ဂျာမနီအသင်းအား လျှော့မတွက်ကြရန် အသင်းသားများကို နယ်သာလန်နည်းပြကိုးမင်း သတိပေး

ဂျာမနီအသင်းအား လျှော့မတွက်ကြရန် အသင်းသားများကို နယ်သာလန်နည်းပြကိုးမင်း သတိပေး
Photo: Getty Images
Photo: Getty Images
Published 24 March 2019

နယ်သာလန်အသင်းနည်းပြ ရော်နယ်လ်ကိုးမင်းက ယူရို-၂၀၂၀ ခြေစစ်ပွဲအဖြစ်ယှဉ်ပြိုင်ကစားရမည့် ဂျာမနီအသင်းအား လျှော့မတွက်ကြရန် အသင်းသားများကို သတိပေးပြောကြားခဲ့သည်။

နယ်သာလန်အသင်းနည်းပြ ရော်နယ်လ်ကိုးမင်းက ယူရို-၂၀၂၀ ခြေစစ်ပွဲအဖြစ်ယှဉ်ပြိုင်ကစားရမည့် ဂျာမနီအသင်းအား လျှော့မတွက်ကြရန် အသင်းသားများကို သတိပေးပြောကြားခဲ့သည်။

နယ်သာလန်အသင်းသည် ပြီးခဲ့သည့် ၂၀၁၈-၁၉ UEFA Nations League ပြိုင်ပွဲတွင် ဂျာမနီအသင်းနှင့်တွေ့ဆုံခဲ့ပြီး အိမ်ကွင်းတွင် (၃-၀)ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့ကာ အဝေးကွင်းတွင် (၂-၂)ဂိုးဖြင့် သရေကစားနိုင်ခဲ့သည်။

ထို့ပြင် ဂျာမနီအသင်းသည် လက်ရှိတွင် လူငယ်ကစားသမားအများစုဖြင့် စုဖွဲ့ထားရာ ပုံမှန်ခြေစွမ်းရရန် ရုန်းကန်နေရသည့်အတွက် နယ်သာလန်နှင့်ပွဲစဉ်တွင် နယ်သာလန်အသင်းကသာ အနိုင်ရမည်ဟု ခန့်မှန်းမှုများရှိနေသည်။

သို့သော် ကိုးမင်းက မိမိတို့အနေဖြင့် ဂျာမနီအသင်းကို လျှော့တွက်ပါက ခံစားသွားရနိုင်ကြောင်း အသင်းသားများကို သတိပေးခဲ့ခြင်းဖြစ်သည်။

'' ကျွန်တော်တို့အနေနဲ့ နိုင်ပွဲတွေတောက်လျှောက်ရနေတယ်ဆိုပေမယ့် ရှုံးတဲ့ကာလတွေလည်း ရှိလာဦးမှာပါ။ လက်ရှိကျွန်တော်တို့အသင်း (၂)သင်းရဲ့လူစာရင်းကို ချိန်ကြည့်မယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ အလေးသာတယ်လို့ ပြောကြပါလိမ့်မယ်။ ဒါပေမဲ့ ဂျာမနီအသင်းမှာ ကစားသမားကောင်းတွေရှိပါတယ်။ သူတို့ကိုလျှော့တွက်မယ်ဆိုရင် သူတို့က ကျွန်တော်တို့ကို ကောင်းကောင်းဒုက္ခပေးသွားပါလိမ့်မယ်'' ဟုပြောကြားခဲ့သည်။

နယ်သာလန်အသင်းနှင့် ဂျာမနီအသင်းတို့၏ပွဲစဉ်ကို မတ်လ (၂၄)ရက်နေ့တွင် နယ်သာလန်အသင်း၏အိမ်ကွင်း၌ ယှဉ်ပြိုင်မည်ဖြစ်သည်။

နယ်သာလန်အသင်းသည် အုပ်စုအဖွင့်ပွဲစဉ်တွင် ဘီလာရုစ်အသင်းကို အိမ်ကွင်း၌ (၄-၀)ဂိုးဖြင့် အနိုင်ရရှိကာ အုပ်စု (C)တွင် ထိပ်ဆုံးမှဦးဆောင်လျက်ရှိပြီး၊ ဂျာမနီအသင်းမှာမူ နယ်သာလန်အသင်းနှင့်ပွဲစဉ်မှာ ၄င်းတို့အတွက် အုပ်စုအဖွင့်ပွဲစဉ်ဖြစ်လာမည်ဖြစ်သည်။

Most Read

Most Recent