ဟီရိုနာနှင့်ပွဲကဂိုးမှာ ဂရီးဇ်မန်းအတွက် အလွန်အရေးပါဟု ဆီမြွန်နီ ပြောကြား

ဟီရိုနာနှင့်ပွဲကဂိုးမှာ ဂရီးဇ်မန်းအတွက် အလွန်အရေးပါဟု ဆီမြွန်နီ ပြောကြား
Photos: AFP
Photos: AFP
Published 3 April 2019

 

အက်သလက်တီကိုအသင်းနည်းပြ ဆီမြွန်နီက ဟီရိုနာနှင့်ပွဲတွင် ဂိုးသွင်းနိုင်ခဲ့ခြင်းမှာ အသင်းတိုက်စစ်ကစားသမား ဂရီးဇ်မန်းအတွက် အလွန်အရေးပါသည်ဟု ပြောကြားခဲ့သည်။

ဂရီးဇ်မန်းသည် ဟီရိုနာအား (၂-၀) ဂိုးဖြင့် အနိုင်ရသည့်ပွဲမတိုင်မီ အက်သလက်တီကိုအသင်းအတွက် နောက်ဆုံးကစားခဲ့သည့် (၇) ပွဲဆက် ဂိုးပျောက်ပေါက်ဆုံးခဲ့သည်။

ဆီမြွန်နီက " ဟီရိုနာနဲ့ပွဲမှာ ဂိုးရခဲ့တာက ဂရီးဇ်မန်းအတွက် အရမ်းကိုအရေးပါပါတယ်။ သူဟာ ကစားသမားကောင်းတစ်ဦးဖြစ်ပြီး ဟီရိုနာနဲ့ပွဲကတော့ သူ့အတွက် ဖြစ်ခဲ့ပါတယ်။ ဂရီးဇ်မန်းအနေနဲ့ အခွင့်အရေးတချို့ကို လွဲ ချော်ခဲ့ပေမယ့် ဂိုးပြန်သွင်းနိုင်တဲ့အတွက် ယုံကြည်မှု ပြန်တည်ဆောက်နိုင်ခဲ့ပါတယ်" ဟု ဆိုခဲ့သည်။

ဂရီးဇ်မန်းသည် ယခုရာသီ လာလီဂါပွဲ (၃၀) တွင် (၁၃) ဂိုးသွင်းယူထားသည်။

Most Read

Most Recent