စစ်ကိုင်းတိုင်းဒေသကြီးတွင် မိုးသည်းစွာရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုကြောင့် သီးနှံစုံစိုက်ခင်းဧက ရှစ်သောင်းကျော် ရေနစ်မြုပ်ပျက်စီးခဲ့

စစ်ကိုင်းတိုင်းဒေသကြီးတွင် မိုးသည်းစွာရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုကြောင့် သီးနှံစုံစိုက်ခင်းဧက ရှစ်သောင်းကျော် ရေနစ်မြုပ်ပျက်စီးခဲ့
Published 31 July 2017

စစ်ကိုင်းတိုင်းဒေသကြီးတွင် မိုးသည်းစွာရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုကြောင့် သီးနှံစုံစိုက်ခင်းဧက ရှစ်သောင်းကျော် ရေနစ်မြုပ်ထိခိုက်ပျက်စီးခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးရုံး၏ စာရင်းမှတ်တမ်းများအရ သိရသည်။

မေ၊ ဇွန်နှင့် ဇူလိုင်များတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် သီးနှံစုံစိုက်ခင်းဧကအများအပြား ရေနစ်မြုပ် ထိခိုက်ပျက်စီးမှုများအပါအဝင် ချင်းတွင်းမြစ်ရေနှင့် ဧရာဝတီမြစ်ရေကြီးခဲ့မှုကြောင့် သီးနှံစုံစိုက်ခင်းဧက ခုနစ်သောင်းကျော် ရေနစ်မြုပ်ထိခိုက်ခဲ့ပြီး သီးနှံစုံစိုက်ခင်း ၁၆၈၂၅ ဧကလည်း ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။

မိုးနှင့်ရေကြီးရေလျှံမှုဖြစ်စဉ်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး မြို့နယ်အချို့ရှိ သီးနှံစုံပျက်စီးခဲ့သည်များထဲတွင် နွေစပါး ၁၇၄၅ ဧကနှင့် နွေနှမ်း ၁၀၈၀၁ ဧကတို့မှာ အများဆုံးပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရေနစ်မြုပ်ခဲ့သည့် သီးနှံစုံများသည် နွေစပါး ၅၃၆၀ ဧက၊ မိုးစပါးစိုက်ခင်း ၈၉၂၁ ဧက၊ မိုးစပါးပျိုးခင်း ၃၉၀ ဧက၊ နွေနှမ်း ၁၅၆၅၅ ဧက၊ မိုးနှမ်း ၁၄၇၁ ဧက၊ မိုးကြို ခ-မ-ရ (၂) ဧက၊ မိုးကြိုးပဲတီစိမ်း ၃၆၁၄ ဧက၊ မိုးပဲတီစိမ်း ၃၅၀ ဧက၊ မြေပဲ ၁၀၁ ဧက၊ နေကြာ ၂၃ ဧက၊ မတ်ပဲ ၁၉၅၂ ဧက၊ ပဲစင်းငုံ ၁၂၈၊ အစေ့ထုတ်ပြောင်း ခုနစ်ဧက၊ အခြားရာသီ ၃၂၂ ဧကနှင့် အခြားနှစ်ရှည် ၁၁၇ ဧကစုစုပေါင်း ၃၈၃၀၃ ဧကသည် ရေနစ်မြုပ်ခဲ့သည့် သီးနှံစုံများဖြစ်ကြောင်း သိရသည်။

ရေနစ်မြုပ်ထိခိုက်ခဲ့သည့် သီးနှံစုံများသည် နွေစပါး ၅၂၂၈ ဧက၊ မိုးစပါးစိုက်ခင်း ၃၁၁၂ ဧက၊ မိုးစပါးပျိုးခင်း ၂၃၇ ဧက၊ နွေနှမ်း ၁၅၆၅၅ ဧက၊ မိုးနှမ်း ၁၄၅၁ ဧက၊ မိုးကြို ခ-မ-ရ (၂) ဧက၊ မိုးကြိုးပဲတီစိမ်း ၃၄၁၃ ဧက၊ မိုးပဲတီစိမ်း ၃၅၀ ဧက၊ မြေပဲ ၁၀၁ ဧက၊ နေကြာ ၂၃ ဧက၊ မတ်ပဲ ၁၉၄၀ ဧက၊ ပဲစင်းငုံ ၁၂၈၊ အစေ့ထုတ်ပြောင်း ခုနစ်ဧက၊ အခြားရာသီ ၃၂၂ ဧကနှင့် အခြားနှစ်ရှည် ၁၁၇ ဧက စုစုပေါင်း ၃၁၉၈၆ ဧကသည် ရေနစ်မြုပ်ထိခိုက်ခဲ့သည့် သီးနှံစုံများဖြစ်ကြောင်း သိရသည်။

ရေနစ်မြုပ်ပျက်စီးခဲ့သည့် သီးနှံစုံများသည် နွေးစပါး ၁၇၄၅ ဧက၊ မိုးစပါးစိုက်ခင်း ၂၅၀ ဧက၊ မိုးစပါးပျိုးခင်း ၁၁၇ ဧက၊ နွေနှမ်း ၁၀၈၀၁ ဧက၊ မိုးနှမ်း ၁၁၀၃ ဧက၊ မိုးကြိုပဲတီစိမ်း ၁၅၁၀ ဧက၊ မိုးပဲတီစိမ်း ၁၂၃ ဧက၊ မြေပဲ ၉၇ ဧက၊ နေကြာ ၂၃ ဧက၊ မတ်ပဲ ၁၀၁၀ ဧက၊ ပဲစင်းငုံ ကိုးဧက၊ အခြားရာသီ ၃၇ ဧကနှင့် အခြားနှစ်ရှည် ၁၁၇ ဧက စုစုပေါင်း ၁၆၈၂၅ ဧကတို့သည် ရေနစ်မြပ်ပျက်စီးခဲ့သည့် သီးနှံစုံများဖြစ်ကြောင်း သိရသည်။

ရေနစ်မြုပ်ခဲ့သည့် သီးနှံစုံစိုက်ခင်းဧက ၃၈၃၀၃၊ ရေနစ်မြုပ်ထိခိုက်ခဲ့သည့်ဧက ၃၁၉၈၆ နှင့်ပျက်စီးခဲ့သည့်ဧက ၁၆၈၂၅ ဧက စုစုပေါင်းသီးနှံစုံစိုက်ခင်းဧက ၈၇၁၂၄ ဧကဖြစ်ကြောင်း သိရသည်။
Writer: ကောင်းခန့်လင်း (မုံရွာ)

Most Read

Most Recent