ယူရို-၂၀၂၀ ခြေစစ်ပွဲများ ပွဲကြိုသုံးသပ်ချက်

ယူရို-၂၀၂၀ ခြေစစ်ပွဲများ ပွဲကြိုသုံးသပ်ချက်
Photos : UEFA, AFP
Photos : UEFA, AFP
Published 23 March 2019

ဂျော်ဂျီယာ နှင့် ဆွစ်ဇာလန် (စနေည ၈း၃၀ နာရီ)

ဆွစ်ဇာလန်က Nations League ရဲ့ နောက်ဆုံးပွဲတုန်းက ဘယ်လ်ဂျီယံကို အံ့အားသင့်ဖွယ် ဂိုးပြတ်သွင်းခဲ့တဲ့အသင်း ဖြစ်တယ်။ ပတ်ကိုဗစ်ရဲ့အသင်းက ထိပ်တန်းကစားသမားတွေ အများကြီးပိုင်ဆိုင်ထားပြီး စုဖွဲ့မှုအားကောင်းတဲ့အသင်းလည်း ဖြစ်တယ်။ ဂျော်ဂျီယာရဲ့အိမ်ကွင်းခြေစွမ်းက လျှော့တွက်လို့ မရဘူး။ ဒါပေမဲ့ ဆွစ်ဇာလန်ပဲ နိုင်ပွဲရလိမ့်မယ်။ (၂-၁)၊ (၃-၁)လောက်ဖြစ်မယ်။

ဆွီဒင် နှင့် ရိုမေးနီးယား (စနေည ၁၁း၃၀ နာရီ)

ဆွီဒင်က ကမ္ဘာ့ဖလားတုန်းက ခြေစွမ်းပြခဲ့သလို Nations League ပွဲစဉ်တွေကစားတဲ့အချိန်မှာလည်း ပုံစံကောင်းပြသနိုင်ခဲ့တယ်။ အီဘရာဟီမိုဗစ် အနားယူပြီးနောက်ပိုင်းမှာ စုဖွဲ့မှုအသားပေးတဲ့ပုံစံနဲ့ ခံစစ်ကို ဂရုတစိုက်ကစားလာတာတွေ့ရတယ်။ ယန်အန်ဒါဆန်ရဲ့အသင်းက အိမ်ကွင်းအဖွင့်ပွဲစဉ်မှာ အနိုင်(၃)မှတ်ယူနိုင်တယ်လို့ ယုံကြည်ရတဲ့အနေအထားဖြစ်ပြီး (၁-၀)လောက်နဲ့ ပွဲပြီးသွားနိုင်တယ်။

စပ်ိန် နှင့် နော်ဝေ (တနင်္ဂနွေနံနက် ၂း၁၅ နာရီ)

ဗလင်စီယာအသင်းရဲ့ကွင်းမှာကစားရမယ့် ဒီပွဲက နှစ်သင်းစလုံးအတွက် ခြေစစ်ပွဲအဖွင့်ပွဲစဉ်ဖြစ်တယ်။ စပိန်က အတွေ့အကြုံရင့် အသင်းတစ်သင်းဖြစ်သလို အင်္ဂလန်နဲ့ ခရိုအေးရှား နှစ်ပွဲဆက်ရလဒ်ဆိုးခဲ့တာကို ရပ်တန့်ဖို့အတွက် ခံစစ်ပိုင်းကိုလည်း ပြောင်းလဲမှုတွေလုပ်ထားမှာ သံသယဖြစ်ဖွယ်မရှိဘူး။ ဒီပွဲမှာ နိုင်ပွဲနဲ့အတူပြန်လာဖို့အတွက် ပစ်မှတ်ထားနေလိမ့်မယ်။ နော်ဝေက နောက်ဆုံး(၄)ပွဲမှာ (၃)ပွဲအနိုင်ရခဲ့ပေမယ့် စပိန်အသင်းရဲ့ကွင်းမှာတော့ သရေခံကစားဖို့တောင်ခက်ပါတယ်။ စပိန်အနိုင်ရမယ့်ပွဲဖြစ်ပြီး (၃-၁)လောက်ဖြစ်နိုင်တယ်။

အီတလီ နှင့် ဖင်လန် (တနင်္ဂနွေနံနက် ၂း၁၅ နာရီ)

အီတလီက အဓိကပြိုင်ပွဲကြီးတွေမှာ ဗိုလ်စွဲဖို့ရေပန်းစားတဲ့ အဆင့်မှာမရှိတော့ဘူး။ ဒါပေမဲ့ တောင့်တင်းတဲ့လူစာရင်းနဲ့ အသင်းကောင်းတစ်သင်းအဖြစ် ရှိနေဆဲပါ။ ၂၀၁၈ ကမ္ဘာ့ဖလားတုန်းက ခြေစစ်ပွဲတောင်မအောင်ခဲ့တဲ့အခြေအနေကနေ ပြန်လည်ရုန်းထွက်နိုင်ဖို့အတွက် ကြိုးစားလိမ့်မယ်။ ဖင်လန်က ပြိုင်ပွဲစုံနောက်ဆုံး(၄)ပွဲမှာ (၃)ပွဲရှုံးထားတဲ့အသင်းဖြစ်တယ်။ အီတလီ (၂-၀)လောက်နဲ့နိုင်မယ်။

ဘော့စနီးယား နှင့် အာမေးနီးယား (တနင်္ဂနွေနံနက် ၂း၁၅ နာရီ)

Nations League မှာ ပရိသတ်တွေကျေနပ်လောက်မယ့် ခြေစွမ်းမျိုးပြခဲ့အပြီး ဒီပွဲမှာလည်း အိမ်ရှင်ပရိသတ်တွေ ကျေနပ်စေဖို့ ဘော့စနီးယား ကစားလိမ့်မယ်။ ဘော့စနီးယားက Solid Defence ကို ပိုင်ဆိုင်ထားပြီး နောက်ဆုံး(၃)ပွဲဆက် ပေးဂိုးမရှိခဲ့ဘူး။ ဂျက်ကိုက အိမ်ရှင်အသင်းအတွက် စောင့်ကြည့်ရမယ့် ကစားသမားဖြစ်ပြီး ခံစစ်တိုင်းကို ဒုက္ခပေးနိုင်သူပါ။ ဒီပွဲမှာလည်း ဂျက်ကိုရဲ့ဂိုးတွေနဲ့အတူ ဘော့စနီးယား နိုင်ပွဲယူလိမ့်မယ်။

အခြားပွဲစဉ်များ

ဂျီဘရော်လ်တာ နှင့် အိုင်ယာလန် (စနေည ၁၁း၃၀ နာရီ)

မော်လ်တာ နှင့် ဖာရိုးကျွန်းစုများ (စနေည ၁၁း၃၀ နာရီ)

လက်ချင်စတိန်း နှင့် ဂရိ (တနင်္ဂနွေနံနက် ၂း၁၅ နာရီ)



 

Most Read

Most Recent