အောင်သူ ပါဝင်ကစားနေသည့် တိုရေးဘော်လီဘောအသင်းဂျပန်လိဂ်တွင် တတိယဆုရရှိ

အောင်သူ ပါဝင်ကစားနေသည့် တိုရေးဘော်လီဘောအသင်းဂျပန်လိဂ်တွင် တတိယဆုရရှိ
Photos: Aung Thu Facebook
Photos: Aung Thu Facebook
Published 6 April 2019

 

မြန်မာ့လက်ရွေးစင် ဘော်လီဘောကစားသမား အောင်သူ ပါဝင်ကစားနေသည့် တိုရေးအသင်းသည် ယခုရာသီ ဂျပန်လိဂ်ပြိုင်ပွဲတွင် တတိယဆုရရှိခဲ့ကြောင်း သိရသည်။

၂၀၁၈-၂၀၁၉ ရာသီ ဂျပန်လိဂ်ဘော်လီဘောပြိုင်ပွဲ၏ အမျိုးသားပြိုင်ပွဲ၌ အသင်း ၁၀ သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး နှစ်ကျော့အပြီးတွင် ထိပ်ဆုံးရပ်တည်မှုရ ခြောက်သင်း မှာ ဒုတိယအဆင့် ပတ်လည်ပြန်လည်ကစားခဲ့ရသည်။

အောင်သူ သွားရောက်ကစားနေသည့် တိုရေးအသင်းသည် Play-off အဆင့် ပတ်လည်ကစားရာတွင် တတိယနေရာရခဲ့ပြီး ဒုတိယရသည့် ဂျေတီသန်ဒါအသင်းနှင့် ဆီမီးဖိုင်နယ်ကစားရာ အရေးနိမ့်ခဲ့သောကြောင့် တတိယဆုသာရရှိခြင်းဖြစ်သည်။

အောင်သူသည် ပြီးခဲ့သည့်နှစ်ကုန်ပိုင်းမှစ၍ ဂျပန်ကလပ် တိုရေးအသင်းတွင် အငှားသွားရောက်ကစားခြင်းဖြစ်ပြီး လက်စွမ်းပြကစားနိုင်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent