ရမ်ဆေးနေရာတွင် အစားထိုးရန် စီးရီးအေကစားသမား (၂)ဦးကို အာဆင်နယ်အသင်း ပစ်မှတ်ထားနေ

ရမ်ဆေးနေရာတွင် အစားထိုးရန် စီးရီးအေကစားသမား (၂)ဦးကို အာဆင်နယ်အသင်း ပစ်မှတ်ထားနေ
Photos: Getty Images &  Reuters
Photos: Getty Images & Reuters
Published 23 March 2019

အာဆင်နယ်အသင်းအနေဖြင့် ရမ်ဆေး၏နေရာတွင် အစားထိုးရန် ကစားသမားသစ်များ ရှာဖွေလျက်ရှိပြီး အေစီမီလန်ကွင်းလယ်လူ ကက်ဆီးနှင့် ကာဂလီယာရီကွင်းလယ်လူ ဘာရယ်လာတို့ကို ပစ်မှတ်ထားနေကြောင်း အီတလီအားကစားသတင်းဝက်ဘ်ဆိုက် Calciomercato.com ကဖော်ပြခဲ့သည်။

 

အာဆင်နယ်အသင်းသည် ယခုရာသီကုန်တွင် အသင်းမှထွက်ခွာမည့် ဝေးလ်စ်ကွင်းလယ်လူ ရမ်ဆေး၏ နေရာတွင် အစားထိုးရန်စီးရီးအေ ကစားသမား (၂)ဦးကို ပစ်မှတ်ထားနေကြောင်း သိရသည်။

အာဆင်နယ်အသင်းသည် ပြီးခဲ့သည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလက ဘာစီလိုနာကွင်းလယ်လူ ဒင်းနစ်ဆွာရက်ဇ်ကို အငှားဖြင့်ခေါ်ယူကာ ရမ်ဆေးနေရာတွင် အစားထိုးရန် စီစဉ်ခဲ့သော်လည်း ဒင်းနစ်ဆွာရက်ဇ်မှာ ခြေစွမ်းပြသနိုင်ခြင်းမရှိသည့်အတွက် ရာသီကုန်တွင် ၄င်းကို ဘာစီလိုနာအသင်းသို့ ပြန်ပို့ရန်စီစဉ်လျက်ရှိသည်။

ထို့ကြောင့် အာဆင်နယ်အသင်းအနေဖြင့် ရမ်ဆေး၏နေရာတွင် အစားထိုးရန် ကစားသမားသစ်များ ရှာဖွေလျက်ရှိပြီး အေစီမီလန်ကွင်းလယ်လူ ကက်ဆီးနှင့် ကာဂလီယာရီကွင်းလယ်လူ ဘာရယ်လာတို့ကို ပစ်မှတ်ထားနေကြောင်း အီတလီအားကစားသတင်းဝက်ဘ်ဆိုက် Calciomercato.com ကဖော်ပြခဲ့သည်။

အာဆင်နယ်အသင်းတွင် (၁၁)ရာသီမြောက်ကို ကစားနေသည့် အသက် (၂၈)နှစ်အရွယ်ဝေးလ်စ်ကွင်းလယ်လူ ရမ်ဆေးသည် ယခုရာသီကုန်တွင် ဂျူဗင်တပ်စ်အသင်းသို့ ပြောင်းရွှေ့မည်ဖြစ်ပြီး အသင်းနည်းပြအမ်မရီသည် ၄င်းနေရာတွင် အစားထိုးရန်ကစားသမားများရှာဖွေနေခြင်းလည်းဖြစ်သည်။

အာဆင်နယ်အသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်တွင် အဆင့် (၄)နေရာ၌ ရပ်တည်လျက်ရှိသလို၊ ယူရိုပါလိဂ်ပြိုင်ပွဲတွင်လည်း ကွာတားဖိုင်နယ်အဆင့်တက်ရောက်ထားပြီး နာပိုလီအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

Most Read

Most Recent