ကမ္ဘာ့အကောင်းဆုံးအသင်းဖြစ်လာရန် ပစ်မှတ်ထားဟု အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ် ဆို

ကမ္ဘာ့အကောင်းဆုံးအသင်းဖြစ်လာရန် ပစ်မှတ်ထားဟု အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ် ဆို
Photo: Getty Images
Photo: Getty Images
Published 5 April 2019

ဆောက်ဂိတ်သည် UEFA Nations League ပြိုင်ပွဲ၌ ချန်ပီယံဆုဖလားရယူပြီး ကမ္ဘာ့အဆင့်(၁)နေရာသို့ တက်လှမ်းနိုင်ရန် မျှော်လင့်နေခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။ 

အင်္ဂလန်လက်ရွေးစင်အသင်းသည် ဧပြီလအတွက် ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် အဆင့်(၄)နေရာသို့ ရောက်ရှိလာခဲ့ပြီးနောက် နည်းပြ ဆောက်ဂိတ်က ကမ္ဘာ့အကောင်းဆုံးအသင်းဖြစ်လာရန် ပစ်မှတ်ထားနေသည်ဟုပြောကြားခဲ့သည်။ 

ဆောက်ဂိတ်က "အခုလိုလုပ်ဆောင်နိုင်ခဲ့တာ ကျေနပ်စရာပါပဲ။ ကမ္ဘာ့အကောင်းဆုံးအသင်းဖြစ်လာအောင် ကြိုးပမ်းဖို့ကျွန်တော်တို့ ပြောခဲ့ဖူးသလို၊ ဒါဟာ ကျွန်တော်တို့ရဲ့မျှော်လင့်ချက်လည်းဖြစ်ပါတယ်။ ကျွန်တော်တို့အသင်းက အဆင့်(၁၅)နေရာကနေ အဆင့်(၄)နေရာကို ရောက်လာပါပြီ။ကျွန်တော်တို့ မျှော်လင့်ထားသလိုဖြစ်လာဖို့ ဒီထက်ပိုပြီးကြိုးစားသွားဖို့တော့ လိုအပ်ပါတယ်"ဟု ပြောကြားခဲ့သည်။ 

ဆောက်ဂိတ်သည် UEFA Nations League ပြိုင်ပွဲ၌ ချန်ပီယံဆုဖလားရယူပြီး ကမ္ဘာ့အဆင့်(၁)နေရာသို့ တက်လှမ်းနိုင်ရန် မျှော်လင့်နေခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။ 

ဆောက်ဂိတ်သည် ပြီးခဲ့သည့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အင်္ဂလန်အသင်းကို ဆီမီးဖိုင်နယ်အဆင့်သို့ပို့ဆောင်ပေးနိုင်ခဲ့သည့်အတွက် ဧပြီလ (၄) ရက်နေ့က OBE ဆုတံဆိပ် ချီးမြှင့်ခံခဲ့ရကြောင်း သိရှိရသည်။

Most Read

Most Recent