ်သည့် ဟောင်သီဟာက ပြောကြားခဲ့သည်။

“အမေရိကန်အတွက် နေရာမပျောက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အာဆီယံဟာ ပွင့်လင်းပြီး အကုန်ပါဝင်နိုင်တဲ့ နည်းလမ်းကို ရွေးချယ်ထားလို့ပဲ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

အာဆီယံ ၁၀ နိုင်ငံအနက် ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်တို့က တောင်တရုတ်ပင်လယ်၏ ရေပိုင်နက်နှင့်ပတ်သက်ပြီး တရုတ်နှင့် အငြင်းပွားနေခြင်း ဖြစ်သည်။                                  Ref ; AFP

Most Read

Most Recent