FIFA The Best ကမ္ဘာ့အကောင်းဆုံးကစားသမားဆုအတွက် ဗန်ဒိုက်ပင် ရရှိရန် ရေပန်းအစားဆုံးဖြစ်နေ
ယနေ့ပေးအပ်ချီးမြှင့်မည့် FIFA The Best ကမ္ဘာ့အကောင်းဆုံးကစားသမားဆုအတွက် ဗန်ဒိုက်ပင် ရရှိရန် ရေပန်းအစားဆုံးဖြစ်နေ
FIFA The Best ကမ္ဘာ့အကောင်းဆုံးကစားသမားဆု ချီးမြှင့်ပွဲအခမ်းအနားကို အီတလီနိုင်ငံ မီလန်မြို့မှ ဒီကနေ့ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး အမျိုးသားအကောင်းဆုံးဘောလုံးသမားဆုအတွက် ဥရောပအကောင်းဆုံး ဘော လုံးသမားဆု ရရှိထားတဲ့ နယ်သာလန်နဲ့ လီဗာပူးလ် ကစားသမား ဗန်ဒိုက်ကပဲ ရရှိဖို့ ရေပန်းအစားဆုံးဖြစ်နေ တယ်လို့ သိရပါတယ်။











