ဖီအိုရင်တီးနား နှင့် ဖရိုဆီနိုနီ ( တနင်္ဂနွေညနေ ၅းဝ၀ နာရီ )
ဖီအိုရင်တီးနားက ဥရောပပြိုင်ပွဲမျှော်လင့်ချက်ရဲ့အဝေးမှာ ငြိမ်သက်နေရတယ်။ အိမ်ကွင်းမှာလည်း နောက်ဆုံး (၅)ပွဲဆက်နိုင်ပွဲပျောက်ဆုံးထားပြီး သရေပွဲတွေနဲ့သာ ကျေနပ်နေရ ပါတယ်။ ဖရိုဆီနိုနီက တန်းဆင်းဇုန်လွတ်မြောက်ရေး မျှော်လင့်ချက်နည်းပါးနေပြီဖြစ်ပြီး နောက်ဆုံး (၆)ပွဲမှာ (၅)ပွဲအထိ ရှုံးနိမ့်ထားပါတယ်။ ဒီပွဲမှာ ဖရိုဆီနိုနီ တစ်မှတ်ထက်ပိုမျှော်လင့်လို့ မရဘဲ အိမ်ကွင်းနိုင်ပွဲမရတာကြာပြီဖြစ်တဲ့ ဖီအိုရင်တီးနား (၂) ဂိုးပြတ်နိုင်ပါလိမ့်မယ်။
အူဒီးနီးစ် နှင့် အမ်ပိုလီ ( တနင်္ဂနွေည ရး၃၀ နာရီ )
အစဉ်အလာအရ အမ်ပိုလီက အူဒီးနီးစ်ကို ကွင်းမရွေးဘဲ ရလဒ်ကောင်းလေ့ရှိပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာ အမ်ပိုလီရဲ့ အဝေးကွင်းခြေစွမ်းက ဆိုးရွားနေပြီး နောက်ဆုံး (၁၆)ပွဲဆက် နိုင်ပွဲပျောက်ဆုံးထားပါတယ်။ အူဒီးနီးစ်က တန်းဆင်းဇုန်က လွတ်မြောက်ရေးအတွက် ရုန်းကန်နေပြီး အိမ်ကွင်း (၃)ပွဲဆက် အနိုင်ရထားလို့ ဒီပွဲမှာ အမှတ်ပြည့်ရပါဦးမယ်။
ကာဂလီယာရီ နှင့် SPAL ( တနင်္ဂနွေည ရး၃၀ နာရီ )
အိမ်ကွင်းနောက်ဆုံးပွဲမှာ ဂျူဗင်တပ်စ်ကို ရှုံးနိမ့်ခဲ့ပေမယ့် ကာဂလီယာရီရဲ့ အိမ်ကွင်းကစားအားက SPAL ကို အသာစီးယူဖို့ မခက်ပါဘူး။ အဝေးကွင်းမှာ SPAL ခံစစ်လုံခြုံရေး ဦးစားပေးတတ်လို့ ကာဂလီယာရီ ကပ်နိုင်ရုံပါပဲ။
အင်တာမီလန် နှင့် အတ္တလန်တာ ( တနင်္ဂနွေည ၁ဝး၃၀ နာရီ )
အီကာဒီဟာ အင်တာမီလန်အသင်းအပေါ် သက်ရောက်မှု ကြီးမားပါတယ်။ သူနဲ့အတူ အင်တာမီလန်အသင်းရဲ့ ယုံကြည်စိတ်အတက်အကျကို မြင်နိုင်ပါတယ်။ နောက်ပိုင်းပွဲစဉ် ခြေစွမ်း တွေအရ အတ္တလန်တာက ပိုကောင်းတဲ့အသင်းဖြစ်ပြီး အဝေးကွင်းနောက်ဆုံး (၆)ပွဲမှာ (၅)ပွဲအထိ အနိုင်ရထားပါတယ်။ ဇာပါတာ၊ အီလီချစ်၊ ဂိုးမက်ဇ်တို့နဲ့ အတ္တလန်တာတိုက်စစ်အစုအဖွဲ့က အင်တာမီလန်ဆီကနေ အမှတ်လုယူနိုင်စွမ်းရှိပါတယ်။
လာဇီယို နှင့် ဆာဆူအိုလို ( တနင်္ဂနွေည ၁ဝး၃၀ နာရီ )
ချန်ပီယံလိဂ်ဝင်ခွင့်အထိ မျှော်လင့်ခွင့်ရှိလာလို့ အခုလို အိမ်ကွင်းပွဲစဉ်တွေမှာ လာဇီယို အာရုံစိုက်ကစားပါလိမ့်မယ်။ ဆာဆူအိုလိုက အရေးပေါ်အမှတ်မလိုဘူးဆိုပေမယ့် တန်းဆင်း အန္တရာယ်နဲ့ တဖြည်းဖြည်းနီးကပ်လာတာ သတိထားရမယ်။ ဒါ ပေမဲ့ အဝေးကွင်းနောက်ဆုံး (၃)ပွဲဆက် ရှုံးပွဲဆက်ထားလို့ ဒီပွဲမှာလည်း တစ်မှတ်ထက် ပိုမရနိုင်ပါဘူး။ အိမ်ကွင်း (၃)ပွဲဆက် အနိုင်ရထားတဲ့ လာဇီယို နိုင်ပွဲဆက်ပါဦးမယ်။
နာပိုလီ နှင့် ဂျီနိုအာ ( တနင်္လာနံနက် ၁းဝ၀ နာရီ )
နာပိုလီက ဒုတိယနေရာသိမ်းပိုက်နိုင်ရေးအတွက်ရော၊ ဂုဏ်သိက္ခာအရပါ အမှားမခံဘဲ ကစားနေတယ်။ ရိုးမားကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာ နာပိုလီရဲ့ စိတ်ပိုင်းဆိုင်ရာယုံကြည်ချက် မြင့်မားမှုကို မြင်ခဲ့ရတယ်။ ပြီးတော့ အရင်လိုပဲ နေရာစုံက ဂိုးသွင်းနိုင်တဲ့သူတွေ နာပိုလီမှာ မြင်ရတယ်။ ဂျီနိုအာက အသင်းကြီးတွေကို ဒုက္ခပေးနိုင်လေ့ရှိပေမယ့် အဝေးကွင်းနောက်ဆုံး (၁၁) ပွဲမှာ (၁၀)ပွဲအထိ နိုင်ပွဲပျောက်ခဲ့လို့ နာပိုလီ အနိုင်သေချာတယ်။