မာလာဝီတွင် လစာလိမ်လည်မှုအတွက် အစိုးရအရာရှိ ၆၈ ဦးကို အလုပ်ထုတ်ပယ်

မာလာဝီတွင် လစာလိမ်လည်မှုအတွက် အစိုးရအရာရှိ ၆၈ ဦးကို အလုပ်ထုတ်ပယ်
Published 11 August 2017

မာလာဝီတွင် ခြစားမှုကို နှိမ်နင်းရန် ကြိုးစားနေစဉ် နိုင်ငံဘဏ္ဍာငွေများထဲမှ ဒေါ်လာ နှစ်သန်း(ယူရို ၁ ဒသမ ၇၁ သန်း) အလွဲသုံးစား လုပ်မှုအတွက် အစိုးရအရာရှိ ၆၈ ဦးကို အလုပ်ထုတ်ပယ်ခဲ့သည်ဟု တာဝန်ရှိသူ တစ်ဦးက သြဂုတ် ၁၀ ရက်တွင် ပြောကြားခဲ့သည်။

စိုက်ပျိုးရေးဝန်ကြီးဌာနမှ အရာရှိများသည်  ၂၀၁၂ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်အကြား အမှန်တကယ် မရှိသည့် အလုပ်သမားများအတွက် လစာများ သို့မဟုတ် ငွေပေးချေမှုများ တိုးမြှင့်သည့် စီမံချက်တစ်ခု လုပ်ဆောင်ခဲ့သည်။

“အရာရှိ ၆၈ ဦးကို အလုပ်ကနေ ထုတ်ပယ်ခဲ့ပြီး  တရားစွဲဖို့အတွက် သူတို့ရဲ့ အမှုတွေကို ရှေ့နေချုပ်ဆီ လွှဲပြောင်းပေးခဲ့တယ်” ဟု ဝန်ကြီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ် အော့စ်ဘရွန်းဆိုကာက ပြောကြားခဲ့သည်။

စစ်ဆေးမှုတွင် ငွေကြေးအများစုသည် လီလောင်ဝီရှိ ဝန်ကြီးဌာန၏ ရုံးချုပ်နှင့် သုတေသန ဌာနများရှိ ကိုယ်ပိုင်ဘဏ်စာရင်းများဖြင့် ခိုးယူခံခဲ့ရသည်ဟု ပြသခဲ့သည်။

မာလာဝီရှိ အစိုးရဝန်ထမ်း ၁၈၀,၀၀၀ သည် တစ်လလျှင် ပျမ်းမျှဝင်ငွေ ဒေါ်လာ ၁၀၀ (၈၅ ယူရို) ရရှိပြီး အစိုးရကဏ္ဍတွင် ခြစားမှု ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေသည်။ ၂၀၁၃ ခုနှစ်တွင် Cashgate အရှုပ်တော်ပုံ ပေါ်ပေါက်ခဲ့ပြီး ဒေါ်လာ သန်း ၃၀ ထက်မနည်း ခိုးယူခံခဲ့ရသည်ဟု ဖော်ထုတ်ခဲ့ပြီး နောက်နိုင်ငံတကာမှ အလှူရှင်များက ဒေါ်လာ သန်း ၁၅၀ ခန့် လှူဒါန်းမှုကို ပြန်လည် ရုပ်သိမ်းခဲ့သည်။

Ref: AFP

Most Read

Most Recent