ဘာစီလိုနာအသင်းနည်းပြ ဗယ်လ်ဗာဒီက အသင်း၏အဓိကတိုက်စစ်မှူး မက်ဆီမှာ အကောင်းဆုံးအခြေအနေတွင် ရှိနေကြောင်း ဧပြီလ(၁၅)ရက်ကပြုလုပ်ခဲ့သော မန်ယူနှင့်ပွဲအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
မက်ဆီသည် ဧပြီလ(၁၀)ရက်က ကစားခဲ့သော ပထမအကျော့တွင် မန်ယူနောက်ခံလူ စမောလင်းနှင့်ထိခိုက်မိပြီး နှာခေါင်းသွေးထွက်ခဲ့သည်။
နည်းပြ ဗယ်လ်ဗာဒီမှာ ပြီးခဲ့သည့်စနေနေ့ကကစားခဲ့သော ဟူဆကာနှင့်ပွဲတွင် မက်ဆီအပါအဝင် အဓိကကစားသမား(၁၀)ဦးအထိ အနားပေးကာ ယခုပွဲအတွက် ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။
'' သူ အခြေအနေကောင်းပါတယ်။ ရက်အနည်းငယ်အကြာ ကုသမှုခံယူခဲ့ပြီး လုံးဝပြန်ကောင်းနေပါပြီ။ ပွဲကစားနေတုန်းက သူ အနည်းငယ်မူးဝေခဲ့တယ်ဆိုတာ အမှန်ပါ။ သူ့မှာ မနက်ဖြန်ပွဲအတွက် ဘာပြဿနာမှမရှိပါဘူး'' ဟု ဗယ်လ်ဗာဒီက ပြောကြားခဲ့သည်။
ထို့ပြင် ၎င်းက ဒမ်ဘီလီမှာလည်း မန်ယူနှင့်ပွဲတွင် ပွဲထွက်ကစားဖွယ်ရှိကြောင်း အရိပ်အမြွက်ပြောကြားခဲ့သည်။