တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မသန်စွမ်းသူများထောက်ပံ့ရေးအစီအစဉ် စတင်နေပြီဟုဆို

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မသန်စွမ်းသူများထောက်ပံ့ရေးအစီအစဉ် စတင်နေပြီဟုဆို
Published 31 July 2017

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မသန်စွမ်းသူများ ထောက်ပံ့ရေးအစီအစဉ်ကို စတင်နေပြီဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ၎င်း၏လူမှုကွန်ရက်စာမျက်နှာ မှတစ်ဆင့် အသိပေးပြောကြားသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက “လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် မသန်စွမ်းသူများ၏အရေးကို ကြိုးစားဆောင်ရွက်လျက်ရှိရာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မသန်စွမ်းသူများအား ထောက်ပံ့ပေးရေးအစီအစဉ်ကို စတင်နေပြီဖြစ်ကြောင်း၊ ယာယီရေဘေးရှောင်စခန်းများရှိ မသန်စွမ်းသူများကိုလည်း ထောက်ပံ့ပေးလျက်ရှိရာ သာပေါင်းမြို့နယ် ဘုရားကုန်းရွာ၊ ကျိန္တလိကျေးရွာများမှ ရေဘေးသင့်ပြည်သူ မသန်စွမ်းငါးဦးအတွက် ထောက်ပံ့ကြေးငွေ ကျပ်တစ်သိန်းကို ထောက်ပံ့ပေးခဲ့ကြောင်း” ပြောကြားသည်။

ကိုယ်ဝန်ဆောင်မိခင်များနှင့် နှစ်နှစ်အောက်ကလေးများအား ငွေကြေးထောက်ပံ့မည့် အစီအစဉ်ကို ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် ကိုယ်ဝန်ဆောင်မိခင်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာမည့် ကလေးအသက်နှစ်နှစ်အထိ ငွေကြေးထောက်ပံ့ရေးအစီစဉ်ကို အကောင်အထည်ဖော်နေပြီဖြစ်ကြောင်း သိရသည်။

လူမှုဝန်ထမ်းဦးစီးဌာနမှ အကောင်အထည်ဖော်နေသည့် လူမှုကာကွယ်ရေးလုပ်ငန်းစဉ်အတွင်း ကိုယ်ဝန်ဆောင်မိခင်၊ နှစ်နှစ်အောက် ကလေးများအပြင် အသက် ၉၀ အထက်ဘိုးဘွားများအတွက် တစ်လလျှင် ကျပ် ၁၀၀၀၀ ထောက်ပံ့မှုအစီအစဉ်ကိုလည်း အကောင်အထည်ဖော်မည်ဖြစ်ကြောင်း သိရသည်။

လူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာစီမံချက်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် သက်ကြီးပင်စင်ထောက်ပံ့မှုကို၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ကျပ် ၄ ဒသမ ၂ ဘီလျံ အသက် ၉၀ နှင့်အထက်ဘိုးဘွားများအတွက် တစ်လလျှင် ကျပ် ၁၀၀၀၀ နှုန်းထောက်ပံ့သွားမည်ဖြစ်ပြီး ကနဦးအစီအစဉ်အရ သုံးလတစ်ကြိမ် ကျပ် ၃၀၀၀ ဖြင့်ပံ့ပိုးသွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent