ဘူတန်ရွေးကောက်ပွဲဒုတိယအကျော့၌ လက်ဝဲယိမ်း DNT ပါတီ အနိုင်ရ

ဘူတန်ရွေးကောက်ပွဲဒုတိယအကျော့၌ လက်ဝဲယိမ်း DNT ပါတီ အနိုင်ရ
အောက်တိုဘာ ၁၈ ရက်တွင် ဘူတန်နိုင်ငံ Thinpu ၌ ရွေးကောက်ပွဲအပြီး DNT ပါတီခေါင်းဆောင် Druk  Naymrup Tshogpa ကို တွေ့ရစဉ် (Photo – AFP)
အောက်တိုဘာ ၁၈ ရက်တွင် ဘူတန်နိုင်ငံ Thinpu ၌ ရွေးကောက်ပွဲအပြီး DNT ပါတီခေါင်းဆောင် Druk Naymrup Tshogpa ကို တွေ့ရစဉ် (Photo – AFP)
Published 19 October 2018

အောက်တိုဘာ ၁၈ ရက်က ဘူတန်နိုင်ငံတွင် ကျင်းပခဲ့သော တတိယအကြိမ်မြောက် ဒီမိုကရေစီရွေးကောက်ပွဲ၏ ဒုတိယအကျော့ မဲရလဒ်အရ လက်ဝဲယိမ်း ပါတီခေါင်းဆောင် Druk  Naymrup Tshogpa(DNT) ပါတီက အနိုင်ရရှိခဲ့ကြောင်း သိရသည်။ လူဦးရေ ၈၀၀၀၀၀ ကျော် နေထိုင်သည့် ဘူတန်နိုင်ငံသည် အင်အားကြီး တရုတ်နှင့်အိန္ဒိယနိုင်ငံတို့ကြားတွင် တည်ရှိပြီး နိုင်ငံသားပျော်ရွှင်မ အညွှန်းကိန်းကြောင့် လူသိများသော နိုင်ငံလည်း ဖြစ်သည်။

ဘူတန်၏ သက်ဦးဆံပိုင်ဘုရင်စနစ် ဆုံးခန်းတိုင်ခဲ့သော ၂၀၀၈ ခုနှစ်နှောင်းပိုင်းမှစ၍ ဒီမိုကရေစီရွေးကောက်ပွဲများ ကျင်းပခဲ့ခြင်းဖြစ်ကာ ယခုအကြိမ်ရွေးကောက်ပွဲတွင် မူဘူတန်မဲဆန္ဒရှင်ပြည်သူများက ပါတီသစ်တစ်ရပ်ကို ရွေးချယ်တင်မြောက်လိုက်ကြခြင်းပင် ဖြစ်သည်။ အနိုင်ရရှိခဲ့သော DNT  ပါတီကို ၂၀၁၃ ခုနှစ်တွင်စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ဘူတန်ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သော ယာယီမဲရလဒ်စာရင်းများအရ DNT ပါတီသည် အမတ်နေရာ ၄၇ နေရာရှိသည့် အမျိုးသားလွှတ်တော်တွင် အမတ်နေ ရာ ၃၀ အထိ ရယူထားနိုင်ခဲ့ကြောင်း သိရသည်။ တရားဝင်ရွေးကောက်ပွဲမဲရလဒ်များကို အောက်တိုဘာ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ပြိုင်ဘက်ပါတီဖြစ်သည့် ဘူတန်ငြိမ်းချမ်းရေးနှင့် ကြွယ်ဝချမ်းသာရေးပါတီ (DPT) မှာမူ အမတ်နေရာ ၁၇ နေရာသာ ရယူထားနိုင်ခဲ့သည်။ အသက် ၅၀ အရွယ်ရှိ ခွဲစိတ်ဆရာဝန်တစ်ဦးဖြစ်သူ လိုတေးရှာရင်းမှာ DNT ပါတီခေါင်းဆောင်ဖြစ်ပြီး ၎င်းက ဘူတန်နိုင်ငံသား အကျိူးစီးပွားအတွက်သာမက လူငယ်များ အလုပ်အကိုင်ရရှိရေး၊ ကျေးလက်ဒေသ ဆင်းရဲမွဲတေမှုလျှော့ချရေးနှင့် ရာဇဝတ်မှုများနှိမ်နင်းရေးတို့တွင်လည်း ကြိုးပမ်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကတိပြုထားသည်။

ဒုတိယအကျော့ရွေးကောက်ပွဲတွင် ပြည်သူ ၇၀ ရာခိုင်နှုန်းနီးပါး ဆန္ဒမဲထည့်ဝင်ကြကြောင်းနှင့် အနိုင်ရရှိခဲ့သည့် မဲဆန္ဒနယ် ၁၁ ခုမှ ရွှေးကောက်ခံကိုယ်စားလှယ်များသည် အမျိုးသမီးများဖြစ်ကြကြောင်း သိရသည်။ DNT ပါတီက အိန္ဒိယသို့အဓိကတင်ပို့နိုင်မည့် လျှပ်စစ်ထုတ်လုပ်ရန်အတွက် ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများ တိုးချဲ့တည်ဆောက်ရန်ဆန္ဒရှိနေခဲ့ပြီး အနိုင်ရ DNT ပါတီကမူ နိုင်ငံခြားမှငွေချေးယူကာ တည်ဆောက်ထားသော လျှပ်စစ်ဓာတ်အားပေးစက်ရုံများအတွက် ကြွေးမြီများ တဖြည်းဖြည်း မြင့်တက်နေခြင်းကို စိုးရိမ်နေသည်။

ရေအားလျှပ်စစ်အတွက် ရင်းနှီးမြှုပ်နှံထားမှုသည် ဒေါ်လာ ၁.၅ ဘီလျံ ကျော်ထိရှိလာပြီဖြစ်ကာ ထိုထဲမှ ၈၀ ရာခိုင်နှုန်းကျော်မှာ နိုင်ငံခြားမှချေးယူထားသော ငွေကြေးများဖြစ်သည်။ ဘူတန်သည် ချေးငွေအများစုကို အိန္ဒိယနိုင်ငံမှ ချေးယူခြင်းဖြစ်ပြီး အိန္ဒိယသည် ဘူတန်၏ ရေအားလျှပ်စစ်စီမံကိန်းကြီး လေးခုတွင် ရင်းနှီးမြှုပ်နှံထားသည်။ နိုင်ငံပေါင်း ၅၀ နှင့်သာ သံတမန်ဆက်ဆံရေး ထူထောင်ထားသော ဘူတန်တွင် တရုတ်၏ သြဇာလွှမ်းမိုးမှုကြီးထွားလာခြင်းကို အိန္ဒိယက မလိုလားပေ။

ထို့ကြောင့် အိန္ဒိယက ရေနံနှင့်သဘာဝဓာတ်ငွေ့များအတွက် ဘူတန်အား အမတော်ကြေး ထောက်ပံ့နေမှုများကို ချက်ချင်းဆိုသလို ရုပ်သိမ်းပစ်ခဲ့ရာ ယင်းလုပ်ဆောင်မှုကို ဘူတန်အစိုးရအဖွဲ့ အပြောင်းအလဲဖြစ်စေရန် အကျပ်ကိုင်လုပ်ဆောင်မှုအဖြစ် ရှုမြင်ခံခဲ့ရသည်။                                                Ref  ; AFP

Most Read

Most Recent