၂၀၁၈ ခုနှစ်အတွင်း ပရီးမီးယားလိဂ်၌ အေးဂျင့်ကြေးအများဆုံးပေးချေရသည့်အသင်းအဖြစ် လီဗာပူးလ် ရပ်တည်

၂၀၁၈ ခုနှစ်အတွင်း ပရီးမီးယားလိဂ်၌ အေးဂျင့်ကြေးအများဆုံးပေးချေရသည့်အသင်းအဖြစ် လီဗာပူးလ် ရပ်တည်
Photo: Mirror
Photo: Mirror
Published 5 April 2019

ပရီးမီးယားလိဂ်အသင်း(၂၀) စုစုပေါင်းအသုံးပြုခဲ့ရသည့် အေးဂျင့်ကြေးမှာ ပေါင်(၂၆၀.၆)သန်းရှိခဲ့ကြောင်းလည်း သိရှိရသည်။ 

လီဗာပူးလ်အသင်းသည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်အတွင်း ပရီးမီးယားလိဂ်တွင် အေးဂျင့်ကြေးအများဆုံး ပေးချေရသည့်အသင်းအဖြစ် ရပ်တည်ခဲ့ကြောင်း သိရှိရသည်။

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) သည် ၂၀၁၈ ခုနှစ်အတွင်း ပရီးမီးယားလိဂ်အသင်းများ၏ အပြောင်းအရွှေ့လှုပ်ရှားမှုများ၌ ပေးချေခဲ့ရသည့် အေးဂျင့်ကြေးများကို ထုတ်ပြန်ခဲ့ရာ လီဗာပူးလ်အသင်းက ပေါင် (၄၃.၈)သန်းဖြင့် အများဆုံးဖြစ်ခဲ့ခြင်းဖြစ်သည်။ 

ပရီးမီးယားလိဂ်အသင်း(၂၀) စုစုပေါင်းအသုံးပြုခဲ့ရသည့် အေးဂျင့်ကြေးမှာ ပေါင်(၂၆၀.၆)သန်းရှိခဲ့ကြောင်းလည်း သိရှိရသည်။ 

လီဗာပူးလ်အသင်း၏နောက်တွင် ချယ်လ်ဆီးအသင်းက ပေါင်(၂၆.၈၅)သန်းဖြင့် အေးဂျင့်ကြေးဒုတိယ အများဆုံးပေးချေရသည့်အသင်းအဖြစ် ရပ်တည်ခဲ့ပြီး မန်စီးတီးအသင်းက ပေါင်(၂၄.၁)သန်း၊ မန်ယူအသင်းက ပေါင်(၂၀.၈)သန်းဖြင့် အစဉ်လိုက်ရပ်တည်ခဲ့သည်။ 

လီဗာပူးလ်အသင်းသည် အယ်လစ်ဆန်၊ ကီတာ၊ ဖာဘင်ညို စသည့်ကစားသမားများကို ခေါ်ယူခဲ့ရာ၌ အေးဂျင့်ကြေးများစွာ ကုန်ကျခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။ 

ပရီးမီးယားလိဂ်ထိပ်သီးအသင်းများထဲ၌ အာဆင်နယ်နှင့် စပါးအသင်းတို့မှာ အေးဂျင့်ကြေး ပေါင်(၁၁)သန်းဝန်းကျင်သာ အသုံးပြုခဲ့ရကြောင်းလည်း သိရှိရသည်။

Most Read

Most Recent